လြိဳင္ေကာ္ၿမိဳ႕တြင္ ေနအိမ္တစ္လံုးမီးေလာင္ကၽြမ္းရာမွ ေတြ႔ရသည့္ ရုပ္ၾကြင္းအပိုင္းအစမ်ားမွာ အမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္း အတည္ျပဳ

လြိဳင္ေကာ္ၿမိဳ႕တြင္ ေနအိမ္တစ္လံုးမီးေလာင္ကၽြမ္းရာမွ ေတြ႔ရသည့္ ရုပ္ၾကြင္းအပိုင္းအစမ်ားမွာ အမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္း အတည္ျပဳ
ဖေဖော်ဝါရီ 15, 2018
By 🌸
ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၊ ပန္းသီရိေဒါရပ္ကြက္တြင္ ေဖေဖာ္၀ါရီလ (၁၄)ရက္ေန႔ ည (၁၀)နာရီခြဲဝန္းက်င္က ေနအိမ္တစ္လုံး မီးေလာင္ကြၽမ္းခဲ့ၿပီး မီးေလာင္ထားသည့္ ရုပ္ၾကြင္းအပိုင္းအစအား ေဖေဖၚဝါရီလ (၁၅)ရက္ေန႔တြင္ အဆုိပါရုပ္ၾကြင္းမွာ အမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့သည္ဟု သိရသည္။

ပန္းသီရိေဒါရပ္ကြက္တြင္ မီးေလာင္ေနေၾကာင္း ျပည္သူတစ္ဦး သတင္းေပးမႈေၾကာင့္ မီးေလာင္မႈျဖစ္ပြားရာသို႔ လိြဳင္ေကာ္ခ႐ုိင္မီးသတ္တပ္ဖြဲ႔မ်ားက သြားေရာက္ၿငိမ္းသတ္ခဲ့ၾကၿပီး ည (၁၁) နာရီခန္႔တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္ကြၽမ္းခဲ့ေသာေနအိမ္မွာ အိမ္႐ွင္ေဒၚေအးေဒ၏ ေနအိမ္ျဖစ္ၿပီး မီးေလာင္ရာတြင္ ၎ေနအိမ္၌ ငွါးရမ္းေနထိုင္ေသာ ေဒၚဝင္းအား မေတြ႕ရွိဘဲ မီးေလာင္မႈတြင္ ႐ုပ္အေလာင္းတစ္ခု၏ အပိုင္းအစမ်ားသာ ေတြ႕ရွိသျဖင့္ လူ(သို႔မဟုတ္ ) တိရိစၧာန္ခြဲျခား၍မရသျဖင့္ လြိဳင္ေကာ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံု ရင္ခြဲ႐ံုသို႔ပို႔ေဆာင္ခဲ့ၿပီး ဖေဖာ္၀ါရီ (၁၅)ရက္ နံနက္ (၉း၀၀)နာရီအခ်ိန္ အဆိုပါေဆး႐ံုရွိ ဆရာ၀န္မ်ား ၏စစ္ေဆး အတည္ျပဳခ်က္အရ သားအိမ္ေတြ႕ရွိ ေၾကာင္းႏွင့္ အမ်ိဳးသမီးအေလာင္း ျဖစ္ေၾကာင္းသိရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

အတူေနထိုင္ေသာ သားျဖစ္သူ ဝင္းကိုကိုအား ေခၚယူေမးျမန္းခဲ့ရာ ၎ေနအိမ္တြင္ မီးေလာင္ခ်ိန္၌ မိခင္ျဖစ္သူ ေဒၚဝင္းရိွေနသည္ကို အတည္ျပဳ ေျပာၾကားခဲ့ေၾကာင္း လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

အဆိုပါမီးေလာင္ကြၽမ္းခဲ့ေသာ ေနအိမ္မွာ (၁၀ x ၁၀)ေပ၊ သြပ္မိုး၊ ထရံကာ၊ ပ်ဥ္ခင္းေနအိမ္ျဖစ္ၿပီး မီးဖိုမီးၾကြင္း မီးက်န္မ်ားမွအနီးရွိ ထရံသို႔ ကူးစက္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ၿပီး အဆိုပါေနအိမ္အား ငွားရမ္းေနထိုင္သည့္ အသက္ (၅၉)ႏွစ္အရြယ္ အမ်ိဳးသမီးမွာ မီးေလာင္မႈေၾကာင့္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈအား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅/၃၀၄-က ျဖင့္ အမႈဖြင့္ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #ကိုစိုင္း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့တွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းရာမှ တွေ့ရသည့် ရုပ်ကြွင်းအပိုင်းအစများမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အတည်ပြု
*****************
ကယားပြည်နယ် လွိုင်ကော်မြို့၊ ပန်းသီရိဒေါရပ်ကွက်တွင် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ည (၁၀)နာရီခွဲဝန်းကျင်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ထားသည့် ရုပ်ကြွင်းအပိုင်းအစအား ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် အဆိုပါရုပ်ကြွင်းမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

ပန်းသီရိဒေါရပ်ကွက်တွင် မီးလောင်နေကြောင်း ပြည်သူတစ်ဦး သတင်းပေးမှုကြောင့် မီးလောင်မှုဖြစ်ပွားရာသို့ လွိုင်ကော်ခရိုင်မီးသတ်တပ်ဖွဲ့များက သွားရောက်ငြိမ်းသတ်ခဲ့ကြပြီး ည (၁၁) နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သောနေအိမ်မှာ အိမ်ရှင်ဒေါ်အေးဒေ၏ နေအိမ်ဖြစ်ပြီး မီးလောင်ရာတွင် ၎င်းနေအိမ်၌ ငှါးရမ်းနေထိုင်သော ဒေါ်ဝင်းအား မတွေ့ရှိဘဲ မီးလောင်မှုတွင် ရုပ်အလောင်းတစ်ခု၏ အပိုင်းအစများသာ တွေ့ရှိသဖြင့် လူ(သို့မဟုတ် ) တိရိစ္ဆာန်ခွဲခြား၍မရသဖြင့် လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ပြီး ဖဖော်ဝါရီ (၁၅)ရက် နံနက် (၉းဝဝ)နာရီအချိန် အဆိုပါဆေးရုံရှိ ဆရာဝန်များ ၏စစ်ဆေး အတည်ပြုချက်အရ သားအိမ်တွေ့ရှိ ကြောင်းနှင့် အမျိုးသမီးအလောင်း ဖြစ်ကြောင်းသိရှိရခြင်းဖြစ်ကြောင်း သိရသည်။

အတူနေထိုင်သော သားဖြစ်သူ ဝင်းကိုကိုအား ခေါ်ယူမေးမြန်းခဲ့ရာ ၎င်းနေအိမ်တွင် မီးလောင်ချိန်၌ မိခင်ဖြစ်သူ ဒေါ်ဝင်းရှိနေသည်ကို အတည်ပြု ပြောကြားခဲ့ကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းခဲ့သော နေအိမ်မှာ (၁၀ x ၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်ဖြစ်ပြီး မီးဖိုမီးကြွင်း မီးကျန်များမှအနီးရှိ ထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါနေအိမ်အား ငှားရမ်းနေထိုင်သည့် အသက် (၅၉)နှစ်အရွယ် အမျိုးသမီးမှာ မီးလောင်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #ကိုစိုင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~