ခရီးသည္တင္ယာဥ္ ႏွင့္ ဆိုင္ကယ္တို႔ တိုက္မိရာမွ ဒဏ္ရာရသည့္ အမ်ဳိးသမီးတစ္ဦး စိုးရိမ္ရ

ခရီးသည္တင္ယာဥ္ ႏွင့္ ဆိုင္ကယ္တို႔ တိုက္မိရာမွ ဒဏ္ရာရသည့္ အမ်ဳိးသမီးတစ္ဦး စိုးရိမ္ရ
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

လားရႈိးၿမိဳ႕အ၀င္တြင္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္ ႏွင့္ ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ ဆိုင္ကယ္ေပၚပါ ႏွစ္ဦးအနက္ တစ္ဦးမွာ စိုးရိမ္ရသည့္ ဒဏ္ရာမ်ားရရွိ၍ ေမာ္ေတာ္ယာဥ္ေမာင္းသူအား လားရႈိးၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၆)ရက္ေန႔ နံနက္(၉)နာရီ ၀န္းက်င္အခ်ိန္က လားရႈိးၿမိဳ႕အ၀င္ ပတၱျမားစက္သံုးဆီဆိုင္ အနီးတြင္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္တစ္စီး ႏွင့္ ဆိုင္ကယ္တစ္စီး မေတာ္တဆ တိုက္မိရာမွ ဆိုင္ကယ္တြင္ပါရွိသည့္ အမ်ဳိးသမီးတစ္ဦးမွာ စိုးရိမ္ရသည့္ ဒဏ္ရာမ်ား ရရွိသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ လားရႈိးၿမိဳ႕တြင္းမွ ၿမိဳ႕ျပင္သို႔ေမာင္းႏွင္လာသည့္ ေအာင္သစၥာ ယာဥ္လိုင္းမွ ေမာ္ေတာ္ယာဥ္သည္ မ်က္နာခ်င္းဆိုင္မွလာသည့္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ တိုက္မိရာမွ ဆိုင္ကယ္ ေမာင္းႏွင္လာသူ အသက္ ၁၉ ႏွစ္ခန္႔အရြယ္ ေမာင္ကြယ္တြင္ ဝဲဘက္နားရြက္ စုတ္ၿပဲ၊ ရင္ဘတ္ ႏွင့္ ဝဲဘက္ေပါင္တို႔တြင္ (မစိုးရိမ္ရ)ဒဏ္ရာမ်ား ရရွိခဲ့ၿပီး၊ ဆိုင္ကယ္ေနာက္တြင္ လိုက္ပါ စီးနင္းလာသူ မနန္းေအးအိမ္တြင္ ဝဲဘက္ ေျခမ်က္ေစ့ပြန္း၊ ေျခသလံုးေပါက္ၿပဲ၊ ဝဲဘက္နားတြင္ ေသြးထြက္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး သတိလစ္ေနကာ စိုးရိမ္ရသည့္အတြက္  အတြင္းလူနာအျဖစ္ လားရိႈးျပည္သူ႔ေဆးရံုႀကီးသို႔ ရဲေဆးစာျဖင့္ လားရိႈးလူငယ္အဖြဲ႔မွ ပို႔ေဆာင္ ေပးထားရေၾကာင္း သိရသည္။

ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ေအာင္သစၥာ ခရီးသည္တင္ယာဥ္လိုင္းမွ ယာဥ္ေမာင္း ဝင္းေရႊအား လားရိႈးၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၆/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၃၇/၃၃၈ အရ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


လားရှိုးမြို့အဝင်တွင် ခရီးသည်တင် မော်တော်ယာဉ် နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ နှစ်ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိ၍ မော်တော်ယာဉ်မောင်းသူအား လားရှိုးမြို့မ ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်(၉)နာရီ ဝန်းကျင်အချိန်က လားရှိုးမြို့အဝင် ပတ္တမြားစက်သုံးဆီဆိုင် အနီးတွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး နှင့် ဆိုင်ကယ်တစ်စီး မတော်တဆ တိုက်မိရာမှ ဆိုင်ကယ်တွင်ပါရှိသည့် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့တွင်းမှ မြို့ပြင်သို့မောင်းနှင်လာသည့် အောင်သစ္စာ ယာဉ်လိုင်းမှ မော်တော်ယာဉ်သည် မျက်နာချင်းဆိုင်မှလာသည့် မော်တော်ဆိုင်ကယ်နှင့် တိုက်မိရာမှ ဆိုင်ကယ် မောင်းနှင်လာသူ အသက် ၁၉ နှစ်ခန့်အရွယ် မောင်ကွယ်တွင် ဝဲဘက်နားရွက် စုတ်ပြဲ၊ ရင်ဘတ် နှင့် ဝဲဘက်ပေါင်တို့တွင် (မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပြီး၊ ဆိုင်ကယ်နောက်တွင် လိုက်ပါ စီးနင်းလာသူ မနန်းအေးအိမ်တွင် ဝဲဘက် ခြေမျက်စေ့ပွန်း၊ ခြေသလုံးပေါက်ပြဲ၊ ဝဲဘက်နားတွင် သွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး သတိလစ်နေကာ စိုးရိမ်ရသည့်အတွက် အတွင်းလူနာအဖြစ် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် လားရှိုးလူငယ်အဖွဲ့မှ ပို့ဆောင် ပေးထားရကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်သစ္စာ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်း ဝင်းရွှေအား လားရှိုးမြို့မရဲစခန်းတွင် ယာဉ်(ပ) ၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~