တနိုင္းၿမိဳ႕နယ္အတြင္း တုိက္ပြဲၾကားပိတ္မိေနသည့္ ျပည္သူ ၈၉ ဦးကို ေဘးကင္းရာေရႊ႕ေျပာင္း

တနိုင္းၿမိဳ႕နယ္အတြင္း တုိက္ပြဲၾကားပိတ္မိေနသည့္ ျပည္သူ ၈၉ ဦးကို ေဘးကင္းရာေရႊ႕ေျပာင္း
ဖေဖော်ဝါရီ 5, 2018
By 🌸
ကခ်င္ျပည္နယ္ တႏုိင္းၿမိဳ႕နယ္အတြင္း တုိက္ပြဲၾကားတြင္ ပိတ္မိေနသည့္ ေရႊႏွင့္ ပယင္းေမွာ္မ်ားမွ လူဦးေရ (၈၉)ဦးကို ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၄)ရက္ေန႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး၊ ရဲတပ္ဖြဲ႕၊ ဌာနဆိုင္ရာႏွင့္ လူမႈေရးအဖြဲ႕မ်ားက ေဘးကင္းရာသို႔ ေရႊ႕ေျပာင္းေပးထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ သတင္းအရ သိရသည္။

တနိုင္းၿမိဳ႕မွ ဒကစ (တနိုင္း)၊ တနိုင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖြဲ႕မ်ား၊ တနိုင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအဖြဲ႕မ်ားက ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၄) ရက္ေန႔ နံနက္ (၇)နာရီခြဲဝန္းက်င္တြင္ တုိက္ပြဲၾကားပိတ္မိေနသည့္  ေရႊ/ပယင္းေမွာ္လုပ္သား အမ်ိဳးသား (၇၂)ဦးႏွင့္ အမ်ိဳးသမီး (၁၇)ဦး စုစုေပါင္း (၈၉) ဦးတို႔အား စက္ေလွအစီး (၃၀)ျဖင့္ နမ့္ကြမ္းေပါက္ဝမွ ဆင္မ္ဆာ့ရပ္ကြက္(ကြက္သစ္)ရွိ အားကစားကြင္းသို႔ ေခၚေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းတို႔အနက္ တနိုင္းေဒသခံ အမ်ိဳးသား (၆၀)ဦးႏွင့္ အမ်ိဳးသမီး (၁၆)ဦး စုစုေပါင္း (၇၆) ဦးတို႔အား သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားထံ လႊဲေျပာင္းအပ္ႏွံေပးခဲ့ၿပီး ရပ္ေဝးမွ အမ်ိဳးသား (၁၂)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးတို႔အား ေမာ္ေတာ္ယာဥ္သံုးစီးျဖင့္ တႏုိင္းၿမိဳ႕မွေန၍ ၎တို႔၏ေနရပ္အသီးသီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

တနိုင္းၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ နီးစပ္ရာေမွာ္မ်ားႏွင့္ နမ့္ကြမ္းေခ်ာင္းေပါက္ဝတို႔တြင္ ပိတ္မိေနသည့္ျပည္သူ (၃၃၀၀)ခန္႔ကိုလည္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၃၀)ရက္ေန႔တြင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက တပ္မေတာ္၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ပူးေပါင္းၿပီး  တနိုင္းၿမိဳ႕၊ ဆင္မ္ဆာ့ရပ္ကြက္ရွိ ယာယီအားကစားကြင္းစုရပ္သို႔  ပို႔ေဆာင္ေပးခဲ့ၿပီးျဖစ္ေၾကာင္း လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ သိရသည္။

သတင္း #ဇာႏွင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တနိုင်းမြို့နယ်အတွင်း တိုက်ပွဲကြားပိတ်မိနေသည့် ပြည်သူ ၈၉ ဦးကို ဘေးကင်းရာရွှေ့ပြောင်း
***************
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ရွှေနှင့် ပယင်းမှော်များမှ လူဦးရေ (၈၉)ဦးကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၄)ရက်နေ့က မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာနှင့် လူမှုရေးအဖွဲ့များက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းအရ သိရသည်။

တနိုင်းမြို့မှ ဒကစ (တနိုင်း)၊ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ တနိုင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်တွင် တိုက်ပွဲကြားပိတ်မိနေသည့်  ရွှေ/ပယင်းမှော်လုပ်သား အမျိုးသား (၇၂)ဦးနှင့် အမျိုးသမီး (၁၇)ဦး စုစုပေါင်း (၈၉) ဦးတို့အား စက်လှေအစီး (၃၀)ဖြင့် နမ့်ကွမ်းပေါက်ဝမှ ဆင်မ်ဆာ့ရပ်ကွက်(ကွက်သစ်)ရှိ အားကစားကွင်းသို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့အနက် တနိုင်းဒေသခံ အမျိုးသား (၆၀)ဦးနှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၇၆) ဦးတို့အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး ရပ်ဝေးမှ အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့အား မော်တော်ယာဉ်သုံးစီးဖြင့် တနိုင်းမြို့မှနေ၍ ၎င်းတို့၏နေရပ်အသီးသီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နီးစပ်ရာမှော်များနှင့် နမ့်ကွမ်းချောင်းပေါက်ဝတို့တွင် ပိတ်မိနေသည့်ပြည်သူ (၃၃၀၀)ခန့်ကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး  တနိုင်းမြို့၊ ဆင်မ်ဆာ့ရပ်ကွက်ရှိ ယာယီအားကစားကွင်းစုရပ်သို့  ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
သတင်း #ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~