မူလတန္းျပဆရာ၊ဆရာမမ်ားအား ယာယီေရႊ႕ေျပာင္းသင္ၾကားေစႏိုင္ရန္ ၿမိဳ႕နယ္ပညာေရးမွဴးမ်ားကို လုပ္ပိုင္ခြင့္ေပးထား

မူလတန္းျပဆရာ၊ဆရာမမ်ားအား ယာယီေရႊ႕ေျပာင္းသင္ၾကားေစႏိုင္ရန္ ၿမိဳ႕နယ္ပညာေရးမွဴးမ်ားကို လုပ္ပိုင္ခြင့္ေပးထား
ဖေဖော်ဝါရီ 8, 2018
By 🌸
ေက်ာင္းသားအင္အားအရ ဆရာပိုေနေသာ အေျခခံပညာေက်ာင္းမ်ားရွိပါက ေက်ာင္းအုပ္စုအလိုက္ မူလတန္းျပ ဆရာ၊ဆရာမမ်ားအား ယာယီသြားေရာက္ ကူညီသင္ၾကားေပးျခင္းကို လုုပ္ေဆာင္ရန္ ၿမိဳ႕နယ္ပညာေရးမွဴးမ်ားအား ၂၀၁၇ ခုႏွစ္အတြင္းက လုပ္ပိုင္ခြင့္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

တိုင္းေဒသႀကီး/ ျပည္နယ္ပညာေရးမွဴး႐ုံးမ်ားေအာက္ရွိ ခ႐ိုင္/ၿမိဳ႕နယ္မ်ားတြင္ ေက်ာင္းသားအင္အားအရ ဆရာ ပိုေနေသာ အေျခခံပညာေက်ာင္းမ်ားရွိပါက ၎ေက်ာင္းမ်ားမွ ဆရာဆရာမမ်ားကို လိုအပ္သည့္ အေျခခံပညာေက်ာင္းမ်ားသို႔ ယာယီသြားေရာက္ ကူညီသင္ၾကားေပးျခင္းမ်ားကို ေက်ာင္းအုပ္စုအလိုက္ စီမံေဆာင္႐ြက္ေပးရန္  အေျခခံပညာဦးစီးဌာန၊ ေနျပည္ေတာ္က ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၁၁)ရက္ေန႔က တိုင္းေဒသႀကီး/ျပည္နယ္ ပညာေရးမွဴး႐ုံးမ်ားအားလုံးသို႔ ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဒု-ဝန္ႀကီး ဦးဝင္းေမာ္ထြန္းက လႊတ္ေတာ္တြင္ ေျဖၾကားထားျခင္းျဖစ္သည္။

ေက်ာင္းသားဦးေရ (၆၅) ဦးေအာက္ နည္းပါးေသာ မူလတန္းေက်ာင္းမ်ားမွ ေက်ာင္းဆရာ၊ ဆရာမ ဝန္ထမ္းမ်ားကို ခြင့္ယူ၍ လစ္လပ္ေနေသာ မူလတန္း ေက်ာင္းမ်ားသို႔ ဝန္ထမ္း အင္အား ယာယီျဖည့္တင္းမႈျပဳလုပ္ရန္ လုပ္ပိုင္ခြင့္ကို ၿမိဳ႕နယ္အဆင့္ ပညာေရးမွဴးမ်ားသို႔ လုပ္ပိုင္ ခြင့္ေပးရန္ အစီအစဥ္ ရွိ၊မရွိကို ေဖေဖာ္ဝါရီလ (၇) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး၌ သံျဖဴဇရပ္ မဲဆႏၵနယ္မွ ဦးဉာဏ္ဟိန္းက ေမးျမန္းျခင္းအား ဒုဝန္ႀကီးက ယင္းကဲ့သို႔ ေျဖၾကားျခင္းျဖစ္သည္။

အဆိုပါၫႊန္ၾကားခ်က္အရ မြန္ျပည္နယ္ပညာေရးမွဴး႐ုံးက ၂၀၁၇ ခုႏွစ္ကတည္းက ေက်ာင္းသားအင္အားအရ ဆရာပိုေနေသာ အေျခခံပညာေက်ာင္းမ်ားမွ ဆရာဆရာမမ်ားကို လိုအပ္ေနေသာ အေျခခံပညာေက်ာင္းမ်ားသို႔ ယာယီသြားေရာက္ ကူညီသင္ၾကားေပးႏိုင္ရန္ အတြက္ သက္ဆိုင္ရာၿမိဳ႕နယ္ ပညာေရးမွဴး႐ုံးမ်ားသို႔ ညႊန္ၾကားထားၿပီး လုပ္ေဆာင္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
မူလတန်းပြဆရာ၊ဆရာမများအား ယာယီရွှေ့ပြောင်းသင်ကြားစေနိုင်ရန် မြို့နယ်ပညာရေးမှူးများကို လုပ်ပိုင်ခွင့်ပေးထား
************
ကျောင်းသားအင်အားအရ ဆရာပိုနေသော အခြေခံပညာကျောင်းများရှိပါက ကျောင်းအုပ်စုအလိုက် မူလတန်းပြ ဆရာ၊ဆရာမများအား ယာယီသွားရောက် ကူညီသင်ကြားပေးခြင်းကို လုုပ်ဆောင်ရန် မြို့နယ်ပညာရေးမှူးများအား ၂၀၁၇ ခုနှစ်အတွင်းက လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများအောက်ရှိ ခရိုင်/မြို့နယ်များတွင် ကျောင်းသားအင်အားအရ ဆရာ ပိုနေသော အခြေခံပညာကျောင်းများရှိပါက ၎င်းကျောင်းများမှ ဆရာဆရာမများကို လိုအပ်သည့် အခြေခံပညာကျောင်းများသို့ ယာယီသွားရောက် ကူညီသင်ကြားပေးခြင်းများကို ကျောင်းအုပ်စုအလိုက် စီမံဆောင်ရွက်ပေးရန်  အခြေခံပညာဦးစီးဌာန၊ နေပြည်တော်က ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့က တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်တွင် ဖြေကြားထားခြင်းဖြစ်သည်။

ကျောင်းသားဦးရေ (၆၅) ဦးအောက် နည်းပါးသော မူလတန်းကျောင်းများမှ ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းများကို ခွင့်ယူ၍ လစ်လပ်နေသော မူလတန်း ကျောင်းများသို့ ဝန်ထမ်း အင်အား ယာယီဖြည့်တင်းမှုပြုလုပ်ရန် လုပ်ပိုင်ခွင့်ကို မြို့နယ်အဆင့် ပညာရေးမှူးများသို့ လုပ်ပိုင် ခွင့်ပေးရန် အစီအစဉ် ရှိ၊မရှိကို ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းက မေးမြန်းခြင်းအား ဒုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားချက်အရ မွန်ပြည်နယ်ပညာရေးမှူးရုံးက ၂၀၁၇ ခုနှစ်ကတည်းက ကျောင်းသားအင်အားအရ ဆရာပိုနေသော အခြေခံပညာကျောင်းများမှ ဆရာဆရာမများကို လိုအပ်နေသော အခြေခံပညာကျောင်းများသို့ ယာယီသွားရောက် ကူညီသင်ကြားပေးနိုင်ရန် အတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများသို့ ညွှန်ကြားထားပြီး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~