လားရိႈးတြင္ ဗံုးေပါက္ကြဲမႈျဖစ္ပြားရာမွ ဘဏ္၀န္ထမ္း (၂)ဦးေသဆံုးၿပီး (၂၁)ဦး ဒဏ္ရာရရွိ

လားရိႈးတြင္ ဗံုးေပါက္ကြဲမႈျဖစ္ပြားရာမွ ဘဏ္၀န္ထမ္း (၂)ဦးေသဆံုးၿပီး (၂၁)ဦး ဒဏ္ရာရရွိ
ဖေဖော်ဝါရီ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ရပ္ကြက္(၂) ရိွ ရိုးမဘဏ္ႏွင့္ AYA ဘဏ္ၾကားတြင္ ေဖေဖၚဝါရီလ (၂၁)ရက္ေန႔ ညေန(၄း၄၀)နာရီ၀န္းက်င္ အခ်ိန္က ဗံုးေပါက္ကြဲမႈေၾကာင့္ ဘဏ္ဝန္ထမ္း အမ်ိဳးသမီးႏွစ္ဦး ေသဆံုးသြားၿပီး ဒဏ္ရာရသည့္(၂၁)ဦးကို ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

“အခုေဆးရံုမွာ ေရာက္ေနပါတယ္။ ေသဆံုးတာကေတာ့ ဘဏ္ဝန္ထမ္း မစႏၵာနဲ႔ မေမာ္လို႔  သိရတယ္။ ရိုးမဘဏ္က ဝန္ထမ္းအမ်ားစုကေတာ့ ဒဏ္ရာရၾကတယ္။ AYA ဘဏ္ကေတာ့ ေကာင္မေလး နည္းနည္းကေတာ့ ဒဏ္ရာနည္းနည္းရၾကတယ္။ ရုိးမဘဏ္က လူေတြကေတာ့ အထိအခိုက္မ်ားပါတယ္”ဟု အခင္းျဖစ္ေနရာတြင္ေရာက္ေနသည့္ လားရိႈးေဒသခံတစ္ဦးျဖစ္သည့္ မခမ္းဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ညေန (၆)နာရီခြဲတြင္ ေျပာသည္။

အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႕က မုိင္းရွာေခြးမ်ားအကူအညီျဖင့္ ရွင္းလင္းေနၿပီး မေပါက္ကြဲေသးသည့္ မုိင္းတစ္လံုးအား ေတြ႕ရိွ၍ရွင္းလင္းေနၿပီး ေသဆံုးသူ ( ၂ ) ဦးႏွင့္ ဒဏ္ရာရသူ (၂၁)ဦးဟု ရဲတပ္ဖြဲ႕က ေျပာၾကားသည္။

အဆိုပါ ေပါက္ကြဲမႈမွာ ထရန္စေဖာ္မာ ေပါက္ကြဲမႈျဖစ္ေၾကာင္း ကနဦးတြင္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ေျပာၾကားထားေသာ္လည္း အတည္ျပဳခ်က္အရ ဗံုးေပါက္ကြဲမႈျဖစ္ေၾကာင္းႏွင့္ သက္ဆိုင္ရာက စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၂) ရှိ ရိုးမဘဏ်နှင့် AYA ဘဏ်ကြားတွင် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ညနေ(၄း၄၀)နာရီဝန်းကျင် အချိန်က ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီးနှစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရသည့်(၂၁)ဦးကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“အခုဆေးရုံမှာ ရောက်နေပါတယ်။ သေဆုံးတာကတော့ ဘဏ်ဝန်ထမ်း မစန္ဒါနဲ့ မမော်လို့ သိရတယ်။ ရိုးမဘဏ်က ဝန်ထမ်းအများစုကတော့ ဒဏ်ရာရကြတယ်။ AYA ဘဏ်ကတော့ ကောင်မလေး နည်းနည်းကတော့ ဒဏ်ရာနည်းနည်းရကြတယ်။ ရိုးမဘဏ်က လူတွေကတော့ အထိအခိုက်များပါတယ်”ဟု အခင်းဖြစ်နေရာတွင်ရောက်နေသည့် လားရှိုးဒေသခံတစ်ဦးဖြစ်သည့် မခမ်းဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ညနေ (၆)နာရီခွဲတွင် ပြောသည်။

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က မိုင်းရှာခွေးများအကူအညီဖြင့် ရှင်းလင်းနပြေီး မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးအား တွေ့ရှိ၍ရှင်းလင်းနပြေီး သေဆုံးသူ ( ၂ ) ဦးနှင့် ဒဏ်ရာရသူ (၂၁)ဦးဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုမှာ ထရန်စဖော်မာ ပေါက်ကွဲမှုဖြစ်ကြောင်း ကနဦးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြောကြားထားသော်လည်း အတည်ပြုချက်အရ ဗုံးပေါက်ကွဲမှုဖြစ်ကြောင်းနှင့် သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~