မူဆယ္တြင္ လက္လုပ္ အသံမိုင္း(၁)လံုးေပါက္ကြဲ၍ ေစာင့္ၾကည့္ စစ္ေဆးမႈမ်ား ျပဳလုပ္ေန

မူဆယ္တြင္ လက္လုပ္ အသံမိုင္း(၁)လံုးေပါက္ကြဲ၍ ေစာင့္ၾကည့္ စစ္ေဆးမႈမ်ား ျပဳလုပ္ေန
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္ (၁၀၅)မိုင္ ကုန္သြယ္ေရးဇံုအနီး၊ မိုင္းယုေက်းရြာရွိ ကေမာၻဇ သိဂႌသီလရွင္ ေက်ာင္းတိုက္အနီး  ေဖေဖာ္၀ါရီလ(၂၅)ရက္ေန႔ ည(၁၀)နာရီေက်ာ္က လက္လုပ္ အသံမိုင္း (၁)လံုး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"လွ်ပ္စစ္နဲ႔ ေရွာ့တိုက္ခြဲတ့ဲ မိုင္းလို႔ ယူဆရတယ္၊ တစ္လံုးပဲ ကြဲတာပါ အေဆာက္အဦးအေသးေလးေတြ တစ္ခ်ိဳ႕နည္းနည္း ထိခိုက္တယ္၊ က်န္တာေတာ့ မရွိပါဘူး"ဟု မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေက်ာ္ဇင္က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားသည့္ ေနရာတြင္ လွ်ပ္စစ္စနက္တံႀကိဳး ႏွစ္ေခ်ာင္းႏွင့္ AAA ဆိုဒ္ ရီမုဓါတ္ခဲ အေသး(၄)လံုးေတြ႕ရွိခ့ဲၿပီး သြပ္စမ်ားျဖင့္ပတ္ကာ ျပဳလုပ္ထားသည့္ ေဒသႏၲရလက္လုပ္ဗံုး ေပါက္ကြဲမႈမွာ တစ္ခု တည္းသာ ျဖစ္ေၾကာင္း ၎ကဆိုသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ အနီးရွိ ၀ါးျဖင့္ ေဆာက္လုပ္ထားၿပီး သြပ္မိုး/သြပ္ကာထားသည့္ ဦးလွေအာင္၏ (၁)ထပ္ ေခါင္းမိုးပ်က္စီးခဲ့ေသာ္လည္း လူႏွင့္တိရစာၦန္မ်ား ထိခိုက္မႈမရွိခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈျဖစ္ပြားရာ ေနရာအနီးတစ္ဝိုက္အား တပ္မေတာ္သားမ်ားႏွင့္ (၁၀၅)မိုင္ ရဲကင္းစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို႔  ပါ၀င္သည့္ အဖြဲ႔မွ သြားေရာက္စစ္ေဆးခဲ့ၿပီး ေဖာက္ခြဲသူအား မည္သူဆိုသည္ကို မသိရွိရသည့္အတြက္ ေစာင့္ၾကည့္စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - MHAM




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီး၊ မိုင်းယုကျေးရွာရှိ ကမော္ဘဇ သိင်္ဂီသီလရှင် ကျောင်းတိုက်အနီး ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ည(၁၀)နာရီကျော်က လက်လုပ် အသံမိုင်း (၁)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"လျှပ်စစ်နဲ့ ရှော့တိုက်ခွဲတဲ့ မိုင်းလို့ ယူဆရတယ်၊ တစ်လုံးပဲ ကွဲတာပါ အဆောက်အဦးအသေးလေးတွေ တစ်ချို့နည်းနည်း ထိခိုက်တယ်၊ ကျန်တာတော့ မရှိပါဘူး"ဟု မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာတွင် လျှပ်စစ်စနက်တံကြိုး နှစ်ချောင်းနှင့် AAA ဆိုဒ် ရီမုဓာတ်ခဲ အသေး(၄)လုံးတွေ့ရှိခဲ့ပြီး သွပ်စများဖြင့်ပတ်ကာ ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်ဗုံး ပေါက်ကွဲမှုမှာ တစ်ခု တည်းသာ ဖြစ်ကြောင်း၎င်းကဆိုသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးရှိ ဝါးဖြင့် ဆောက်လုပ်ထားပြီး သွပ်မိုး/သွပ်ကာထားသည့် ဦးလှအောင်၏ (၁)ထပ် ခေါင်းမိုးပျက်စီးခဲ့သော်လည်း လူနှင့်တိရစာ္ဆန်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်အား တပ်မတော်သားများနှင့် (၁၀၅)မိုင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သည့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ဖောက်ခွဲသူအား မည်သူဆိုသည်ကို မသိရှိရသည့်အတွက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - MHAM

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~