ေနာက္ေက်ာတြင္ လွ်ာအပိုတစ္ေခ်ာင္းပါလာသည္႔ ႏြားကေလးအား လာေရာက္ေလ့လာသူမ်ားျပား

ေနာက္ေက်ာတြင္ လွ်ာအပိုတစ္ေခ်ာင္းပါလာသည္႔ ႏြားကေလးအား လာေရာက္ေလ့လာသူမ်ားျပား
ဖေဖော်ဝါရီ 10, 2018
By 🌸
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္ ႐ွားေဇာင္းကန္ရြာ၌ ေက်ာကုန္းတြင္ လွ်ာႏွင္႔သ႑ာန္တူသည္႔ အသားပိုပါလာေသာ ႏြားထီးေလးတစ္ေကာင္ကို ေဖေဖာ္ဝါရီ(၉)ရက္ေန႔က ေမြးဖြားရာ အနီးဝန္းက်င္မွ လာေရာက္ေလ့လာသူမ်ားေနေၾကာင္း သိရသည္။

"ႏြားမဒန္းက ေမြးဖြားတဲ႔ ပထမဦးဆံုး သားဦးႏြားေလးပါ။ နတ္လွ်ာလို႔ အေခၚရိွၾကတယ္။ ၾကာရင္ သူ႔အလိုလို ျပဳတ္က်သြားမွာလို႔ သိရတယ္။ အဲဒီလို နတ္လွ်ာပါလာရင္ ႏြားရွင္ေတြစီးပြားတိုးတက္မယ္လို႔ ေရွး အယူရိွတာေၾကာင္႔ ႏြားရွင္မိသားစု ေပ်ာ္ေနၾကတယ္"ဟု ႏြားရွင္မိသားစု၏မိတ္ေဆြ ဦးၾကည္စိန္က ေျပာသည္။

ေနာက္ေက်ာတြင္ လွ်ာအပိုပါလာေသာႏြားကေလးေမြးေၾကာင္း သတင္းအရ လာေရာက္ၾကည္႔ရႈသူမ်ားျပားေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
နောက်ကျောတွင် လျှာအပိုတစ်ချောင်းပါလာသည့် နွားကလေးအား လာရောက်လေ့လာသူများပြား
****************
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ရှားဇောင်းကန်ရွာ၌ ကျောကုန်းတွင် လျှာနှင့်သဏ္ဍာန်တူသည့် အသားပိုပါလာသော နွားထီးလေးတစ်ကောင်ကို ဖေဖော်ဝါရီ(၉)ရက်နေ့က မွေးဖွားရာ အနီးဝန်းကျင်မှ လာရောက်လေ့လာသူများနေကြောင်း သိရသည်။

"နွားမဒန်းက မွေးဖွားတဲ့ ပထမဦးဆုံး သားဦးနွားလေးပါ။ နတ်လျှာလို့ အခေါ်ရှိကြတယ်။ ကြာရင် သူ့အလိုလို ပြုတ်ကျသွားမှာလို့ သိရတယ်။ အဲဒီလို နတ်လျှာပါလာရင် နွားရှင်တွေစီးပွားတိုးတက်မယ်လို့ ရှေး အယူရှိတာကြောင့် နွားရှင်မိသားစု ပျော်နေကြတယ်"ဟု နွားရှင်မိသားစု၏မိတ်ဆွေ ဦးကြည်စိန်က ပြောသည်။

နောက်ကျောတွင် လျှာအပိုပါလာသောနွားကလေးမွေးကြောင်း သတင်းအရ လာရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~