တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္လ၀ကဦးစီးမွဴးရံုးမွ ၀န္ထမ္းမ်ားအား ဒုတိယအသုတ္အေနျဖင့္ ႐ံုးလုပ္ငန္းဆိုင္ရာ ကြန္ပ်ဴတာ ကြ်မ္းက်င္မႈ သင္တန္း စတင္

တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္လ၀ကဦးစီးမွဴးရံုးမွ ၀န္ထမ္းမ်ားအား ဒုတိယအသုတ္အေနျဖင့္ ႐ံုးလုပ္ငန္းဆိုင္ရာ ကြန္ပ်ဴတာ ကြ်မ္းက်င္မႈ သင္တန္း စတင္
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္လ၀ကဦးစီးမွဴး႐ံုးမ်ားမွ ဝန္ထမ္း (၁၈)ဦးအား ႐ံုးလုပ္ငန္းဆိုင္ရာ ကြန္ပ်ဴတာ ကၽြမ္းက်င္မႈသင္တန္း အပတ္စဥ္ (၂/၂၀၁၈)ကို ပို႔ခ်မႈအျဖစ္ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔တြင္ စတင္ၿပီး မတ္လ(၂၃)ရက္ေန႔အထိ (၁၄)ရက္အၾကာ သင္ၾကားပို႔ခ်ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဝန္ႀကီးဌာနအေနနဲ႔ E-Government လုပ္ငန္းမ်ား စနစ္တက်ေဆာင္ရြက္ႏုိင္ရန္အတြက္ ဝန္ထမ္းတိုင္း ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းႏွင့္အညီ ကြန္ပ်ဴတာဘာသာရပ္မ်ားကို စနစ္တက် သင္ၾကားေပး ေနတာပါ၊ သင္တန္း အပတ္စဥ္(၁/၂၀၁၈) မွာ တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္လ၀က ဦးစီးမွဴးရံုးမ်ားမွ ဝန္ထမ္းအင္အား တစ္ဝက္ သင္ၾကားပို႔ခ်ၿပီး ျဖစ္ပါတယ္၊ အခုက်န္တစ္ဝက္ကို အပတ္စဥ္(၂/၂၀၁၈) အေနနဲ႔ ဒီကေန႔မွာ ဖြင့္လွစ္တာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခ႐ိုင္လဝကဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက ေျပာသည္။

အဆိုပါ သင္တန္းအား တာခ်ီလိတ္ခရိုင္လ၀ကဦးစီးမွဳးရံုးတြင္ ဖြင့္လွစ္ျခင္းျဖစ္ၿပီး ေဖေဖၚဝါရီလ (၂၆)ရက္ေန႔မွ မတ္လ(၂၃)ရက္ေန႔ အထိ (၁၄)ရက္ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လဝကဦးစီးမှူးရုံးများမှ ဝန်ထမ်း (၁၈)ဦးအား ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၂/၂၀၁၈)ကို ပို့ချမှုအဖြစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် စတင်ပြီး မတ်လ(၂၃)ရက်နေ့အထိ (၁၄)ရက်အကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ E-Government လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းတိုင်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကွန်ပျူတာဘာသာရပ်များကို စနစ်တကျ သင်ကြားပေး နေတာပါ၊ သင်တန်း အပတ်စဉ်(၁/၂၀၁၈) မှာ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လဝက ဦးစီးမှူးရုံးများမှ ဝန်ထမ်းအင်အား တစ်ဝက် သင်ကြားပို့ချပြီး ဖြစ်ပါတယ်၊ အခုကျန်တစ်ဝက်ကို အပတ်စဉ်(၂/၂၀၁၈) အနေနဲ့ ဒီကနေ့မှာ ဖွင့်လှစ်တာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ပြောသည်။

အဆိုပါ သင်တန်းအား တာချီလိတ်ခရိုင်လဝကဦးစီးမှုးရုံးတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှ မတ်လ(၂၃)ရက်နေ့ အထိ (၁၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~