ေဆးဝါးေဘးကင္းလံုၿခံဳေရးဆိုင္ရာ သုေတသနစစ္တမ္းအတြက္ မေကြးႏွင့္ မင္းဘူးမွ လုပ္ငန္းရွင္မ်ားျဖင့္ေတြ႕ဆံု

ေဆးဝါးေဘးကင္းလံုၿခံဳေရးဆိုင္ရာ သုေတသနစစ္တမ္းအတြက္ မေကြးႏွင့္ မင္းဘူးမွ လုပ္ငန္းရွင္မ်ားျဖင့္ေတြ႕ဆံု
ဖေဖော်ဝါရီ 19, 2018
By 🌸
မေကြးတိုင္းေဒသႀကီး အစားအေသာက္ႏွင္႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ႏွင္႔ ေဆးသုေတသနဦးစီးဌာန (DMR) တို႔ ပူးေပါင္း၍  ေဆးဝါးေဘးကင္းလံုၿခံဳေရးဆုိိင္ရာ သုေတသနအတြက္ ေဖေဖာ္ဝါရီ (၁၈)ရက္ေန႔တြင္ မေကြး၊ မင္းဘူးၿမိဳ႕တို႔မွ ေဆးရံုႏွင္႔ ေဆးဆိုင္ လုပ္ငန္းရွင္ (၃၀) ျဖင့္ ေတြ႔ဆံုေၾကာင္း သိရသည္။

"ေဆးဝါးေဘးကင္းလံုၿခံဳေရးမွာ ဌာနေတြနဲ႔တင္ မလံုေလာက္တဲ႔အတြက္ အဓိက ေရာင္းခ်ေနတဲ႔သူေတြရဲ႕ အသိပညာနဲ႔ သူတို႔ရဲ႕ အျမင္ေတြ ဘာေတြရိွမလဲ။ ကၽြန္ေတာ္တို႔ဘက္က ျပင္ဆင္၊လုပ္ေဆာင္ေပးစရာ ဘာေတြရိွမလဲ သိႏိုင္ေအာင္ အခုလိုေတြ႔ဆံုၿပီး သုေတသနလုပ္တာပါ" ဟု မေကြးတိုင္းေဒသႀကီး အစားအေသာက္ ႏွင္႔ ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရး ေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာျပည္႔ထူး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သုေတသနအတြက္ လုပ္ငန္းရွင္မ်ားထံမွ အခ်က္အလက္ရယူရာတြင္ အမည္ေဖၚျပရန္မလိုသည့္ ကုဒ္စနစ္ျဖင့္ ေကာက္ယူျခင္းျဖစ္ၿပီး  ေနျပည္ေတာ္ရံုးခ်ဳပ္ရိွ ေဆးသုေတသနဦးစီးဌာနက သံုးသပ္အေျဖထုတ္ရရိွမႈအေပၚမူတည္၍ လုပ္ငန္းစီမံခ်က္ေရး ဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္က ဌာနမွ ခ်မွတ္ထားသည္႔မူျဖင့္သာ စစ္ေဆး၊အေရးယူ၊ ပညာေပးျခင္းမ်ား လုပ္ေဆာင္ေနခဲ့ရာမွ လက္ေတြ႔ေရာင္းခ်ေနသူမ်ားျဖစ္သည့္ လုပ္ငန္းရွင္မ်ားထံမွ စစ္တမ္းေကာက္ယူျခင္းကို စတင္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဘက္ကလည္း အျမတ္အစြန္းအတြက္ကိုပဲ ဦးစားေပးတာမ်ိဳးမလုပ္ဘဲ ႏိုင္ငံသားတိုင္း အသက္ရွည္ရွည္ေနထိုင္ႏိုင္ဖို႔ အတြက္ပါ ထည္႔တြက္ေရာင္းခ်ေပးဖို႔လိုတယ္ဆိုတဲ႔ အသိပညာေတြ ရရိွၿပီး ကၽြန္ေတာ္တို႔ဘက္က ျဖစ္ေစခ်င္တာေလးေတြကို အသိေပးခြင္႔ရတဲ႔အတြက္ အလြန္ကိုပဲ အက်ိဳးေက်းဇူး ရိွပါတယ္"ဟု သုေတသနျပဳေတြ႔ဆံုပဲြသို႔ တက္ေရာက္လာသူ ေဆးဆိုင္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ေဆးသုေတသနဦးစီးဌာနက အဆိုပါ သုေတသနစစ္တမ္းအား တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး မင္းဘူးႏွင့္ မေကြးမွ ေဆးရံု၊ေဆးဆိုင္လုပ္ငန္းရွင္မ်ားျဖင့္ ေတြ႔ဆံုရာတြင္ လုပ္ငန္းရွင္ (၃၀)ဦးတက္ေရာက္သည့္အနက္ (၂၅)ဦးက စစ္တမ္းတြင္ အခ်က္အလက္ျဖည့္သြင္းေပးခဲ့ၾကေၾကာင္းသိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ဆေးဝါးဘေးကင်းလုံခြုံရေးဆိုင်ရာ သုတေသနစစ်တမ်းအတွက် မကွေးနှင့် မင်းဘူးမှ လုပ်ငန်းရှင်များဖြင့်တွေ့ဆုံ
*************
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့ ပူးပေါင်း၍  ဆေးဝါးဘေးကင်းလုံခြံုရေးဆိုိင်ရာ သုတေသနအတွက် ဖေဖော်ဝါရီ (၁၈)ရက်နေ့တွင် မကွေး၊ မင်းဘူးမြို့တို့မှ ဆေးရုံနှင့် ဆေးဆိုင် လုပ်ငန်းရှင် (၃၀) ဖြင့် တွေ့ဆုံကြောင်း သိရသည်။

