ေက်ာက္မဲၿမိဳ႕တြင္ တစ္လေက်ာ္တိမ္းေရွာင္ေနသည့္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္

ေက်ာက္မဲၿမိဳ႕တြင္ တစ္လေက်ာ္တိမ္းေရွာင္ေနသည့္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္
ဖေဖော်ဝါရီ 8, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ တစ္လေက်ာ္ တိမ္းေရွာင္လာသည့္ စစ္ေဘးေရွာင္မ်ားသည္ ေဖေဖၚဝါရီလ(၈)ရက္ေန႔တြင္ ေနရပ္သို႔ အသီးသီးျပန္သြားၾကၿပီျဖစ္ေၾကာင္း သိရသည္။

 “အခုကားသံုးစီးနဲ႔ ေန႔လယ္ပိုင္းမွာ ျပန္သြားၾကတယ္။ ျပန္တဲ့လူဦးေရက ေအာင္မဂၤလာေက်ာင္းရယ္ ေအာင္ေျမသာယာေက်ာင္းရယ္ဆိုရင္ (၂၅၀)ေက်ာ္ျပန္သြားတယ္။ ေက်ာက္မဲမွာက်န္ခဲ့တာက စတုတၳတန္း ေက်ာင္းသူေက်ာင္းသား(၁၀)ဦးေလာက္ရယ္၊ သူတို႔ကိုထမင္းဟင္းခ်က္ေပးမယ့္သူေတြရယ္၊ ဆရာဆရာမ တစ္ခ်ိဳ႕ရယ္ စုစုေပါင္း အေယာက္(၂၀)ေလာက္ပဲ ေအာင္မဂၤလာေက်ာင္းမွာက်န္ေတာ့တယ္” ဟု ေက်ာက္မဲရွိ စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသည့္ ကိုသားေဇာ္(ေမတၱာအိုးေဝ) က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ေက်ာင္းသူေက်ာင္းသားမ်ားသည္ ေက်ာက္မဲၿမိဳ႕တြင္ စာေမးပြဲေျဖဆိုမည္ျဖစ္၍ က်န္ေနခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

 “သူတို႔ေဒသေတြအေျခအေနကေတာ့ ေအးခ်မ္းၿပီလား မေအးခ်မ္းေသးဘူးလားဆိုတာ ေျပာလို႔မရေသးဘူး။ အဓိက သူတို႔ျပန္ခ်င္ၾကတာက လက္ဖက္စိုက္ခင္းေတြကို ျပန္ၿပီးအလုပ္လုပ္ဖို႔အတြက္ ျပန္ခ်င္တာ။ လာမယ့္ ေရႊဖီလက္ဖက္ခ်ိန္မွာ လက္ဖက္ခူးႏိုင္ဖို႔ အခုခ်ိန္မွာျပန္ၿပီး အလုပ္လုပ္မွ စိုက္ခင္းေတြက အဆင္ေျပမွာလို႔ ေျပာတယ္။ ဒါေၾကာင့္ျပန္ၾကတာ။ ျပန္ဖို႔အတြက္ကေတာ့ စစ္ေဘးေရွာင္ေကာ္မတီကေန စီစဥ္ေပးပါတယ္” ဟု ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီမွ ဥကၠဌ ဦးတင္ေမာင္ဦးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနရပ္ျပန္ စစ္ေဘးေရွာင္မ်ားအတြက္ လူႀကီးတစ္ဦးလွ်င္ ဆန္(၈)ျပည္၊ ကေလးတစ္ဦးလ်ွင္ ဆန္(၄)ျပည္ႏွင့္ လူတစ္ဦးလွ်င္ ဆီ(၅၀)က်ပ္သား၊ ေငြက်ပ္ငါးေထာင္တို႔အျပင္ ဟင္းခ်က္စရာမ်ား၊ အဝတ္အထည္ႏွင့္ ေစာင္မ်ား စသည္တို႔ကို ခြဲေဝေပးခဲ့ၿပီး ေနရပ္မ်ားသို႔ ျပန္ႏိုင္ရန္အတြက္ ေမာ္ေတာ္ယာဥ္မ်ားကိုလည္း ေကာ္မတီမွ ငွားရမ္း ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ေက်ာက္မဲသို႔ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္ေန႔မွစ၍  နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ မိုင္းေငါ့ ၿမိဳ႕အနီးရွိေက်းရြာမ်ားမွ စစ္ေဘးေရွာင္ဦးေရ (၁၂၀၀)ေက်ာ္ လာေရာက္ခိုလံႈခဲ့ၾကျခင္းျဖစ္ေသာ္လည္း ဇန္နဝါရီလတြင္ေနရပ္မ်ားသို႔ အသီးသီးျပန္သြားခဲ့ရာမွ ေနာက္ဆံုးက်န္ရွိေနသူမ်ားမွာ ေဖေဖၚဝါရီလတြင္ ေနရပ္ျပန္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီကို ၂၀၁၆ ခုႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး စစ္ေဘးေရွာင္မ်ားအေရး ကူညီေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် တစ်လကျော်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များ နေရပ်ပြန်
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တစ်လကျော် တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် ဖေဖေါ်ဝါရီလ(၈)ရက်နေ့တွင် နေရပ်သို့ အသီးသီးပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

