ေက်ာက္မဲစစ္ေဘးေရွာင္စခန္းတြင္ နမ့္ဆန္ၿမိဳ႕နယ္ ၾကက္ေသရြာမွ စစ္ေဘးေရွာင္မ်ား မျပန္ႏုိင္ေသး

ေက်ာက္မဲစစ္ေဘးေရွာင္စခန္းတြင္ နမ့္ဆန္ၿမိဳ႕နယ္ ၾကက္ေသရြာမွ စစ္ေဘးေရွာင္မ်ား မျပန္ႏုိင္ေသး
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕သို႔ ေရာက္ရွိေနသည့္ နမ့္ဆန္ၿမိဳ႕နယ္ ၾကက္ေသေက်းရြာမွ ေဒသခံ (၃၀၀)ဦးခန္႔သည္ ေနရပ္မ်ားတြင္ နယ္ေျမေအးခ်မ္းမႈ မရွိေသးသည့္အတြက္ ေနရပ္သို႔ မျပန္ႏိုင္ေသးဘဲ ေဖေဖာ္ဝါရီလအထိ ေက်ာက္မဲရွိ စစ္ေဘးေရွာင္စခန္း(၂)ခုတြင္ က်န္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။

“ၾကက္ေသေက်းရြာက လူဦးေရ (၃၀၀)ေက်ာ္ေလာက္ပဲ လက္ရွိအခ်ိန္ထိ မျပန္ႏိုင္ေသးပဲ က်န္ေနတာ။ သူတို႔ ရြာေတြကို ျပန္ၿပီးေတာ့ ေလ့လာတဲ့ အခ်ိန္မွာ မၿငိမ္းခ်မ္းေသးဘူးလို႔ ယူဆရတဲ့အတြက္ မျပန္ခ်င္ေသးတာလို႔ ေျပာတယ္။ တစ္ခ်ိဳ႕ကလည္း ရြာမွာက်န္ခဲ့တဲ့ေနအိမ္မွာ ပစၥည္းပစၥယေတြ မရွိေတာ့ဘူးလို႔ ေျပာတယ္။ ျပန္ဖို႔ အဆင္ေျပတဲ့အခ်ိန္က်ရင္ေတာ့ စားေသာက္ကုန္ေတြနဲ႔ က်န္တာေတြလည္း တတ္ႏိုင္သေလာက္ ေထာက္ပံ့ ေပးသြားဖို႔ စီစဥ္ထားပါတယ္” ဟု ေက်ာက္မဲစစ္ေဘးေရွာင္ ေကာ္မတီမွ ဥကၠဌ ဦးတင္ေမာင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၂၈) ႏွင့္ (၂၉) ရက္မ်ားမွစတင္၍ ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေင့ါၿမိဳ႕ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္ တို႔ရွိ ေက်းရြာအခ်ိဳ႕မွ ေဒသခံမ်ားမွာ ေက်ာက္မဲၿမိဳ႕သို႔ စတင္တိမ္းေရွာင္လာခဲ့ျခင္းျဖစ္ၿပီး ဇန္နဝါရီလ (၃ ) ရက္ေန႔ အထိ လူဦးေရ (၁၂၀၀) ေက်ာ္ရွိလာခဲ့သျဖင့္ ေက်ာက္မဲၿမိဳ႕တြင္ စစ္ေဘးေရွာင္ စခန္း (၄) ခု၊ မိုင္းေင့ါၿမိဳ႕တြင္ စစ္ေဘးေရွာင္စခန္း(၂)ခုတို႔ဖြင့္၍ လက္ခံေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ေတြ ျပန္ဖို႔ျဖစ္လာရင္လည္း သြားေရးလာေရးကအစ အဆင္ေျပေအာင္ စီစဥ္ေပးရမွာေပါ့။ ဒီမွာ ၾကာဦးမယ္ဆိုရင္ေတာ့ ဘာေတြထပ္လိုလာမလဲ မေျပာတတ္ေသးဘူး။ ေလာေလာဆယ္အထိကေတာ့ အဆင္ေျပပါတယ္။ အမွတ္(၈)ရပ္ကြက္က ေအာင္မဂၤလာေက်ာင္းရယ္၊ ေတာင္ေနာက္ေက်းရြာအုပ္စုထဲက ေအာင္ေျမသာယာေက်ာင္းရယ္ အဲဒီစခန္းႏွစ္ခုမွာပဲ လူ(၃၀၀) ေလာက္ ခြဲၿပီးေနေနပါတယ္” ဟု စစ္ေဘးေရွာင္ ေကာ္မတီဥကၠဌက ေျပာသည္။

