တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို သက္ဆုိင္ရာေက်ာင္းအသီးသီးႏွင့္ စာစစ္ဌာနမ်ားတြင္ ေဖေဖၚဝါရီလ ၁၉ ရက္မွ စတင္ထုတ္ယူႏုိင္

တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို သက္ဆုိင္ရာေက်ာင္းအသီးသီးႏွင့္ စာစစ္ဌာနမ်ားတြင္ ေဖေဖၚဝါရီလ ၁၉ ရက္မွ စတင္ထုတ္ယူႏုိင္
ဖေဖော်ဝါရီ 7, 2018
By 🌸
တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူမ်ား စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို သက္ဆုိင္ရာေက်ာင္းမ်ား၏ ေက်ာင္းအုပ္ႀကီးမ်ားထံတြင္ ေဖေဖၚဝါရီလ (၁၉)ရက္ေန႔မွစ၍ ထုတ္ယူႏုိင္ၿပီျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ စာစစ္ဦးစီးဌာနက ေဖေဖၚဝါရီလ (၇)ရက္ေန႔တြင္ ေၾကညာထားသည္။

ေက်ာင္းသား၊ေက်ာင္းသူမ်ားအေနျဖင့္ မိမိတို႔ဓါတ္ပံုကပ္ထားၿပီး ခံုအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို သက္ဆုိင္ရာ အေျခခံပညာအထက္တန္းေက်ာင္း၊ ေက်ာင္းခြဲႏွင့္ (တြဲဖက္) အေျခခံပညာအထက္တန္းေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ား၏ ေက်ာင္းအုပ္ႀကီးမ်ားထံတြင္ ထုတ္ယူၾကရမည္ျဖစ္ၿပီး ျပင္ပမွ ေျဖဆိုမည့္သူမ်ားအေနျဖင့္ ေျဖဆိုမည့္ စာစစ္ဌာန၏ ႀကီးၾကပ္ေရးမွဴးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ား ထုတ္ယူရာတြင္ အခက္အခဲရိွပါက သက္ဆုိင္ရာ ေက်ာင္းအုပ္ႀကီး၊ စာစစ္ဌာနႀကီးၾကပ္ေရးမွဴးမ်ား၊ ၿမိဳ႕နယ္ ပညာေရးမွဴးမ်ားႏွင့္ ျမန္မာႏုိင္ငံ စာစစ္ဦးစီးဌာနမ်ားထံတြင္ တုိက္ရိုက္စံုစမ္းေမးျမန္းနိုင္ေၾကာင္း သိရသည္။

တကၠသိုလ္ဝင္စာေမးပြဲကို ၂၀၁၈ ခုႏွစ္ မတ္လ (၇)ရက္ေန႔မွ (၁၆)ရက္ေန႔အထိ က်င္းပမည္ျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာကျောင်းအသီးသီးနှင့် စာစစ်ဌာနများတွင် ဖေဖေါ်ဝါရီလ ၁၉ ရက်မှ စတင်ထုတ်ယူနိုင်
***************
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာကျောင်းများ၏ ကျောင်းအုပ်ကြီးများထံတွင် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့မှစ၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ကြေညာထားသည်။

ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ဓါတ်ပုံကပ်ထားပြီး ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲနှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူကြရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုမည့်သူများအနေဖြင့် ဖြေဆိုမည့် စာစစ်ဌာန၏ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း ကြေညာထားသည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနများထံတွင် တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ (၇)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~