ဖမ္​းဆီး ရမိၿပီးအမႈ႕ၿပီးျပက္​​ေသာသစ္​မ်ားအား ျပည္​သူမ်ားသို႔​ေလလံတင္​​ေရာင္​းခ်မည္​

ဖမ္​းဆီး ရမိၿပီးအမႈ႕ၿပီးျပက္​​ေသာသစ္​မ်ားအား ျပည္​သူမ်ားသို႔​ေလလံတင္​​ေရာင္​းခ်မည္​
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

ကယားျပည္နယ္အတြင္း  တရားမ၀င္သစ္ ဖမ္းဆီးရမိမႈမ်ားထဲက အမႈကိစၥ ၿပီးျပတ္ေသာ သစ္မ်ားအား ျပည္သူမ်ားသို႔ ေလလံတင္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ကယားျပည္နယ္ သဘာဝသယံဇာတႏွင္​့ သတၱဳတြင္​းဝန္​ႀကီး ဦးတီရယ္​က ေျပာၾကားလိုက္သည္။

"ကြ်န္ေတာ္တို႔ ဖမ္​းထားတဲ့ သစ္​​ေတြကို ​ ျပည္​သူ​ေတြကို ​ေရာင္​းခ်​ေပးမယ္​။ အရင္​ႏွစ္​က ဖမ္​းမိထားတဲ့ သစ္​​ေတြလည္​း က်န္​​ေန​ေသးတယ္​ အဲ့ဒါက အမႈမၿပီးျပတ္ ​​ေသးဘူး​၊ အမႈၿပီးျပတ္​မွ ​ေလလံတင္​ၿပီး​ေရာင္​းလို႔ရတာ​ေပါ့၊ တခ်ိဳ႕အမႈဆို ​ေျခာက္​လ တစ္​ႏွစ္​ၾကာတယ္​" ဟု ကယားျပည္နယ္ သဘာဝသယံဇာတႏွင္​့သတၱဳတြင္​းဝန္​ႀကီး ဦးတီရယ္​က တာခ်ီလိတ္​သတင္​းေအ​ေဂ်စီ သို႔​ေျပာသည္​။

​ေလလံတင္​​ေရာင္​းခ်ျခင္​းမ်ား လုပ္​​ေဆာင္​ရာတြင္ သစ္​အ​ေကာင္​းစား ​ေလးမ်ိဳးထဲမွ ပိ​ေတာက္​၊ သံမလန္​း သစ္​မ်ားအား သစ္​ထုတ္​လုပ္​​ေရးမွ ​ေရာင္​းခ်သြားမည္ျဖစ္​ၿပီး၊ ကြၽန္​းႏွင္​့ အင္​သစ္​မ်ားအား သစ္​ေတာဌာနမွ ​ေလလံတင္​​ေရာင္​းခ်​ေပးသြားမည္ျဖစ္ၿပီး ရရွိလာမည့္ ေငြမ်ားအား ျပည္​နယ္​ဘ႑ာ​ေငြထဲသို႔ ​ေပးသြင္​း သြားမည္ျဖစ္​ေၾကာင္​း သိရသည္​။

"ျပန္​​ေရာင္​း​ေပးတာ​ေတာ့ ​ေကာင္​းပါတယ္​။ သစ္​ကဝယ္​ရတာ ႐ွားလာၿပီ​ေလ။ တစ္​ခါတ​ေလ ဟိုအ​ေဝးႀကီး​ေတြ သြား႐ွာတာ​ေတာင္​ ​ေရာင္​းဖို႔မ႐ွိၾကဘူး၊ သစ္​စက္​​ေတြမွာ​ေတာင္​ ႀကိဳမွာ​ေနရတယ္​။ မ​ေရာင္​းခင္​ အရင္​​ေၾကာ္​ျငာတာပဲျဖစ္​ျဖစ္​ အသိ​ေပးတာပဲျဖစ္​ျဖစ္​ လုပ္​ၿပီး​ေရာင္​း​ေစခ်င္​ပါတယ္​။ ကြ်န္ေတာ္တို႔အတြက္​ဆိုလဲ အဆင္​​ေျပတာ​ေပါ့ " ဟု လိြဳင္​​ေကာ္​ၿမိဳ႕မွ ပရိ​ေဘာဂလုပ္ငန္း လုပ္ကိုင္သူ ကိုခ်စ္​ဖူးက​ ေျပာသည္​။

