မိုင္းေယာင္းၿမိဳ႕နယ္အတြင္း အေျခခံစာတတ္ေျမာက္ေရးစာသင္ဝိုင္းမ်ား တိုးခ်ဲ႕သင္ၾကားေပးေန

မိုင္းေယာင္းၿမိဳ႕နယ္အတြင္း အေျခခံစာတတ္ေျမာက္ေရးစာသင္ဝိုင္းမ်ား တိုးခ်ဲ႕သင္ၾကားေပးေန
ဖေဖော်ဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္ႏွင့္ မိုင္းယုၿမိဳ႕တို႔တြင္ ဇန္နဝါရီလ တတိယပတ္ကစတင္ေနသည့္ အေျခခံစာတတ္ေျမာက္ေရးစာသင္ဝိုင္းမ်ားတြင္ လာေရာက္သင္ယူသူ တိုးလာသျဖင့္ စာသင္ဝိုင္းမ်ားတိုးခ်ဲ႕သင္ၾကားေပးေနရေၾကာင္း သိရသည္။

 လႈပ္ရွားမႈအျဖစ္ ဇန္နဝါရီလ တတိယပတ္ကစတင္ၿပီး ၿမိဳ႕ေပၚရပ္ကြက္ႏွင့္ ေက်းရြာအုပ္စုမ်ား၌ စာသင္ဝိုင္း (၂၇) ဝိုင္း ျဖင့္ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
အေျခခံစာတတ္ေျမာက္ေရးလႈပ္ရွားမႈလုပ္ငန္းအျဖစ္ မိုင္းယုႏွင့္မိုင္းေယာင္းၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕ေပၚရပ္ကြက္(၄)ရပ္ကြက္ႏွင့္ ဝမ္ဘန္း၊ ဝမ္မန္း၊ မုန္းလိုက္၊ ပါဆန္း၊ ေကာ့ခြယ္၊ တာလုတ္၊ ဟိုရမ္း၊ ေကာ္ဆမ္မိန္း၊ ဝမ္ပံု၊ ဝမ္မိုင္၊ ဖေက်ာက္၊ ေဟာင္ၾကန္႔၊ ယမ္းခမ္း၊ တာေပါက္၊ ပါဟုတ္ႏွင့္ ဝမ္လဲေက်းရြာ စုစုေပါင္း ေက်းရြာ(၁၆)ရြာတြင္ စာသင္ဝိုင္း (၂၇) ဝိုင္းျဖင့္ စာသင္သားဦးေရ (၄၂၄) ဦးကို ေက်ာင္းခ်ိန္ျပင္ပ၌ အေျခခံပညာေက်ာင္းမ်ားမွ ဆရာ၊ ဆရာမမ်ားက ေန႔စဥ္ ညေန ၆ နာရီမွ   ၉ နာရီ အထိ သင္ၾကားေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
မိုင္းေယာင္းၿမိဳ႕နယ္အတြင္းရွိ အခ်ိဳ႕ေက်းရြာအုပ္စုမ်ားတြင္ မိမိဆႏၵအေလ်ာက္ အေျခခံစာတတ္ေျမာက္လိုသူ ေဒသခံျပည္သူမ်ား လာေရာက္သင္ၾကားလ်က္ရွိေနသျဖင့္ စာသင္ဝိုင္းမ်ားလည္း ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္သင္ၾကားေပးေနရေၾကာင္း သိရသည္။
သတင္း #အားခ်ာ(မိုင္းေယာင္း)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ တိုးချဲ့သင်ကြားပေးနေ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့တွင် ဇန်နဝါရီလ တတိယပတ်ကစတင်နေသည့် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများတွင် လာရောက်သင်ယူသူ တိုးလာသဖြင့် စာသင်ဝိုင်းများတိုးချဲ့သင်ကြားပေးနေရကြောင်း သိရသည်။

 လှုပ်ရှားမှုအဖြစ် ဇန်နဝါရီလ တတိယပတ်ကစတင်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ စာသင်ဝိုင်း (၂၇) ဝိုင်း ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းအဖြစ် မိုင်းယုနှင့်မိုင်းယောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ဝမ်ဘန်း၊ ဝမ်မန်း၊ မုန်းလိုက်၊ ပါဆန်း၊ ကော့ခွယ်၊ တာလုတ်၊ ဟိုရမ်း၊ ကော်ဆမ်မိန်း၊ ဝမ်ပုံ၊ ဝမ်မိုင်၊ ဖကျောက်၊ ဟောင်ကြန့်၊ ယမ်းခမ်း၊ တာပေါက်၊ ပါဟုတ်နှင့် ဝမ်လဲကျေးရွာ စုစုပေါင်း ကျေးရွာ(၁၆)ရွာတွင် စာသင်ဝိုင်း (၂၇) ဝိုင်းဖြင့် စာသင်သားဦးရေ (၄၂၄) ဦးကို ကျောင်းချိန်ပြင်ပ၌ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက နေ့စဉ် ညနေ ၆ နာရီမှ   ၉ နာရီ အထိ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်းရှိ အချို့ကျေးရွာအုပ်စုများတွင် မိမိဆန္ဒအလျောက် အခြေခံစာတတ်မြောက်လိုသူ ဒေသခံပြည်သူများ လာရောက်သင်ကြားလျက်ရှိနေသဖြင့် စာသင်ဝိုင်းများလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်သင်ကြားပေးနေရကြောင်း သိရသည်။
သတင်း #အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~