အာေျပာင္ေက်းရြာမွ ေဒသခံ (၂၁၄)ဦးတို႔သည္ ဇန္နဝါရီလ(၂၅) ရက္ေန႔မွစတင္၍ ေနရပ္ျပန္သြားခဲ့ရာ လူႀကီးတစ္ဦးလွ်င္ ဆန္(၈)ျပည္၊ ကေလးတစ္ဦးလွ်င္ ဆန္(၄)ျပည္၊ လူတစ္ဦးလွ်င္ ေငြက်ပ္(၅၀၀၀)ႏွင့္ ဆီ (၅၀) သားတို႔အျပင္ အျခားရိကၡာေျခာက္မ်ားကိုလည္း စစ္ေဘးေရွာင္ေကာ္မတီမွ ေထာက္ပံ့ ေပးလိုက္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့သို့ ရောက်ရှိနေသည့် နမ့်ဆန်မြို့နယ် ကြက်သေကျေးရွာမှ ဒေသခံ (၃၀၀)ဦးခန့်သည် နေရပ်များတွင် နယ်မြေအေးချမ်းမှု မရှိသေးသည့်အတွက် နေရပ်သို့ မပြန်နိုင်သေးဘဲ ဖေဖော်ဝါရီလအထိ ကျောက်မဲရှိ စစ်ဘေးရှောင်စခန်း(၂)ခုတွင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ကြက်သေကျေးရွာက လူဦးရေ (၃၀၀)ကျော်လောက်ပဲ လက်ရှိအချိန်ထိ မပြန်နိုင်သေးပဲ ကျန်နေတာ။ သူတို့ ရွာတွေကို ပြန်ပြီးတော့ လေ့လာတဲ့ အချိန်မှာ မငြိမ်းချမ်းသေးဘူးလို့ ယူဆရတဲ့အတွက် မပြန်ချင်သေးတာလို့ ပြောတယ်။ တစ်ချို့ကလည်း ရွာမှာကျန်ခဲ့တဲ့နေအိမ်မှာ ပစ္စည်းပစ္စယတွေ မရှိတော့ဘူးလို့ ပြောတယ်။ ပြန်ဖို့ အဆင်ပြေတဲ့အချိန်ကျရင်တော့ စားသောက်ကုန်တွေနဲ့ ကျန်တာတွေလည်း တတ်နိုင်သလောက် ထောက်ပံ့ ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ကျောက်မဲစစ်ဘေးရှောင် ကော်မတီမှ ဥက္ကဌ ဦးတင်မောင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၈) နှင့် (၂၉) ရက်များမှစတင်၍ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နှင့် နမ့်ဆန်မြို့နယ် တို့ရှိ ကျေးရွာအချို့မှ ဒေသခံများမှာ ကျောက်မဲမြို့သို့ စတင်တိမ်းရှောင်လာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၃ ) ရက်နေ့ အထိ လူဦးရေ (၁၂၀၀) ကျော်ရှိလာခဲ့သဖြင့် ကျောက်မဲမြို့တွင် စစ်ဘေးရှောင် စခန်း (၄) ခု၊ မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင်စခန်း(၂)ခုတို့ဖွင့်၍ လက်ခံပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေ ပြန်ဖို့ဖြစ်လာရင်လည်း သွားရေးလာရေးကအစ အဆင်ပြေအောင် စီစဉ်ပေးရမှာပေါ့။ ဒီမှာ ကြာဦးမယ်ဆိုရင်တော့ ဘာတွေထပ်လိုလာမလဲ မပြောတတ်သေးဘူး။ လောလောဆယ်အထိကတော့ အဆင်ပြေပါတယ်။ အမှတ်(၈)ရပ်ကွက်က အောင်မင်္ဂလာကျောင်းရယ်၊ တောင်နောက်ကျေးရွာအုပ်စုထဲက အောင်မြေသာယာကျောင်းရယ် အဲဒီစခန်းနှစ်ခုမှာပဲ လူ(၃၀၀) လောက် ခွဲပြီးနေနေပါတယ်” ဟု စစ်ဘေးရှောင် ကော်မတီဥက္ကဌက ပြောသည်။

အာပြောင်ကျေးရွာမှ ဒေသခံ (၂၁၄)ဦးတို့သည် ဇန်နဝါရီလ(၂၅) ရက်နေ့မှစတင်၍ နေရပ်ပြန်သွားခဲ့ရာ လူကြီးတစ်ဦးလျှင် ဆန်(၈)ပြည်၊ ကလေးတစ်ဦးလျှင် ဆန်(၄)ပြည်၊ လူတစ်ဦးလျှင် ငွေကျပ်(၅၀၀၀)နှင့် ဆီ (၅၀) သားတို့အပြင် အခြားရိက္ခါခြောက်များကိုလည်း စစ်ဘေးရှောင်ကော်မတီမှ ထောက်ပံ့ ပေးလိုက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~