 “အခုကားသုံးစီးနဲ့ နေ့လယ်ပိုင်းမှာ ပြန်သွားကြတယ်။ ပြန်တဲ့လူဦးရေက အောင်မင်္ဂလာကျောင်းရယ် အောင်မြေသာယာကျောင်းရယ်ဆိုရင် (၂၅၀)ကျော်ပြန်သွားတယ်။ ကျောက်မဲမှာကျန်ခဲ့တာက စတုတ္ထတန်း ကျောင်းသူကျောင်းသား(၁၀)ဦးလောက်ရယ်၊ သူတို့ကိုထမင်းဟင်းချက်ပေးမယ့်သူတွေရယ်၊ ဆရာဆရာမ တစ်ချို့ရယ် စုစုပေါင်း အယောက်(၂၀)လောက်ပဲ အောင်မင်္ဂလာကျောင်းမှာကျန်တော့တယ်” ဟု ကျောက်မဲရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ကိုသားဇော်(မေတ္တာအိုးဝေ) က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ကျောင်းသူကျောင်းသားများသည် ကျောက်မဲမြို့တွင် စာမေးပွဲဖြေဆိုမည်ဖြစ်၍ ကျန်နေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 “သူတို့ဒေသတွေအခြေအနေကတော့ အေးချမ်းပြီလား မအေးချမ်းသေးဘူးလားဆိုတာ ပြောလို့မရသေးဘူး။ အဓိက သူတို့ပြန်ချင်ကြတာက လက်ဖက်စိုက်ခင်းတွေကို ပြန်ပြီးအလုပ်လုပ်ဖို့အတွက် ပြန်ချင်တာ။ လာမယ့် ရွှေဖီလက်ဖက်ချိန်မှာ လက်ဖက်ခူးနိုင်ဖို့ အခုချိန်မှာပြန်ပြီး အလုပ်လုပ်မှ စိုက်ခင်းတွေက အဆင်ပြေမှာလို့ ပြောတယ်။ ဒါကြောင့်ပြန်ကြတာ။ ပြန်ဖို့အတွက်ကတော့ စစ်ဘေးရှောင်ကော်မတီကနေ စီစဉ်ပေးပါတယ်” ဟု ကျောက်မဲစစ်ဘေးရှောင်ကော်မတီမှ ဥက္ကဌ ဦးတင်မောင်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန် စစ်ဘေးရှောင်များအတွက် လူကြီးတစ်ဦးလျှင် ဆန်(၈)ပြည်၊ ကလေးတစ်ဦးလျှင် ဆန်(၄)ပြည်နှင့် လူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား၊ ငွေကျပ်ငါးထောင်တို့အပြင် ဟင်းချက်စရာများ၊ အဝတ်အထည်နှင့် စောင်များ စသည်တို့ကို ခွဲဝေပေးခဲ့ပြီး နေရပ်များသို့ ပြန်နိုင်ရန်အတွက် မော်တော်ယာဉ်များကိုလည်း ကော်မတီမှ ငှားရမ်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်မဲသို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့မှစ၍  နမ့်ဆန်မြို့နယ်နှင့် မိုင်းငေါ့ မြို့အနီးရှိကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ (၁၂၀၀)ကျော် လာရောက်ခိုလှုံခဲ့ကြခြင်းဖြစ်သော်လည်း ဇန်နဝါရီလတွင်နေရပ်များသို့ အသီးသီးပြန်သွားခဲ့ရာမှ နောက်ဆုံးကျန်ရှိနေသူများမှာ ဖေဖေါ်ဝါရီလတွင် နေရပ်ပြန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲစစ်ဘေးရှောင်ကော်မတီကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~