(၂၂) ႏွစ္ေအာက္ အမ်ဳိးသားေဘာလုံးၿပိဳင္ပြဲတြင္ ျပည္ေထာင္စုဖလားရသြားသည့္ ကယားျပည္နယ္အသင္းအား ျပည္နယ္အစိုးရအဖြဲ႕ ဂုဏ္ျပဳညစာျဖင့္ႀကိဳဆို

(၂၂) ႏွစ္ေအာက္ အမ်ဳိးသားေဘာလုံးၿပိဳင္ပြဲတြင္ ျပည္ေထာင္စုဖလားရသြားသည့္ ကယားျပည္နယ္အသင္းအား ျပည္နယ္အစိုးရအဖြဲ႕ ဂုဏ္ျပဳညစာျဖင့္ႀကိဳဆို
ဖေဖော်ဝါရီ 10, 2018
By 🌸
၂၀၁၈ ခုႏွစ္၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ (၂၂) ႏွစ္ေအာက္ အမ်ဳိးသားေဘာလုံးၿပိဳင္ပြဲတြင္ တံခြန္စုိက္ဆုဖလား (ျပည္ေထာင္စုဖလား) ရရွိသည့္ ကယားျပည္နယ္ေဘာလုံးအသင္းအား ကယားျပည္နယ္အစုိးရအဖြဲ႕က ဇန္နဝါရီလ (၉)ရက္ေန႔က ဂုဏ္ျပဳညစာ စားပြဲျဖင့္ ႀကိဳဆုိဂုဏ္ျပဳေၾကာင္း သိရသည္။

ျပည္နယ္ေဘာလံုးအသင္းအား ကယားျပည္နယ္အစုိးရအဖြဲ႕၊ ျပည္နယ္၀န္ႀကီးခ်ဳပ္က ဂုဏ္ျပဳဆုေငြ က်ပ္(၁၃) သိန္း၊ ဦးေဘာ္ရယ္၊ ဗုိလ္မွဴးႀကီးညီညီ (ၿငိ္မ္း)၊ ရန္ကုန္စည္ပင္ႏွင့္ ဗုိလ္မွဴးဖုိးသင္းတုိ႔က ေငြက်ပ္ (၆) သိန္း၊ ဦးေရႊမ်ဳိးသန္႔က ေငြက်ပ္(၅)သိန္း၊ လြဳိင္ေကာ္ၿမိဳ႕ေပၚ ေဘာလုံးအားကစား ၀ါသနာရွင္မ်ားက ေငြက်ပ္(၁၀)သိန္းႏွင့္  ပြဲစဥ္တေလ်ာက္လုံးအတြက္ အေရွ႕သံလြင္ကုမၸဏီက ေငြက်ပ္(၃၀) သိန္း  စုစုေပါင္း ေငြက်ပ္ (၆၄) သိန္းအား ေထာက္ပံ့ေပးအပ္ေၾကာင္း သိရသည္။

ေဘာလံုးအသင္းအား ဂုဏ္ျပဳပြဲအခမ္းအနားသုိ႕ ကယားျပည္နယ္အစုိးရအဖြဲ႕၊ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ျပည္နယ္ လႊတ္ေတာ္ ဥကၠဌ၊  ဒုဥကၠဌ၊ ျပည္နယ္အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္ စာရင္းစစ္ခ်ဳပ္၊ ဌာနဆုိင္ရာတာဝန္ရိွသူမ်ား၊ ႀကီးၾကပ္သူအရာရွိမ်ား၊ နည္းျပမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ (၂၂) ႏွစ္ေအာက္ အမ်ဳိးသားေဘာလုံးၿပိဳင္ပြဲမ်ားကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂၂) ရက္ေန႕မွ  ေဖေဖၚဝါရီလ(၈) ရက္ေန႕အထိ ေနျပည္ေတာ္တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

ဓါတ္ပံု #ျပည္နယ္အစိုးရ

~~~~~~~~⊰❂ unicode ~~~~~~~~
(၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုဖလားရသွားသည့် ကယားပြည်နယ်အသင်းအား ပြည်နယ်အစိုးရအဖွဲ့ ဂုဏ်ပြုညစာဖြင့်ကြိုဆို
****************
၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား (ပြည်ထောင်စုဖလား) ရရှိသည့် ကယားပြည်နယ်ဘောလုံးအသင်းအား ကယားပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီလ (၉)ရက်နေ့က ဂုဏ်ပြုညစာ စားပွဲဖြင့် ကြိုဆိုဂုဏ်ပြုကြောင်း သိရသည်။

ပြည်နယ်ဘောလုံးအသင်းအား ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ကျပ်(၁၃) သိန်း၊ ဦးဘော်ရယ်၊ ဗိုလ်မှူးကြီးညီညီ (ငြိ်မ်း)၊ ရန်ကုန်စည်ပင်နှင့် ဗိုလ်မှူးဖိုးသင်းတို့က ငွေကျပ် (၆) သိန်း၊ ဦးရွှေမျိုးသန့်က ငွေကျပ်(၅)သိန်း၊ လွိုင်ကော်မြို့ပေါ် ဘောလုံးအားကစား ၀ါသနာရှင်များက ငွေကျပ်(၁၀)သိန်းနှင့်  ပွဲစဉ်တလျောက်လုံးအတွက် အရှေ့သံလွင်ကုမ္ပဏီက ငွေကျပ်(၃၀) သိန်း  စုစုပေါင်း ငွေကျပ် (၆၄) သိန်းအား ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဌ၊  ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြီးကြပ်သူအရာရှိများ၊ နည်းပြများ တက်ရောက်ကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှ  ဖေဖေါ်ဝါရီလ(၈) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ #ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~