လီဆူတုိင္းရင္းသားမ်ား အေခၚအေဝၚ ကြဲျပားျခင္းေၾကာင့္ ႏိုင္ငံသားအခြင့္အေရးဆံုးရံႈးမႈမ်ား ရိွေနဟုဆို

လီဆူတုိင္းရင္းသားမ်ား အေခၚအေဝၚ ကြဲျပားျခင္းေၾကာင့္ ႏိုင္ငံသားအခြင့္အေရးဆံုးရံႈးမႈမ်ား ရိွေနဟုဆို
ဖေဖော်ဝါရီ 24, 2018
By Tachileik News Agency

လီဆူတုိင္းရင္းသားမ်ားအေနျဖင့္ လီေဆာ၊ လီဆူး၊ ေရာေရ၊ လီေရွာ အမည္ အမ်ိဳးမ်ိဳးကြဲျပားေနမႈေၾကာင့္ အခ်ိဳ႕ေဒသမ်ားတြင္ တုိင္းရင္းသားေရးရာဝန္ႀကီးေရြးေကာက္ပိုင္ခြင့္ႏွင့္ မွတ္ပံုတင္ျပဳလုပ္ရာတြင္ ၾကန္႔ၾကာမႈမ်ား ႀကံဳေနရေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လီဆူတိုင္းရင္းသားေရးရာဝန္ႀကီး ဦးဂူဆာက ေျပာၾကားလုိက္သည္။

“အေခၚအေဝၚမွားေနတဲ့ လီေရွာဆိုတာကို မွတ္ပံုတင္မွာ ကန္႔သတ္ထားတာေၾကာင့္ အရင္က အဲဒီလို ေခၚခံခဲ့ရတဲ့ လီဆူေတြရဲ႕ သားသမီးေတြက မွတ္ပံုတင္လုပ္ရတာ ခက္သြားတယ္။ ၿပီးေတာ့ လီေရွာလို႔ မွတ္ပံုတင္မွာ ပါတဲ့သူ ေတြက တိုင္းရင္းသားေရးရာဝန္ႀကီးေရြးခ်ယ္တဲ့မဲပံုးမွာ မဲထည့္ခြင့္မရဘူး။ လီေရွာလို႔ ပါေနတဲ့အတြက္ မႏၱေလးတိုင္းမွာဆိုရင္ တိုင္းရင္းသားေရးရာဝန္ႀကီးရသင့္ရဲ႕သားနဲ႔ (၀.၁) ရာခိုင္ႏႈန္းျပည့္ရဲ႕သားနဲ႔ လီေရွာဆိုတာ တိုင္းရင္းသား (၁၃၅) မ်ိဳးထဲမွာ မပါတဲ့အတြက္ အဲဒီ ေခၚေဝၚခံရမႈ မွားယြင္းတာေၾကာင့္ ဆံုးရံႈးနစ္နာရတာရွိတယ္” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးဂူဆာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လီေရွာဟု မွတ္ပံုတင္တြင္ ေဖၚျပထားသည့္ လီဆူတိုင္းရင္းသားမ်ား၏  သားသမီးမ်ားမွာ ႏိုင္ငံသား မွတ္ပံုတင္ျပဳလုပ္သည့္ အခါ ႏွစ္ခ်ီ၍ ၾကာျမင့္မႈမ်ားရိွေနရာ အခ်ိဳ႕ လီဆူတုိင္းရင္းသားလူငယ္မ်ားမွာ ဘြဲ႕ရသည့္ အခ်ိန္ထိ မွတ္ပံုတင္မရွိသည့္ အတြက္ ဝန္ထမ္း အလုပ္ေလွ်ာက္ထားရန္ အခက္အခဲ ႀကံဳေနရျခင္းျဖစ္ေၾကာင္း သိရသည္။

“ လီဆူတိုင္းရင္းသားေတြက အေျခအေန အရပ္ရပ္ေၾကာင့္ ပညာသင္ၾကားတတ္ေျမာက္မႈနယ္ပယ္မွာ အနည္းစု သာရွိပါတယ္။ ဒါ့အျပင္ မွတ္ပံုတင္ရရွိဖို႔ ခက္ခဲတဲ့အတြက္ ပညာတတ္ၿပီး ဘြဲ႕ရရင္ေတာင္ သက္ဆိုင္ရာ လူဝင္မႈ ႀကီးၾကပ္ေရးဌာနေတြကေန ေထာက္ခံစာေတာင္းခံအသံုးျပဳၿပီးမွ အလုပ္အကိုင္ ရရွိၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဝန္ထမ္းေလ်ွာက္လႊာေခၚယူတဲ့အခါမ်ိဳးမွာ ျဖစ္ေစ ဦးစားေပးငဲ့ညႇာ ေပးေစခ်င္ပါတယ္” ဟု ျမန္မာႏိုင္ငံ လီဆူစာေပႏွင့္ရုိးရာယဥ္ေက်းမႈဗဟို ဥကၠဌ ဦးအားဆီက ဆိုသည္။

