ဆႏၵထုတ္ေဖၚ၍ ေက်ာင္းထုတ္ခံရသည့္ တကၠသိုလ္ ၉ ခုမွေက်ာင္းသားမ်ား ခံဝန္လက္မွတ္ထုိးရန္မလိုဘဲ ေက်ာင္းျပန္တက္ခြင့္ရ

ဆႏၵထုတ္ေဖၚ၍ ေက်ာင္းထုတ္ခံရသည့္ တကၠသိုလ္ ၉ ခုမွေက်ာင္းသားမ်ား ခံဝန္လက္မွတ္ထုိးရန္မလိုဘဲ ေက်ာင္းျပန္တက္ခြင့္ရ
ဖေဖော်ဝါရီ 8, 2018
By 🌸
ပညာေရးအသံုးစရိတ္တိုးျမႇင့္ေရးအတြက္ ဆႏၵထုတ္ေဖၚခဲ့ၾကသည့္အတြက္ တကၠသိုလ္(၉)ခုမွ ေက်ာင္းထုတ္ ခံခဲ႔ရေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔က ေမတၱာရပ္ခံ တင္ျပေပးမႈေၾကာင့္  ေဖေဖာ္ဝါရီ(၈)ရက္ေန႔တြင္ ခံဝန္လက္မွတ္မလိုဘဲ ေက်ာင္းျပန္တက္ခြင့္ရၿပီျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ရံုး၌ ေဖေဖာ္ဝါရီ(၈)ရက္ေန႔တြင္ျပဳလုပ္သည္႔ ေတြ႔ဆံုညိွႏိွဳင္းမႈအၿပီးတြင္ ေက်ာင္းသားမ်ားအေနျဖင့္ ခံဝန္လက္မွတ္မထိုးရေတာ႔ဘဲ ေက်ာင္းျပန္တက္ခြင္႔ရမည့္အျပင္ လက္မွတ္ေရးထိုးခဲ႔ၿပီးေသာ စာမ်ားကိုလည္း ပယ္ဖ်က္၍ ေက်ာင္းသားမ်ားထံ ျပန္လည္ေပးအပ္သြားရန္၊ လာမည္႔ပညာသင္ႏွစ္ တကၠသိုလ္ဝင္ခြင္႔လမ္းညႊန္တြင္ ထည္႔သြင္း ရန္သင္႔သည္မ်ားႏွင္႔ ပယ္ဖ်က္ရန္သင္႔သည္ မ်ားကို ျပင္ဆင္ျဖည္႔စြက္မႈျပဳလုပ္ႏိုင္ရန္အတြက္ ယခုေဆြးေႏြးသည့္ညိွႏိွဳင္းေကာ္မတီအား ဖိတ္ေခၚ အၾကံျပဳေစရန္တို႔ကို အဆင္႔ျမင္႔ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္က ကတိျပဳေျပာၾကားလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"အက်င္႔စာရိတၱေဖာက္ဖ်က္ေၾကာင္း ဝန္ခံလက္မွတ္ေရးထိုးေစတာဟာ ကၽြန္ေတာ္တို႔အေပၚ မတရားတဲ႔ လုပ္ေဆာင္ခ်က္ပဲျဖစ္ပါတယ္။ ဒါကို မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ၾကားဝင္ၿပီး ပညာေရးဝန္ႀကီးနဲ႔တကြ သက္ဆိုင္ရာေတြဆီကို ေမတၱာရပ္ခံတင္ျပေပးမယ္ဆိုတာေၾကာင္႔ ဘာခံဝန္လက္မွတ္မွ မထိုးရေတာ႔ဘဲ ေက်ာင္းသားေတြ ဂုဏ္သိကၡာရိွရိွနဲ႔ ေက်ာင္းျပန္တက္ခြင္႔ရေတာ႔မွာပါ။ ဒီအတြက္ ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖဲြ႔ကို အရမ္းေက်းဇူးတင္ပါတယ္" ဟု ပခုကၠဴတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဒုတိယဥကၠဌ ကိုေအာင္ခိုင္မင္္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပခုကၠဴတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢရံုးတြင္ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၇)ရက္ေန႔က ျပဳလုပ္ခဲ႔သည္႔ ႏိုင္ငံ အဝန္းရိွ ေက်ာင္းသားသမဂၢမ်ား အေရးေပၚမ်က္ႏွာစံုညီအစည္းအေဝးဆံုးျဖတ္ခ်က္အရ ညိွႏိွဳင္းေရး ေကာ္မတီဝင္ ေက်ာင္းသား(၉)ဦးအဖြဲ႕က ေဖေဖာ္ဝါရီ(၈)ရက္ေန႔ မြန္းလဲြပိုင္းတြင္ မေကြးတိုင္း ေဒ သႀကီးအစိုးရအဖဲြ႔၊ အဆင္႔ျမင္႔ပညာဦးစီးဌာနမွ တာဝန္ရိွသူမ်ားႏွင္႔ ေတြ႔ဆံု၍ ေတာင္းဆိုခ်က္(၅)ခုကို တင္ျပေတာင္းဆိုခဲ႔ၾကၿပီးေနာက္ ယင္းကဲ့သို႔ ညိႇႏိႈင္းမႈရလဒ္ထြက္ေပၚလာျခင္းျဖစ္သည္။

မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ရံုးတြင္က်င္းပသည့္ ေတြ႔ဆံုညိွႏိွဳင္းပဲြသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ လံုၿခံဳေရးႏွင္႔နယ္စပ္ေရးရာဝန္ႀကီး၊ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊ လွ်ပ္စစ္ႏွင္႔ စြမ္းအင္ဝန္ႀကီး၊ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးျမတ္မင္းေဆြႏွင္႔ ဦးျပဴးလြင္၊ အဆင္႔ျမင္႔ ပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္း၊ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းႏွင္႔ ေဒါက္တာေအာင္ခင္ျမင္႔တို႔ တက္ေရာက္ၾကၿပီး ေက်ာင္းသားသမဂၢမ်ားဘက္မွ ရတနာပံုတကၠသိုလ္မွ (၂) ဦး၊ မိတၳီလာစီးပြားေရး တကၠသိုလ္မွ (၂) ဦး၊ ပခုကၠဴဝိဇၨာ/ သိပၸံ တကၠသိုလ္မွ (၄) ဦး၊ ရမည္းသင္းနည္းပညာတကၠသိုလ္မွ (၁)ဦး စုစုေပါင္း(၉)ဦးတို႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

ပညာေရးအသံုးစရိတ္တိုးျမွင္႔ေပးေရးအတြက္ ရတနာပံုတကၠသိုလ္ဝန္းအတြင္း ဆႏၵထုတ္ေဖၚခဲ့သျဖင့္ မႏၱေလး၊ မိတၳီလာ၊ ရမည္းသင္း၊ ကန္႔ဘလူႏွင့္ စစ္ကိုင္းတကၠသိုလ္အသီးသီးမွ ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း (၅၆)ဦးတို႔အား တကၠသိုလ္အသီးသီးက သင္တန္းမွရပ္စဲလုိက္ၿပီးေနာက္ ေက်ာင္းသားမ်ားအေနျဖင့္ အက်င္႔စာရိတၱပ်က္ျပားမႈဆိုင္ရာျပစ္မႈမ်ား အမွတ္စဥ္(၆)အား က်ဴးလြန္ခဲ႔ေၾကာင္း ခံဝန္လက္မွတ္ေရးထိုးေစၿပီးမွ ေက်ာင္းျပန္တက္ခြင္႔ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ညိွႏိွဳင္းေရး ေကာ္မတီဝင္ ေက်ာင္းသား(၉)ဦးအဖြဲ႕က ေက်ာင္းထုတ္ခံရသည္႔ကိစၥႏွင္႔ပတ္သက္၍ အမိန္႔စာ ထုတ္ထားသည္မ်ားအား ပယ္ဖ်က္ေပးေရးႏွင္႔ အမိန္႔စာတြင္ပါသည္႔ျပစ္ခ်က္မ်ားကို ေက်ာင္းထုတ္ခံထားရေသာ ေက်ာင္းသားမ်ား တကယ္မက်ဴးလြန္ခဲ႔ေၾကာင္း ဝန္ႀကီးဌာနက ျပန္လည္ေျဖရွင္းေပးရန္၊ မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖဲြ႔က ေက်ာင္းသားမ်ားကို အုပ္စုခဲြရာတြင္ ျပဳမူခဲ႔သည္႔အျပဳအမူမ်ားႏွင္႔ပတ္သက္၍ ျပန္လည္ေျဖရွင္းေပးရန္၊ သမဂၢရပ္တည္ခြင္႔ႏွင္႔ပတ္သက္ၿပီး အစိုးရမွ တာဝန္ယူေပးရန္ႏွင္႔ အခါအားေလ်ာ္စြာ ခ်မွတ္သည္႔ ေက်ာင္းစည္းကမ္းမ်ားကို ေက်ာင္းသားသမဂၢမ်ား၏ သေဘာထားဆႏၵ ေကာက္ယူေဆြးေႏြးရယူရန္၊ ေက်ာင္းထုတ္သည္႔စာႏွင္႔ ပတ္သက္၍ မည္သည္႔ဌာန၊ အဖဲြ႔အစည္းမွ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ျပန္ၾကားေပးရန္ႏွင္႔ ယင္းစာအေပၚတာဝန္ယူမႈတာဝန္ခံမႈရိွရန္၊ တကၠသိုလ္ဝင္ခြင္႔ လမ္းညႊန္တြင္ပါရိွေသာ ပုဒ္မမ်ားမွ မလိုအပ္သည္႔၊ မတရားသည္႔ဥပေဒမ်ားကို ပယ္ဖ်က္ေပးရန္ ေတာင္းဆိုခဲ႔ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းသားမ်ားအား ေက်ာင္းျပန္တက္ခြင္႔ျပဳရာတြင္ ခံဝန္လက္မွတ္ေရးထုိးေစသည့္ အက်င္႔စာရိတၱ ပ်က္ျပားမႈဆိုင္ရာျပစ္မႈမ်ား အမွတ္စဥ္(၆)မွာ ဆရာ၊ဆရာမမ်ား၏ ဆိုဆံုးမမႈအား နာခံမႈမရိွသည္႔ ျပစ္မႈသာျဖစ္ေသာ္လည္း အက်င္႔စာရိတၱပ်က္ျပားမႈဆိုင္ရာျပစ္မႈမ်ားေခါင္းစဥ္ျဖင္႔ ခံဝန္လက္မွတ္ ေရးထိုးေစသျဖင့္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔က ၾကားဝင္ေမတၱာရပ္ခံေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ဆန္ဒထုတ်ဖေါ်၍ ကျောင်းထုတ်ခံရသည့် တက္ကသိုလ် ၉ ခုမှကျောင်းသားများ ခံဝန်လက်မှတ်ထိုးရန်မလိုဘဲ ကျောင်းပြန်တက်ခွင့်ရ
