တာချီလိတ်သင်္ကြန် ကာလအတွင်း လွယ်တော်ခမ်းချောင်း(ပုန်းထွန်ချောင်း)တွင် ဈေးဆိုင်ခန်း ဖွင့်လိုသူ ဈေးသည်များ ဆိုင်ခန်းနေရာ ရရှိရေးအတွက် အစည်းအဝေးတက်ရောက်ကာ စာရင်းပေးရမည်

တာချီလိတ်သင်္ကြန် ကာလအတွင်း လွယ်တော်ခမ်းချောင်း(ပုန်းထွန်ချောင်း)တွင် ဈေးဆိုင်ခန်း ဖွင့်လိုသူ ဈေးသည်များ ဆိုင်ခန်းနေရာ ရရှိရေးအတွက် အစည်းအဝေးတက်ရောက်ကာ စာရင်းပေးရမည်
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ လွယ်တော်ခမ်းချောင်း(ပုန်းထွန်ချောင်း)တွင် သင်္ကြန်ကာလ အတွင်း ဈေးရောင်းချလိုသူ လူသစ်၊ လူဟောင်း ဈေးသည်များ အနေဖြင့် ဆိုင်ခန်း နေရာများ ချထားပေးရေးနှင့် ပတ်သက်၍ ပွဲဈေးကြီးကြပ်မှုကော်မတီ မှ တွေ့ဆုံဆွေးနွေးမှုကို မတ်လ(၃)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည့်အတွက် ဈေးရောင်းချလိုသူများအနေဖြင့် တက်ရောက်ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ပွဲဈေးကြီးကြပ်မှုကော်မတီမှ ဈေးဆိုင်ခန်းနေရာ ချထားပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်္ကြန်ကာလ အတွင်း ယခင်နှစ်က ဈေးရောင်းချခဲ့သူများ အပါအ၀င် ယခုနှစ်တွင် ဈေးလာရောက် ရောင်းချလိုသူ ဈေးသည်အသစ်များနှင့် ၂၀၁၈ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီတိတိ အချိန်တွင် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးရှိ လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည့်အတွက် ဈေးဆိုင်ခန်း ဖွင့်လိုသူများ အနေဖြင့် လာရောက် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပွဲဈေးကြီးကြပ်မှုကော်မတီမှ သိရသည်။


ဓါတ်ပုံ - SKM


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ လွယ်တော်ခမ်းချောင်း(ပုန်းထွန်ချောင်း)တွင် သင်္ကြန်ကာလ အတွင်း ဈေးရောင်းချလိုသူ လူသစ်၊ လူဟောင်း ဈေးသည်များ အနဖြေင့် ဆိုင်ခန်း နေရာများ ချထားပေးရေးနှင့် ပတ်သက်၍ ပွဲဈေးကြီးကြပ်မှုကော်မတီ မှ တွေ့ဆုံဆွေးနွေးမှုကို မတ်လ(၃)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည့်အတွက် ဈေးရောင်းချလိုသူများအနဖြေင့် တက်ရောက်ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ပွဲဈေးကြီးကြပ်မှုကော်မတီမှ ဈေးဆိုင်ခန်းနေရာ ချထားပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်္ကြန်ကာလ အတွင်း ယခင်နှစ်က ဈေးရောင်းချခဲ့သူများ အပါအဝင် ယခုနှစ်တွင် ဈေးလာရောက် ရောင်းချလိုသူ ဈေးသည်အသစ်များနှင့် ၂၀၁၈ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီတိတိ အချိန်တွင် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးရှိ လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည့်အတွက် ဈေးဆိုင်ခန်း ဖွင့်လိုသူများ အနဖြေင့် လာရောက် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပွဲဈေးကြီးကြပ်မှုကော်မတီမှ သိရသည်။

အဆိုပါ ချောင်းတွင် သင်္ကြန်ပွဲတော်အဖြစ် ဈေးရောင်းချမှုကို ၂၀၁၈ခုနှစ် မတ်လ(၁၈)ရက်နေ့မှ စတင်ကာ ဧပြီလ(၁၈)ရက်နေ့အထိ (၁)လတိတိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - SKM

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~