၂၀၁၇ ခုႏွစ္​ ကတည္​းက ျပည္​နယ္​တြင္​း ဖမ္​းဆီးရမိ​ေသာ သစ္​မ်ားအား အမ်ားျပည္​သူအသုံးျပဳႏိုင္​ရန္​အတြက္​ ​ေလလံတင္​​ ေရာင္​းခ်​ေပးျခင္​းမ်ား လုပ္​​ေဆာင္​ခဲ့ၿပီး ယခုအခါတြင္​လည္​း ဖမ္​းဆီးရမိ​ေသာ သစ္​မ်ားႏွင္​့ ယခင္​က်န္​႐ွိၿပီး အမႈ႕ၿပီးျပတ္​​​ေသာသစ္​မ်ားအား ေလလံတင္​​ေရာင္​းခ် ျခင္​းမ်ား လုပ္​​ေဆာင္​သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

 


~~~~~~~~⊰

❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှုများထဲက အမှုကိစ္စ ပြီးပြတ်သော သစ်များအား ပြည်သူများသို့ လေလံတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် သဘာဝသယံဇာတနှင်​့ သတ္တုတွင်​းဝန်​ကြီး ဦးတီရယ်​က ပြောကြားလိုက်သည်။

"ကျွန်တော်တို့ ဖမ်​းထားတဲ့ သစ်​​တွေကို ​ ပြည်​သူ​တွေကို ​ရောင်​းချ​ပေးမယ်​။ အရင်​နှစ်​က ဖမ်​းမိထားတဲ့ သစ်​​တွေလည်​း ကျန်​​နေ​သေးတယ်​ အဲ့ဒါက အမှုမပြီးပြတ် ​​သေးဘူး​၊ အမှုပြီးပြတ်​မှ ​လေလံတင်​ပြီး​ရောင်​းလို့ရတာ​ပေါ့၊ တချို့အမှုဆို ​ခြောက်​လ တစ်​နှစ်​ကြာတယ်​" ဟု ကယားပြည်နယ် သဘာဝသယံဇာတနှင်​့သတ္တုတွင်​းဝန်​ကြီး ဦးတီရယ်​က တာချီလိတ်​သတင်​းအေ​ဂျေစီ သို့​ပြောသည်​။

​လေလံတင်​​ရောင်​းချခြင်​းများ လုပ်​​ဆောင်​ရာတွင် သစ်​အ​ကောင်​းစား ​လေးမျိုးထဲမှ ပိ​တောက်​၊ သံမလန်​း သစ်​များအား သစ်​ထုတ်​လုပ်​​ရေးမှ ​ရောင်​းချသွားမည်ဖြစ်​ပြီး၊ ကျွန်​းနှင်​့ အင်​သစ်​များအား သစ်​တောဌာနမှ ​လေလံတင်​​ရောင်​းချ​ပေးသွားမည်ဖြစ်ပြီး ရရှိလာမည့် ငွေများအား ပြည်​နယ်​ဘဏ္ဍာ​ငွေထဲသို့ ​ပေးသွင်​း သွားမည်ဖြစ်​ကြောင်​း သိရသည်​။

"ပြန်​​ရောင်​း​ပေးတာ​တော့ ​ကောင်​းပါတယ်​။ သစ်​ကဝယ်​ရတာ ရှားလာပြီ​လေ။ တစ်​ခါတ​လေ ဟိုအ​ဝေးကြီး​တွေ သွားရှာတာ​တောင်​ ​ရောင်​းဖို့မရှိကြဘူး၊ သစ်​စက်​​တွေမှာ​တောင်​ ကြိုမှာ​နေရတယ်​။ မ​ရောင်​းခင်​ အရင်​​ကြော်​ငြာတာပဲဖြစ်​ဖြစ်​ အသိ​ပေးတာပဲဖြစ်​ဖြစ်​ လုပ်​ပြီး​ရောင်​း​စေချင်​ပါတယ်​။ ကျွန်တော်တို့အတွက်​ဆိုလဲ အဆင်​​ပြေတာ​ပေါ့ " ဟု လွိုင်​​ကော်​မြို့မှ ပရိ​ဘောဂလုပ်ငန်း လုပ်ကိုင်သူ ကိုချစ်​ဖူးက​ ပြောသည်​။

၂၀၁၇ ခုနှစ်​ ကတည်​းက ပြည်​နယ်​တွင်​း ဖမ်​းဆီးရမိ​သော သစ်​များအား အများပြည်​သူအသုံးပြုနိုင်​ရန်​အတွက်​ ​လေလံတင်​​ ရောင်​းချ​ပေးခြင်​းများ လုပ်​​ဆောင်​ခဲ့ပြီး ယခုအခါတွင်​လည်​း ဖမ်​းဆီးရမိ​သော သစ်​များနှင်​့ ယခင်​ကျန်​ရှိပြီး အမှု့ပြီးပြတ်​​​သောသစ်​များအား လေလံတင်​​ရောင်​းချ ခြင်​းများ လုပ်​​ဆောင်​သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~