တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကား ေဖေဖာ္၀ါရီလ(၄)ရက္ေန႔ နံနက္ပိုင္းက ငလ်င္(၃)ႀကိမ္လႈပ္ခတ္သြား၊ ႏွစ္ရက္အတြင္း(၆)ႀကိမ္လႈပ္ခတ္

တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကား ေဖေဖာ္၀ါရီလ(၄)ရက္ေန႔ နံနက္ပိုင္းက ငလ်င္(၃)ႀကိမ္လႈပ္ခတ္သြား၊ ႏွစ္ရက္အတြင္း(၆)ႀကိမ္လႈပ္ခတ္
ဖေဖော်ဝါရီ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ႏွင့္ မိုင္းဆတ္အၾကားတြင္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔ အကူး ႏွင့္ နံနက္အေစာပိုင္းက အလတ္စား ႏွင့္ အေသးစား ငလ်င္ (၃)ႀကိမ္ လႈပ္ခတ္ခဲ့ေၾကာင္း ႏွင့္ ေဖေဖာ္၀ါရီလ(၃)ရက္ေန႔ ႏွင့္ (၄)ရက္ေန႔ နံနက္ပိုင္းတို႔တြင္ စုစုေပါင္း ငလ်င္(၆)ႀကိမ္ လႈပ္ခတ္သြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံ ငလ်င္တိုင္းတာေရးဌာန(seismology)က ေဖာ္ျပထားရွိသည္။

တာခ်ီလိတ္ႏွင့္ မိုင္းဆတ္အၾကားတြင္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔အကူး (၀၀း၄၄)နာရီ(၀၉)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၄.၀)အဆင့္ရွိ အလတ္စား ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ၿပီး နံနက္(၄)နာရီ(၁၅)မိနစ္(၃၂)စကၠန္႔တြင္  အင္အား ရစ္(ခ္)တာစေကး(၂.၂)အဆင့္ရွိ အေသးစား ငလ်င္တစ္ႀကိမ္ ႏွင့္ နံနက္(၄)နာရီ(၂၂)မိနစ္(၃၇)စကၠန္႔တြင္  အင္အား ရစ္(ခ္)တာစေကး(၂.၃)အဆင့္ရွိ အေသးစား ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ(၄)ရက္ေန႔ မတိုင္မီ ေဖေဖာ္၀ါရီလ(၃)ရက္ေန႔က တာခ်ီလိတ္ႏွင့္ မိုင္းဆတ္အၾကား ဗဟိုျပဳ၍ ည(၉)နာရီ(၅၉)မိနစ္ (၁၀)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၅.၁)အဆင့္ရွိ သိသိသာသာ ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ၿပီးေနာက္ ည(၁၀)နာရီ (၁)မိနစ္ (၅၀)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၃.၇)အဆင့္ရွိ ငလ်င္တစ္ႀကိမ္ ႏွင့္ ည(၁၀)နာရီ (၁၃)မိနစ္ (၃၉)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၃.၃)အဆင့္ရွိ ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ရာ ေဖေဖာ္၀ါရီလ(၃)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္တြင္ ငလ်င္(၃)ႀကိမ္လႈပ္ခတ္သြားခဲ့ေၾကာင္း ႏွင့္ ည(၉)နာရီ(၅၉)မိနစ္ (၁၀)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၅.၁)အဆင့္ရွိ ငလ်င္သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္းရွိ ၿမိဳ႕မ်ားသို႔ လႈပ္ခတ္သြားေသာ္လည္း လႈပ္ခတ္မႈ ျပင္းအားမွာ ေဒသမ်ားတြင္ အနည္းငယ္ ကြာဟခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

ေဖေဖာ္၀ါရီလ(၃)ရက္ေန႔ ညပိုင္းက လႈပ္ခတ္သြားခ့ဲေသာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းႏွင့္ နီးစပ္သည့္ ထိုင္းႏိုင္ငံ ခ်င္းရိုင္ၿမိဳ႕ ႏွင့္ မယ္ဆိုင္ၿမိဳ႕တို႔တြင္လည္း လႈပ္ခတ္သြားခဲ့ေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဆတ်အကြားတွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ အကူး နှင့် နံနက်အစောပိုင်းက အလတ်စား နှင့် အသေးစား ငလျင် (၃)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း နှင့် ဖေဖော်ဝါရီလ(၃)ရက်နေ့ နှင့် (၄)ရက်နေ့ နံနက်ပိုင်းတို့တွင် စုစုပေါင်း ငလျင်(၆)ကြိမ် လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန(seismology)က ဖော်ပြထားရှိသည်။

တာချီလိတ်နှင့် မိုင်းဆတ်အကြားတွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့အကူး (ဝဝး၄၄)နာရီ(ဝ၉)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၄.ဝ)အဆင့်ရှိ အလတ်စား ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ပြီး နံနက်(၄)နာရီ(၁၅)မိနစ်(၃၂)စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး(၂.၂)အဆင့်ရှိ အသေးစား ငလျင်တစ်ကြိမ် နှင့် နံနက်(၄)နာရီ(၂၂)မိနစ်(၃၇)စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး(၂.၃)အဆင့်ရှိ အသေးစား ငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၄)ရက်နေ့ မတိုင်မီ ဖေဖော်ဝါရီလ(၃)ရက်နေ့က တာချီလိတ်နှင့် မိုင်းဆတ်အကြား ဗဟိုပြု၍ ည(၉)နာရီ(၅၉)မိနစ် (၁၀)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၅.၁)အဆင့်ရှိ သိသိသာသာ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ပြီးနောက် ည(၁၀)နာရီ (၁)မိနစ် (၅၀)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၃.၇)အဆင့်ရှိ ငလျင်တစ်ကြိမ် နှင့် ည(၁၀)နာရီ (၁၃)မိနစ် (၃၉)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၃.၃)အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ရာ ဖေဖော်ဝါရီလ(၃)ရက်နေ့ ညပိုင်းက တာချီလိတ်တွင် ငလျင်(၃)ကြိမ်လှုပ်ခတ်သွားခဲ့ကြောင်း နှင့် ည(၉)နာရီ(၅၉)မိနစ် (၁၀)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၅.၁)အဆင့်ရှိ ငလျင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ မြို့များသို့ လှုပ်ခတ်သွားသော်လည်း လှုပ်ခတ်မှု ပြင်းအားမှာ ဒေသများတွင် အနည်းငယ် ကွာဟခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီလ(၃)ရက်နေ့ ညပိုင်းက လှုပ်ခတ်သွားခဲ့သော ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ ချင်းရိုင်မြို့ နှင့် မယ်ဆိုင်မြို့တို့တွင်လည်း လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~