ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း ဇန္နဝါရီလကုန္မွစ၍ ထိေတြ႕ပစ္ခတ္မႈမ်ား ျဖစ္ပြားေန၍ နယ္ေျမခံတပ္ လွည့္ကင္းေဆာင္ရြက္ေန

ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း ဇန္နဝါရီလကုန္မွစ၍ ထိေတြ႕ပစ္ခတ္မႈမ်ား ျဖစ္ပြားေန၍ နယ္ေျမခံတပ္ လွည့္ကင္းေဆာင္ရြက္ေန
ဖေဖော်ဝါရီ 6, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္ဇန္နဝါရီလ (၃၁) ရက္ေန႔မွစတင္၍ အတည္မျပဳႏုိင္သည့္ လက္နက္ကိုင္အဖြဲ႔ႏွင့္ နယ္ေျမခံ တပ္မေတာ္တို႔ ထိေတြ႔ပစ္ခတ္မႈမ်ားရိွေနသျဖင့့္ ညမထြက္ရအမိန္႔မထုတ္ေသာ္လည္း ေဒသခံမ်ားက ညပိုင္းအျပင္ထြက္ျခင္း မရိွေတာ့ေၾကာင္း သိရသည္။

ကြတ္ခုိင္ၿမိဳ႕အေျခစိုက္ တပ္မေတာ္၏ ဂိတ္စခန္းတစ္ခုအား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ (၃၁) ရက္ေန႔ညပိုင္းတြင္ ရပ္ကြက္(၁)ဘက္မွေန၍ ပုခံုးထမ္းေလာင္ခ်ာဟုယူဆရသည့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ကြတ္ခုိင္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားထံအေၾကာင္းၾကားကာ နယ္ေျမခံတပ္က လွည့္ကင္း ေဆာင္ရြက္ေနေၾကာင္း ကြတ္ခိုင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ေဖေဖၚဝါရီလ (၆) ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။

အဆိုပါ ပစ္ခတ္မႈေနာက္ပိုင္းတြင္ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာေက်းရြာႏွင့္ (၅)မိုင္ခန္႔ေဝးကြာသည့္ ပန္ဖိတ္ေက်းရြာအနီးတြင္လည္း ေဖေဖၚဝါရီလ (၅)ရက္ေန႔က ထိေတြ႔ပစ္ခတ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
“ကြတ္ခိုင္ကေန ျပည္ေထာင္စုလမ္းမႀကီးအတိုင္း မူဆယ္ဘက္ကိုသြားတဲ့ဘက္က နမ့္ဖတ္ကာအနီးမွာ ပစ္ခတ္ၾကတဲ့အသံေတြၾကားရတယ္။ ေလယာဥ္ပ်ံေတြလည္း ျမင္ရတယ္။ ဓါတ္ပံုရိုက္လို႔မရတဲ့အကြာအေဝး ေတာ့ရွိတယ္။ ညမထြက္ရအမိန္႔ထုတ္ထားတယ္လို႔လည္း ၾကားတယ္။ ရပ္ကြက္(၁)နားမွာျဖစ္တဲ့ ပစ္ခတ္မႈ ေတြတုန္းကဆိုရင္ ေသနတ္ပစ္တဲ့ မီးေရာင္ေတြေတာင္ျမင္ရတယ္။ အဲဒီေနာက္ပိုင္း ည(၆)နာရီေက်ာ္ရင္ အျပင္ထြက္တဲ့သူသိပ္မရွိေတာ့ဘူး” ဟု ကြတ္ခိုင္ၿမိဳ႕မွ ေဒသခံအမ်ိဳးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ညမထြက္ရအမိန္႔ထုတ္ျပန္ျခင္းမရိွေသာ္လည္း ထိေတြ႔ပစ္ခတ္မႈမ်ားရိွေနသျဖင့္ ေဒသခံမ်ားက ညပိုင္းအျပင္ထြက္ျခင္းအား သတိထားေနရာ ညမထြက္ရအမိန္႔  ပုဒ္မ(၁၄၄) ထုတ္ျပန္ထားသည္ဟု သတင္းမွားမ်ားလည္း ထြက္ေနေၾကာင္း ကြတ္ခိုင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဌာနထံမွ သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကွတ်ခိုင်မြို့နယ်အတွင်း ဇန်နဝါရီလကုန်မှစ၍ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ နယ်မြေခံတပ် လှည့်ကင်းဆောင်ရွက်နေ
******************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်ဇန်နဝါရီလ (၃၁) ရက်နေ့မှစတင်၍ အတည်မပြုနိုင်သည့် လက်နက်ကိုင်အဖွဲ့နှင့် နယ်မြေခံ တပ်မတော်တို့ ထိတွေ့ပစ်ခတ်မှုများရှိနေသဖြင့့် ညမထွက်ရအမိန့်မထုတ်သော်လည်း ဒေသခံများက ညပိုင်းအပြင်ထွက်ခြင်း မရှိတော့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့အခြေစိုက် တပ်မတော်၏ ဂိတ်စခန်းတစ်ခုအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၃၁) ရက်နေ့ညပိုင်းတွင် ရပ်ကွက်(၁)ဘက်မှနေ၍ ပုခုံးထမ်းလောင်ချာဟုယူဆရသည့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်များတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံအကြောင်းကြားကာ နယ်မြေခံတပ်က လှည့်ကင်း ဆောင်ရွက်နေကြောင်း ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် အတည်ပြုပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုနောက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနှင့် (၅)မိုင်ခန့်ဝေးကွာသည့် ပန်ဖိတ်ကျေးရွာအနီးတွင်လည်း ဖေဖေါ်ဝါရီလ (၅)ရက်နေ့က ထိတွေ့ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
“ကွတ်ခိုင်ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း မူဆယ်ဘက်ကိုသွားတဲ့ဘက်က နမ့်ဖတ်ကာအနီးမှာ ပစ်ခတ်ကြတဲ့အသံတွေကြားရတယ်။ လေယာဉ်ပျံတွေလည်း မြင်ရတယ်။ ဓါတ်ပုံရိုက်လို့မရတဲ့အကွာအဝေး တော့ရှိတယ်။ ညမထွက်ရအမိန့်ထုတ်ထားတယ်လို့လည်း ကြားတယ်။ ရပ်ကွက်(၁)နားမှာဖြစ်တဲ့ ပစ်ခတ်မှု တွေတုန်းကဆိုရင် သေနတ်ပစ်တဲ့ မီးရောင်တွေတောင်မြင်ရတယ်။ အဲဒီနောက်ပိုင်း ည(၆)နာရီကျော်ရင် အပြင်ထွက်တဲ့သူသိပ်မရှိတော့ဘူး” ဟု ကွတ်ခိုင်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းမရှိသော်လည်း ထိတွေ့ပစ်ခတ်မှုများရှိနေသဖြင့် ဒေသခံများက ညပိုင်းအပြင်ထွက်ခြင်းအား သတိထားနေရာ ညမထွက်ရအမိန့်  ပုဒ်မ(၁၄၄) ထုတ်ပြန်ထားသည်ဟု သတင်းမှားများလည်း ထွက်နေကြောင်း ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနထံမှ သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~