မတ္တရာမြို့နယ်အတွင်း အမှတ်အသားပါသည့် လင်းယုန်ငှက်တစ်ကောင်တွေ့ရှိ၍ သစ်တောဌာနသို့ လွှဲပြောင်းပေးထား

မတ္တရာမြို့နယ်အတွင်း အမှတ်အသားပါသည့် လင်းယုန်ငှက်တစ်ကောင်တွေ့ရှိ၍ သစ်တောဌာနသို့ လွှဲပြောင်းပေးထား
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency


ဦးခေါင်းမှ အမြီးဖျားထိ နှစ်ပေခန့်၊ အမြင့် တစ်ပေခွဲခန့်၊ တောင်ပံ ဝဲမှယာထိ လေးပေခန့်ရှိ ဝဲပေါင်ကျိုးနေသော ဖြူ/ညိုရောင်လင်းယုန်ငှက်၏ ကျောတွင်သိုင်းကြိုးဖြင့် MWB-1605 စာတန်းပါ စက်တစ်လုံးနှင့် ဝဲခြေထောက်တွင် 272 ORNITH-LABINISTBIOL MONGLIA စာတန်းပါ သတ္တုကွင်းတစ်ကွင်း တပ်လျက်ဖြင့် ထင်းခုတ်ရန်သွားသည့် ဒေသခံတစ်ဦးက မြေပြင်၌ တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာ ရက္ကန်းစင်တောင်၏ မြောက်ဘက် တောင်ယာကြီးကွင်း ရှားပြန့်တောတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က ကျောတွင် စာတမ်းပါသည့် လင်းယုန်ငှက်တစ်ကောင်အား တွေ့ရကြောင်း သိရသည်။

ဦးခေါင်းမှ အမြီးဖျားထိ နှစ်ပေခန့်၊ အမြင့် တစ်ပေခွဲခန့်၊ တောင်ပံ ဝဲမှယာထိ လေးပေခန့်ရှိ ဝဲပေါင်ကျိုးနေသော ဖြူ/ညိုရောင်လင်းယုန်ငှက်၏ ကျောတွင်သိုင်းကြိုးဖြင့် MWB-1605 စာတန်းပါ စက်တစ်လုံးနှင့် ဝဲခြေထောက်တွင် 272 ORNITH-LABINISTBIOL MONGLIA စာတန်းပါ သတ္တုကွင်းတစ်ကွင်း တပ်လျက်ဖြင့် ထင်းခုတ်ရန်သွားသည့် ဒေသခံတစ်ဦးက မြပြေင်၌ တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငှက်အား ရက္ကန်းစင်တောင်ပေါ် ဘုန်းကြီးကျောင်း၏ ဆရာတော် ဉူးဝါယမထံ လှူဒါန်းခဲ့ကြောင်း သတင်းအရ ရေနံ့သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သတင်းရဲတပ်ဖွဲ့တို့က သွားရောက် ကြည့်ရှုစစ်ဆေးပြီးနောက် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနရုံးသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~