က်ဳိင္းတံုတြင္ မိမိကိုယ္ကို ဓါးျဖင့္ထုိး၍ ေသေၾကာင္းႀကံသည့္ လူငယ္အား အမႈဖြင့္ အေရးယူထား

က်ဳိင္းတံုတြင္ မိမိကိုယ္ကို ဓါးျဖင့္ထုိး၍ ေသေၾကာင္းႀကံသည့္ လူငယ္အား အမႈဖြင့္ အေရးယူထား
ဖေဖော်ဝါရီ 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရိွ လ(လယ္)ရြာတြင္ ေဖေဖာ္ဝါရီလ (၁၉)ရက္ေန႔ ေန႔လယ္ပိုင္းက အမ်ိဳးသားတစ္ဦး ဗိုက္ကိုဓားျဖင့္ထိုး၍ ေသေၾကာင္းၾကံစည္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

မိခင္ျဖစ္သူႏွင့္အတူ ေနအိမ္တြင္ရိွေနသည့္ စိုင္းလုံေမြသည္  ေနအိမ္ဝင္ေပါက္အနီးတြ ဝမ္းဗိုက္၌ ေသြးမ်ားထြက္၍ လက္ထဲတြင္ စတီးဓားတစ္ေခ်ာင္းကို ကိုင္ထားၿပီး လဲက်ေနသည္ကို ေက်ာင္းျပန္ လာသည့္ (၈)တန္းေက်ာင္းသူ ညီမျဖစ္သူက ေတြ႔သျဖင့္ အိပ္ေပ်ာ္ေနသည့္ မိခင္အားႏိႈးကာ ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စိုင္းလံုေမြအား က်ိဳင္းတံုျပည္သူ႔ေဆးရုံႀကီးသို႔ ပို႔ေဆာင္ကုသရာ အသက္အႏၱရာယ္ မစိုးရိမ္ရေတာ့ေၾကာင္း သိရၿပီး စိုင္းလုံေမြမွာ အျခားသူမ်ားႏွင္႔ ျပႆနာတက္ထားျခင္းမရွိဘဲ မိမိကိုယ္ကို ဓားျဖင္႔ထိုးျခင္းသာ ျဖစ္ေၾကာင္း မိခင္ျဖစ္သူႏွင္႔ ညီမျဖစ္သူထံမွ သိရသည္။

မိမိကိုယ္ကို သတ္ေသရန္ ႀကိဳးစားသူ စိုင္းလုံေမြအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၄၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၉အရ အမႈဖြင္႔ အေရးယူထားေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်ရှိ လ(လယ်)ရွာတွင် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ဗိုက်ကိုဓားဖြင့်ထိုး၍ သေကြောင်းကြံစည်မှု ဖြစ်ပွားကြောင်း သိရသည်။

မိခင်ဖြစ်သူနှင့်အတူ နေအိမ်တွင်ရှိနေသည့် စိုင်းလုံမွေသည် နေအိမ်ဝင်ပေါက်အနီးတွ ဝမ်းဗိုက်၌ သွေးများထွက်၍ လက်ထဲတွင် စတီးဓားတစ်ချောင်းကို ကိုင်ထားပြီး လဲကျနေသည်ကို ကျောင်းပြန် လာသည့် (၈)တန်းကျောင်းသူ ညီမဖြစ်သူက တွေ့သဖြင့် အိပ်ပျော်နေသည့် မိခင်အားနှိုးကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းလုံမွေအား ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသရာ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရပြီး စိုင်းလုံမွေမှာ အခြားသူများနှင့် ပြဿနာတက်ထားခြင်းမရှိဘဲ မိမိကိုယ်ကို ဓားဖြင့်ထိုးခြင်းသာ ဖြစ်ကြောင်း မိခင်ဖြစ်သူနှင့် ညီမဖြစ်သူထံမှ သိရသည်။

မိမိကိုယ်ကို သတ်သေရန် ကြိုးစားသူ စိုင်းလုံမွေအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~