"ဆေးဝါးဘေးကင်းလုံခြံုရေးမှာ ဌာနတွေနဲ့တင် မလုံလောက်တဲ့အတွက် အဓိက ရောင်းချနေတဲ့သူတွေရဲ့ အသိပညာနဲ့ သူတို့ရဲ့ အမြင်တွေ ဘာတွေရှိမလဲ။ ကျွန်တော်တို့ဘက်က ပြင်ဆင်၊လုပ်ဆောင်ပေးစရာ ဘာတွေရှိမလဲ သိနိုင်အောင် အခုလိုတွေ့ဆုံပြီး သုတေသနလုပ်တာပါ" ဟု မကွေးတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာပြည့်ထူး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သုတေသနအတွက် လုပ်ငန်းရှင်များထံမှ အချက်အလက်ရယူရာတွင် အမည်ဖေါ်ပြရန်မလိုသည့် ကုဒ်စနစ်ဖြင့် ကောက်ယူခြင်းဖြစ်ပြီး  နေပြည်တော်ရုံးချုပ်ရှိ ဆေးသုတေသနဦးစီးဌာနက သုံးသပ်အဖြေထုတ်ရရှိမှုအပေါ်မူတည်၍ လုပ်ငန်းစီမံချက်ရေး ဆွဲမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဌာနမှ ချမှတ်ထားသည့်မူဖြင့်သာ စစ်ဆေး၊အရေးယူ၊ ပညာပေးခြင်းများ လုပ်ဆောင်နေခဲ့ရာမှ လက်တွေ့ရောင်းချနေသူများဖြစ်သည့် လုပ်ငန်းရှင်များထံမှ စစ်တမ်းကောက်ယူခြင်းကို စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဘက်ကလည်း အမြတ်အစွန်းအတွက်ကိုပဲ ဦးစားပေးတာမျိုးမလုပ်ဘဲ နိုင်ငံသားတိုင်း အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အတွက်ပါ ထည့်တွက်ရောင်းချပေးဖို့လိုတယ်ဆိုတဲ့ အသိပညာတွေ ရရှိပြီး ကျွန်တော်တို့ဘက်က ဖြစ်စေချင်တာလေးတွေကို အသိပေးခွင့်ရတဲ့အတွက် အလွန်ကိုပဲ အကျိုးကျေးဇူး ရှိပါတယ်"ဟု သုတေသနပြုတွေ့ဆုံပွဲသို့ တက်ရောက်လာသူ ဆေးဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆေးသုတေသနဦးစီးဌာနက အဆိုပါ သုတေသနစစ်တမ်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မင်းဘူးနှင့် မကွေးမှ ဆေးရုံ၊ဆေးဆိုင်လုပ်ငန်းရှင်များဖြင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင် (၃၀)ဦးတက်ရောက်သည့်အနက် (၂၅)ဦးက စစ်တမ်းတွင် အချက်အလက်ဖြည့်သွင်းပေးခဲ့ကြကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~