**************
ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့်အတွက် တက္ကသိုလ်(၉)ခုမှ ကျောင်းထုတ် ခံခဲ့ရသော ကျောင်းသား၊ ကျောင်းသူများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မေတ္တာရပ်ခံ တင်ပြပေးမှုကြောင့်  ဖေဖော်ဝါရီ(၈)ရက်နေ့တွင် ခံဝန်လက်မှတ်မလိုဘဲ ကျောင်းပြန်တက်ခွင့်ရပြီဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဖေဖော်ဝါရီ(၈)ရက်နေ့တွင်ပြုလုပ်သည့် တွေ့ဆုံညှိနှိုင်းမှုအပြီးတွင် ကျောင်းသားများအနေဖြင့် ခံဝန်လက်မှတ်မထိုးရတော့ဘဲ ကျောင်းပြန်တက်ခွင့်ရမည့်အပြင် လက်မှတ်ရေးထိုးခဲ့ပြီးသော စာများကိုလည်း ပယ်ဖျက်၍ ကျောင်းသားများထံ ပြန်လည်ပေးအပ်သွားရန်၊ လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်း ရန်သင့်သည်များနှင့် ပယ်ဖျက်ရန်သင့်သည် များကို ပြင်ဆင်ဖြည့်စွက်မှုပြုလုပ်နိုင်ရန်အတွက် ယခုဆွေးနွေးသည့်ညှိနှိုင်းကော်မတီအား ဖိတ်ခေါ် အကြံပြုစေရန်တို့ကို အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကတိပြုပြောကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"အကျင့်စာရိတ္တဖောက်ဖျက်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးစေတာဟာ ကျွန်တော်တို့အပေါ် မတရားတဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ ဒါကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကြားဝင်ပြီး ပညာရေးဝန်ကြီးနဲ့တကွ သက်ဆိုင်ရာတွေဆီကို မေတ္တာရပ်ခံတင်ပြပေးမယ်ဆိုတာကြောင့် ဘာခံဝန်လက်မှတ်မှ မထိုးရတော့ဘဲ ကျောင်းသားတွေ ဂုဏ်သိက္ခာရှိရှိနဲ့ ကျောင်းပြန်တက်ခွင့်ရတော့မှာပါ။ ဒီအတွက် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို အရမ်းကျေးဇူးတင်ပါတယ်" ဟု ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌ ကိုအောင်ခိုင်မင််းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂရုံးတွင် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့က ပြုလုပ်ခဲ့သည့် နိုင်ငံ အဝန်းရှိ ကျောင်းသားသမဂ္ဂများ အရေးပေါ်မျက်နှာစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ညှိနှိုင်းရေး ကော်မတီဝင် ကျောင်းသား(၉)ဦးအဖွဲ့က ဖေဖော်ဝါရီ(၈)ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေ သကြီးအစိုးရအဖွဲ့၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တောင်းဆိုချက်(၅)ခုကို တင်ပြတောင်းဆိုခဲ့ကြပြီးနောက် ယင်းကဲ့သို့ ညှိနှိုင်းမှုရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် တွေ့ဆုံညှိနှိုင်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ အမျိုးသားလွှတ်တော်အမတ် ဦးမြတ်မင်းဆွေနှင့် ဦးပြူးလွင်၊ အဆင့်မြင့် ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းနှင့် ဒေါက်တာအောင်ခင်မြင့်တို့ တက်ရောက်ကြပြီး ကျောင်းသားသမဂ္ဂများဘက်မှ ရတနာပုံတက္ကသိုလ်မှ (၂) ဦး၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ (၂) ဦး၊ ပခုက္ကူဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်မှ (၄) ဦး၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ (၁)ဦး စုစုပေါင်း(၉)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးအတွက် ရတနာပုံတက္ကသိုလ်ဝန်းအတွင်း ဆန္ဒထုတ်ဖေါ်ခဲ့သဖြင့် မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူနှင့် စစ်ကိုင်းတက္ကသိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၆)ဦးတို့အား တက္ကသိုလ်အသီးသီးက သင်တန်းမှရပ်စဲလိုက်ပြီးနောက် ကျောင်းသားများအနေဖြင့် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုများ အမှတ်စဉ်(၆)အား ကျူးလွန်ခဲ့ကြောင်း ခံဝန်လက်မှတ်ရေးထိုးစေပြီးမှ ကျောင်းပြန်တက်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ညှိနှိုင်းရေး ကော်မတီဝင် ကျောင်းသား(၉)ဦးအဖွဲ့က ကျောင်းထုတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ အမိန့်စာ ထုတ်ထားသည်များအား ပယ်ဖျက်ပေးရေးနှင့် အမိန့်စာတွင်ပါသည့်ပြစ်ချက်များကို ကျောင်းထုတ်ခံထားရသော ကျောင်းသားများ တကယ်မကျူးလွန်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းပေးရန်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းသားများကို အုပ်စုခွဲရာတွင် ပြုမူခဲ့သည့်အပြုအမူများနှင့်ပတ်သက်၍ ပြန်လည်ဖြေရှင်းပေးရန်၊ သမဂ္ဂရပ်တည်ခွင့်နှင့်ပတ်သက်ပြီး အစိုးရမှ တာဝန်ယူပေးရန်နှင့် အခါအားလျော်စွာ ချမှတ်သည့် ကျောင်းစည်းကမ်းများကို ကျောင်းသားသမဂ္ဂများ၏ သဘောထားဆန္ဒ ကောက်ယူဆွေးနွေးရယူရန်၊ ကျောင်းထုတ်သည့်စာနှင့် ပတ်သက်၍ မည်သည့်ဌာန၊ အဖွဲ့အစည်းမှ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြန်ကြားပေးရန်နှင့် ယင်းစာအပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိရန်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင်ပါရှိသော ပုဒ်မများမှ မလိုအပ်သည့်၊ မတရားသည့်ဥပဒေများကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားများအား ကျောင်းပြန်တက်ခွင့်ပြုရာတွင် ခံဝန်လက်မှတ်ရေးထိုးစေသည့် အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာပြစ်မှုများ အမှတ်စဉ်(၆)မှာ ဆရာ၊ဆရာမများ၏ ဆိုဆုံးမမှုအား နာခံမှုမရှိသည့် ပြစ်မှုသာဖြစ်သော်လည်း အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုများခေါင်းစဉ်ဖြင့် ခံဝန်လက်မှတ် ရေးထိုးစေသဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြားဝင်မေတ္တာရပ်ခံပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~