မေကြးတိုင္းမွ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား e-Government လုပ္ငန္းမ်ား အေထာက္အကူျပဳ သင္တန္းပို႔ခ်ေန

မေကြးတိုင္းမွ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား e-Government လုပ္ငန္းမ်ား အေထာက္အကူျပဳ သင္တန္းပို႔ခ်ေန
ဖေဖော်ဝါရီ 3, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕တြင္ e - Government လုပ္ငန္းမ်ား အေထာက္အကူျပဳ သင္တန္းေက်ာင္းဖြင့္လွစ္ၿပီး ဌာနဆုိင္ရာဝန္ထမ္းမ်ားအား ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း သင္တန္းေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

"ဒီစနစ္က်င္႔သံုးေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ တိုင္းေဒသႀကီးအစိုးရအဖဲြ႔အတြက္ ႏိုင္ငံေတာ္အစိုးရက ခ်ထားေပးတဲ႔ ဘတ္ဂ်က္ထဲက ခဲြေဝသံုးစဲြသြားမွာျဖစ္ၿပီး က်ပ္သန္း(၁၀၀)နဲ႔ စတင္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ e-Government စနစ္နဲ႔ အစိုးရႏွင္႔ ျပည္သူခ်ိတ္ဆက္မႈ၊ အစိုးရႏွင္႔ စီးပြားေရးလုပ္ငန္းရွင္မ်ားခ်ိတ္ဆက္မႈ၊ အစိုးရအခ်င္းအခ်င္း ခ်ိတ္ဆက္မႈတို႔အေပၚအေျခခံတဲ႔ ဝန္ေဆာင္မႈ(၂၉)မ်ိဳးကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္သြားႏိုင္မွာ ျဖစ္ပါတယ္"ဟု စီမံကိန္း၊ ဘ႑ာေရးႏွင္႔ စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါသင္တန္းေက်ာင္းအား တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေဖေဖၚဝါရီလ (၁)ရက္ေန႔တြင္ စတင္ဖြင္႔လွစ္လိုက္ျခင္းျဖစ္ၿပီး အသင္းအဖြဲ႕မ်ားႏွင့္ စိတ္ဝင္စားသူျပည္သူမ်ားပါ တက္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

"ေနျပည္ေတာ္မွာ ပို႔ေဆာင္၊ဆက္သြယ္၊ေဆာက္လုပ္ေကာ္မတီဆိုတာရိွပါတယ္။ အဲဒီေကာ္မတီက ႏိုင္ငံေတာ္မွာ e-Government စနစ္က်င္႔သံုးႏိုင္ဖို႔အတြက္ လႊတ္ေတာ္မွာတင္ခဲ႔တာ ခြင္႔ျပဳခ်က္ရခဲ႔ပါတယ္။ ဒါ႔ေၾကာင္႔ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ စလုပ္ေနၾကပါၿပီ"ဟု e-Government ဦးေဆာင္ ေကာ္မတီအဖဲြ႔ အႀကံေပးပညာရွင္ ဦးျမင္႔ေဆြက တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာသည္။

အစိုးရဌာနဆုိင္ရာအဖြဲ႕မ်ားအေနျဖင့္ e-Government အားအေကာင္အထည္ေဖၚႏုိင္ေရးအတြက္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းမှ ဌာနဆိုင်ရာဝန်ထမ်းများအား e-Government လုပ်ငန်းများ အထောက်အကူပြု သင်တန်းပို့ချနေ
**********
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် e - Government လုပ်ငန်းများ အထောက်အကူပြု သင်တန်းကျောင်းဖွင့်လှစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း သင်တန်းပေးနေပြီဖြစ်ကြောင်း သိရသည်။

"ဒီစနစ်ကျင့်သုံးဖော်ဆောင်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် နိုင်ငံတော်အစိုးရက ချထားပေးတဲ့ ဘတ်ဂျက်ထဲက ခွဲဝေသုံးစွဲသွားမှာဖြစ်ပြီး ကျပ်သန်း(၁၀၀)နဲ့ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ e-Government စနစ်နဲ့ အစိုးရနှင့် ပြည်သူချိတ်ဆက်မှု၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များချိတ်ဆက်မှု၊ အစိုးရအချင်းအချင်း ချိတ်ဆက်မှုတို့အပေါ်အခြေခံတဲ့ ဝန်ဆောင်မှု(၂၉)မျိုးကို အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်"ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါသင်တန်းကျောင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အသင်းအဖွဲ့များနှင့် စိတ်ဝင်စားသူပြည်သူများပါ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

"နေပြည်တော်မှာ ပို့ဆောင်၊ဆက်သွယ်၊ဆောက်လုပ်ကော်မတီဆိုတာရှိပါတယ်။ အဲဒီကော်မတီက နိုင်ငံတော်မှာ e-Government စနစ်ကျင့်သုံးနိုင်ဖို့အတွက် လွှတ်တော်မှာတင်ခဲ့တာ ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စလုပ်နေကြပါပြီ"ဟု e-Government ဦးဆောင် ကော်မတီအဖွဲ့ အကြံပေးပညာရှင် ဦးမြင့်ဆွေက တာချီလိတ်အေဂျင်စီသို့ ပြောသည်။

အစိုးရဌာနဆိုင်ရာအဖွဲ့များအနေဖြင့် e-Government အားအကောင်အထည်ဖေါ်နိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~