လီဆူတိုင္းရင္းသားမ်ားတြင္ လီေဆာ၊ လီဆူး၊ ေရာေရ၊ လီေရွာ စသျဖင့္ အေခၚအေဝၚအမ်ိဳးမ်ိဳးရိွေနၿပီး ရွမ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ အမ်ားဆံုး စုစည္းေနထိုင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

လီဆူတိုင္းရင္းသားအမ်ားစု ေနထုိင္သည့္  ကခ်င္ျပည္နယ္တြင္ မွတ္ပံုတင္လုပ္ရန္ မခက္ခဲေသာ္လည္း ရွမ္းျပည္နယ္၊ မႏၱေလးတိုင္းႏွင့္ ကယား ျပည္နယ္တို႔တြင္ ေနထိုင္သူမ်ားအေနျဖင့္ မွတ္ပံုတင္ျပဳလုပ္ရ ခက္ခဲေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္

 



~~~~~~~~⊰

❂ unicode ~~~~~~~~

လီဆူတိုင်းရင်းသားများအနဖြေင့် လီဆော၊ လီဆူး၊ ရောရေ၊ လီရှော အမည် အမျိုးမျိုးကွဲပြားနေမှုကြောင့် အချို့ဒေသများတွင် တိုင်းရင်းသားရေးရာဝန်ကြီးရွေးကောက်ပိုင်ခွင့်နှင့် မှတ်ပုံတင်ပြုလုပ်ရာတွင် ကြန့်ကြာမှုများ ကြုံနေရကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာက ပြောကြားလိုက်သည်။

“အခေါ်အဝေါ်မှားနေတဲ့ လီရှောဆိုတာကို မှတ်ပုံတင်မှာ ကန့်သတ်ထားတာကြောင့် အရင်က အဲဒီလို ခေါ်ခံခဲ့ရတဲ့ လီဆူတွေရဲ့ သားသမီးတွေက မှတ်ပုံတင်လုပ်ရတာ ခက်သွားတယ်။ ပြီးတော့ လီရှောလို့ မှတ်ပုံတင်မှာ ပါတဲ့သူ တွေက တိုင်းရင်းသားရေးရာဝန်ကြီးရွေးချယ်တဲ့မဲပုံးမှာ မဲထည့်ခွင့်မရဘူး။ လီရှောလို့ ပါနေတဲ့အတွက် မန္တလေးတိုင်းမှာဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးရသင့်ရဲ့သားနဲ့ (ဝ.၁) ရာခိုင်နှုန်းပြည့်ရဲ့သားနဲ့ လီရှောဆိုတာ တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ မပါတဲ့အတွက် အဲဒီ ခေါ်ဝေါ်ခံရမှု မှားယွင်းတာကြောင့် ဆုံးရှုံးနစ်နာရတာရှိတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဂူဆာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လီရှောဟု မှတ်ပုံတင်တွင် ဖော်ပြထားသည့် လီဆူတိုင်းရင်းသားများ၏ သားသမီးများမှာ နိုင်ငံသား မှတ်ပုံတင်ပြုလုပ်သည့် အခါ နှစ်ချီ၍ ကြာမြင့်မှုများရှိနေရာ အချို့ လီဆူတိုင်းရင်းသားလူငယ်များမှာ ဘွဲ့ရသည့် အချိန်ထိ မှတ်ပုံတင်မရှိသည့် အတွက် ဝန်ထမ်း အလုပ်လျှောက်ထားရန် အခက်အခဲ ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။

“ လီဆူတိုင်းရင်းသားတွေက အခြေအနေ အရပ်ရပ်ကြောင့် ပညာသင်ကြားတတ်မြောက်မှုနယ်ပယ်မှာ အနည်းစု သာရှိပါတယ်။ ဒါ့အပြင် မှတ်ပုံတင်ရရှိဖို့ ခက်ခဲတဲ့အတွက် ပညာတတ်ပြီး ဘွဲ့ရရင်တောင် သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးဌာနတွေကနေ ထောက်ခံစာတောင်းခံအသုံးပြုပြီးမှ အလုပ်အကိုင် ရရှိကြတာဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းလျှောက်လွှာခေါ်ယူတဲ့အခါမျိုးမှာ ဖြစ်စေ ဦးစားပေးငဲ့ညှာ ပေးစေချင်ပါတယ်” ဟု မြန်မာနိုင်ငံ လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုဗဟို ဥက္ကဌ ဦးအားဆီက ဆိုသည်။

လီဆူတိုင်းရင်းသားများတွင် လီဆော၊ လီဆူး၊ ရောရေ၊ လီရှော စသဖြင့် အခေါ်အဝေါ်အမျိုးမျိုးရှိနပြေီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အများဆုံး စုစည်းနေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

လီဆူတိုင်းရင်းသားအများစု နေထိုင်သည့် ကချင်ပြည်နယ်တွင် မှတ်ပုံတင်လုပ်ရန် မခက်ခဲသော်လည်း ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ကယား ပြည်နယ်တို့တွင် နေထိုင်သူများအနဖြေင့် မှတ်ပုံတင်ပြုလုပ်ရ ခက်ခဲနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~