လားရိႈးၿမိဳ႕ သဘာဝေရပူစမ္းတြင္ ဟိုပန္ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာဌာန ဦးစီးမွဴးေရနစ္ေသဆံုး

လားရိႈးၿမိဳ႕ သဘာဝေရပူစမ္းတြင္ ဟိုပန္ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာဌာန ဦးစီးမွဴးေရနစ္ေသဆံုး
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရပ္ကြက္(၁၂)ရွိ သဘာဝေရပူစမ္းေရခ်ိဳးကန္အတြင္း ဟိုပန္ၿမိဳ႕နယ္ လွ်ပ္စစ္အင္ဂ်င္နီယာဌာန ဦးစီးမွဴး ေဖေဖၚဝါရီလ (၂) ရက္ေန႔ ေန႔လယ္ပိုင္းက ေရနစ္ေသဆံုးသြားေၾကာင္း သိရသည္။

“နာေရးကူညီမႈအသင္းတစ္ခုက လာတယ္။ ရဲေတြလည္းလာတယ္။ စစ္ခ်က္ေတြလာယူသြားတယ္။ အေလာင္းကိုေတာ့ ျပည္သူ႔ေဆးရံုက ရင္ခြဲရံုကို ပို႔မယ္လို႔ ေျပာတယ္” ဟု လားရိႈးၿမိဳ႕ သဘာဝေရပူစမ္း နယ္နိမိတ္ဝင္ခြင့္ ေကာက္ခံျခင္းႏွင့္ လံုၿခံဳေရး၊ သန္႔ရွင္းေရး တာဝန္ယူထားသည့္အဖြဲ႔မွ အဖြဲ႔ေခါင္းေဆာင္ ကိုေအာင္ေက်ာ္ေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

ေသဆံုးသူမွာ အသက္(၅၀)ေက်ာ္ခန္႔အရြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎ႏွင့္အတူ အသိမိတ္ေဆြ အမ်ိဳးသား(၃)ဦး ပါလာေသာ္လည္း အဆိုပါ လူငယ္သံုးဦးက ၾကက္ဥသြားျပဳတ္ေနစဥ္ ဦးစီးမွဴးတစ္ဦးတည္း ေရကူးေနခဲ့ရာမွ ေရနစ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သဘာဝေရပူစမ္းအား ၂၀၁၆ ခုႏွစ္တြင္ ေရကန္မ်ားခ်ဲ႕ထြင္ျခင္း၊ ေတာမ်ား ရွင္းလင္းျခင္းႏွင့္ စားေသာက္ဆိုင္မ်ား ကေလးကစားကြင္းမ်ားအား ထပ္မံထည့္သြင္းထားၿပီး အရက္ေသစာ ေသာက္စား၍ ေရပူကန္အတြင္း ဆင္းျခင္းတို႔ကို တားျမစ္ခ်က္ ဆိုင္းဘုတ္မ်ားလည္း စိုက္ထူထားေသာ္လည္း ၂၀၁၇ ခုႏွစ္ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ ၿမိဳ႕မွလာေရာက္ေရခ်ိဳးသည့္ လွ်ပ္စစ္အင္ဂ်င္နီယာ ဦးစီးမွဴးတစ္ဦး ေသဆံုးမႈျဖစ္ပြားခဲ့ဖူးေၾကာင္း ေရပူစမ္းကန္ တာဝန္ရွိသူမ်ားထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရပ်ကွက်(၁၂)ရှိ သဘာဝရေပူစမ်းရေချိုးကန်အတွင်း ဟိုပန်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာန ဦးစီးမှူး ဖေဖော်ဝါရီလ (၂) ရက်နေ့ နေ့လယ်ပိုင်းက ရေနစ်သေဆုံးသွားကြောင်း သိရသည်။

“နာရေးကူညီမှုအသင်းတစ်ခုက လာတယ်။ ရဲတွေလည်းလာတယ်။ စစ်ချက်တွေလာယူသွားတယ်။ အလောင်းကိုတော့ ပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့မယ်လို့ ပြောတယ်” ဟု လားရှိုးမြို့ သဘာဝရေပူစမ်း နယ်နိမိတ်ဝင်ခွင့် ကောက်ခံခြင်းနှင့် လုံခြုံရေး၊ သန့်ရှင်းရေး တာဝန်ယူထားသည့်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုအောင်ကျော်ဌေးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

သေဆုံးသူမှာ အသက်(၅၀)ကျော်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၎င်းနှင့်အတူ အသိမိတ်ဆွေ အမျိုးသား(၃)ဦး ပါလာသော်လည်း အဆိုပါ လူငယ်သုံးဦးက ကြက်ဥသွားပြုတ်နေစဉ် ဦးစီးမှူးတစ်ဦးတည်း ရေကူးနေခဲ့ရာမှ ရေနစ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘာဝရေပူစမ်းအား ၂၀၁၆ ခုနှစ်တွင် ရေကန်များချဲ့ထွင်ခြင်း၊ တောများ ရှင်းလင်းခြင်းနှင့် စားသောက်ဆိုင်များ ကလေးကစားကွင်းများအား ထပ်မံထည့်သွင်းထားပြီး အရက်သေစာ သောက်စား၍ ရေပူကန်အတွင်း ဆင်းခြင်းတို့ကို တားမြစ်ချက် ဆိုင်းဘုတ်များလည်း စိုက်ထူထားသော်လည်း ၂၀၁၇ ခုနှစ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့မှလာရောက်ရေချိုးသည့် လျှပ်စစ်အင်ဂျင်နီယာ ဦးစီးမှူးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ဖူးကြောင်း ရေပူစမ်းကန် တာဝန်ရှိသူများထံမှ သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~