ပုိမိုထိေရာက္သည့္ကုသမႈမ်ား လုပ္ေဆာင္ႏုိင္ရန္ စိတ္က်န္းမာေရးမူဝါဒသစ္ေရးဆြဲမည္

ပုိမိုထိေရာက္သည့္ကုသမႈမ်ား လုပ္ေဆာင္ႏုိင္ရန္ စိတ္က်န္းမာေရးမူဝါဒသစ္ေရးဆြဲမည္
ဖေဖော်ဝါရီ 11, 2018
By 🌸
စိတ္က်န္းမာေရးဆိုင္ရာ ကုသမႈမ်ား ပိုမိုထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္အတြက္ ၂၀၁၈ ခုႏွစ္ မတ္လအတြင္း စိတ္က်န္းမာေရးႏွင့္ပတ္သက္သည့္ မူဝါဒသစ္ခ်မွတ္ႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း စိတ္က်န္းမာေရး ေဆးရံုႀကီး(ရန္ကုန္)အထူးကုဌာန တာဝန္ရိွသူထံမွ သိရသည္။

“စိတ္က်န္းမာေရးနဲ႔ပတ္သက္တဲ့မူဝါဒက လက္ရွိအသံုးျပဳေနတာက ၂၀၀၆ ခုႏွစ္က ေရးဆြဲထားတာကို သံုးေနတာ။ မူဝါဒကို အသစ္ျပန္ၿပီးေရးဆြဲဖို႔ရွိတယ္။ မတ္လထဲမွာလို႔ပဲ သိထားတယ္။ အတိအက်ေတာ့ မသိရ ေသးဘူး။ ဆြဲတဲ့အခါ တစ္ႏိုင္ငံလံုးမွာရွိတဲ့ စိတ္ေရာဂါကုဆရာဝန္ေတြပါမယ္။ ဝန္ႀကီးရံုးကပါမယ္။ ပထမအဆင့္ အၾကမ္းဖ်ဥ္း အဲဒါေတြလုပ္ၿပီးရင္ ေရွ႕ေနရံုးကသူေတြ၊ လူမႈအဖြဲ႔အစည္းေတြပါဝင္တဲ့ ေနာက္တစ္ဆင့္ကို လုပ္ဖို႔ ရွိတယ္” ဟု စိတ္က်န္းမာေရးေဆးရံု မွ စိတ္ေရာဂါအထူးကုဆရာဝန္ ေဒါက္တာသက္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုလက္ရွိအသံုးျပဳေနသည့္ စိတ္က်န္းမာေရးႏွင့္ပတ္သက္သည့္မူဝါဒသည္ ၁၉၉၅ ခုႏွစ္ကစတင္အသံုးျပဳ ခဲ့ျခင္းျဖစ္ၿပီး ၂၀၀၆ ခုႏွစ္တြင္ ျပန္လည္ျပင္ဆင္ထားေသာ္လည္း အဆိုပါမူဝါဒအား အေကာင္အထည္ေဖၚႏုိင္မႈ အားနည္းေနသျဖင့္ ပိုမိုထိေရာက္မႈရိွသည့္မူဝါဒေရးဆြဲရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္းသိရသည္။

၂၀၀၆ ခုႏွစ္၌ျပန္လည္ ေရးဆြဲခဲ့သည့္ စိတ္က်န္းမာေရးဆိုင္ရာမူဝါဒသစ္တြင္ စိတ္က်န္းမာေရးေဆးရံုႀကီး (ရန္ကုန္)အားျပန္လည္ျပင္ဆင္ရန္အခ်က္တစ္ခုသာတိုးလာခဲ့ၿပီး အျခားအခ်က္မ်ားမွာ ၁၉၉၅ ခုႏွစ္က မူဝါဒႏွင့္ ကြာျခားမႈ မရွိေၾကာင္း သိရသည္။

စိတ္က်န္းမာေရးေဆးရံုမ်ားမွာ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္သာရိွၿပီး စိတ္က်န္းမာေရး ကုသေပးသည့္ ဆရာဝန္ဦးေရ (၁၀၀)ခန္႔ရွိသည့္အနက္ ထက္ဝက္ခန္႔မွာ ရန္ုကုန္ၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္ေနၿပီး ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ရခိုင္ ျပည္နယ္မ်ားတြင္ စိတ္က်န္းမာေရးဆရာဝန္ (၁)ဦးစီႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ႏွင့္ ေျမာက္ပိုင္း တြင္ (၂)ဦး စီသာရွိေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ပိုမိုထိရောက်သည့်ကုသမှုများ လုပ်ဆောင်နိုင်ရန် စိတ်ကျန်းမာရေးမူဝါဒသစ်ရေးဆွဲမည်
***************
စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် မတ်လအတွင်း စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် မူဝါဒသစ်ချမှတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)အထူးကုဌာန တာဝန်ရှိသူထံမှ သိရသည်။

“စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့မူဝါဒက လက်ရှိအသုံးပြုနေတာက ၂၀၀၆ ခုနှစ်က ရေးဆွဲထားတာကို သုံးနေတာ။ မူဝါဒကို အသစ်ပြန်ပြီးရေးဆွဲဖို့ရှိတယ်။ မတ်လထဲမှာလို့ပဲ သိထားတယ်။ အတိအကျတော့ မသိရ သေးဘူး။ ဆွဲတဲ့အခါ တစ်နိုင်ငံလုံးမှာရှိတဲ့ စိတ်ရောဂါကုဆရာဝန်တွေပါမယ်။ ဝန်ကြီးရုံးကပါမယ်။ ပထမအဆင့် အကြမ်းဖျဉ်း အဲဒါတွေလုပ်ပြီးရင် ရှေ့နေရုံးကသူတွေ၊ လူမှုအဖွဲ့အစည်းတွေပါဝင်တဲ့ နောက်တစ်ဆင့်ကို လုပ်ဖို့ ရှိတယ်” ဟု စိတ်ကျန်းမာရေးဆေးရုံ မှ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာသက်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလက်ရှိအသုံးပြုနေသည့် စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့်မူဝါဒသည် ၁၉၉၅ ခုနှစ်ကစတင်အသုံးပြု ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ထားသော်လည်း အဆိုပါမူဝါဒအား အကောင်အထည်ဖေါ်နိုင်မှု အားနည်းနေသဖြင့် ပိုမိုထိရောက်မှုရှိသည့်မူဝါဒရေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။

၂၀၀၆ ခုနှစ်၌ပြန်လည် ရေးဆွဲခဲ့သည့် စိတ်ကျန်းမာရေးဆိုင်ရာမူဝါဒသစ်တွင် စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)အားပြန်လည်ပြင်ဆင်ရန်အချက်တစ်ခုသာတိုးလာခဲ့ပြီး အခြားအချက်များမှာ ၁၉၉၅ ခုနှစ်က မူဝါဒနှင့် ကွာခြားမှု မရှိကြောင်း သိရသည်။

စိတ်ကျန်းမာရေးဆေးရုံများမှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်သာရှိပြီး စိတ်ကျန်းမာရေး ကုသပေးသည့် ဆရာဝန်ဦးရေ (၁၀၀)ခန့်ရှိသည့်အနက် ထက်ဝက်ခန့်မှာ ရန်ုကုန်မြို့တွင် တာဝန်ထမ်းဆောင်နေပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်များတွင် စိတ်ကျန်းမာရေးဆရာဝန် (၁)ဦးစီနှင့် ရှမ်းပြည်နယ် တောင်ပိုင်း နှင့် မြောက်ပိုင်း တွင် (၂)ဦး စီသာရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~