ေဘာ္ဆိုင္းတြင္က်င္းပမည့္ ဓႏုအကပေဒသာၿပိဳင္ပြဲတြင္ ဓႏုအမ်ိဳးသားညီလာခံက သတ္မွတ္လုိက္သည့္ အမ်ိဳးသားဝတ္စံုမ်ားျဖင့္ ယွဥ္ၿပိဳင္မည္

ေဘာ္ဆိုင္းတြင္က်င္းပမည့္ ဓႏုအကပေဒသာၿပိဳင္ပြဲတြင္ ဓႏုအမ်ိဳးသားညီလာခံက သတ္မွတ္လုိက္သည့္ အမ်ိဳးသားဝတ္စံုမ်ားျဖင့္ ယွဥ္ၿပိဳင္မည္
ဖေဖော်ဝါရီ 10, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပုိင္း) ကေလာၿမိဳ႕နယ္ ေဘာ္ဆိုင္းၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ ဓႏုအကပေဒသာၿပိဳင္ပြဲတြင္ ပထမအႀကိမ္ ဓႏုအမ်ိဳးသားညီလာခံ၌ သေဘာတူသတ္မွတ္ၿပီးေသာ ဓႏုအမ်ိဳးသား၊အမ်ိဳးသမီးဝတ္စံုမ်ားျဖင့္ ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပုိင္း) ကေလာၿမိဳ႕နယ္ ေဘာ္ဆိုင္းၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔ ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ တတိယအႀကိမ္ေျမာက္ ဓႏုလက္ဖက္ရည္ၾကမ္းဝိုင္း မိတ္ဆံုစားပြဲတြင္ ဓႏုအကပေဒသာၿပိဳင္ပြဲ ထည့္သြင္းက်င္းပျခင္းျဖစ္သည္။

ဓႏုတုိင္းရင္းသား သံဃာေတာ္မ်ားအဖြဲ႕ႏွင့္ ဓႏုတုိင္းရင္းသားေရးရာအဖြဲ႕တို႔က ႀကီးမွဴးက်င္းပသည့္ အဆိုပါပြဲအား ေဘာ္ဆုိင္းၿမိဳ႕ ေရႊျမစည္းေက်ာင္းတုိက္တြင္ နံနက္ (၈)နာရီမွ ေန႔လယ္ (၂)နာရီအထိ က်င္းပမည္ျဖစ္ၿပီး ဓႏုတုိင္းရင္းသားသံဃာေတာ္မ်ားအဖြဲ႕ အစည္းအေဝးက်င္းပျခင္း၊ ဓႏုလက္ဖက္ရည္ၾကမ္းဝိုင္း အခမ္းအနား က်င္းပျခင္း၊ ဓႏုအကၿပိဳင္ပြဲ၊ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ၊ ေဘာလီေဘာၿပိဳင္ပြဲမ်ား က်င္းပျခင္းႏွင့္ ဆုေပးပြဲအခမ္းအနားက်င္းပျခင္းတုိ႔ ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။

ဓႏုလက္ဖက္ရည္ၾကမ္းဝိုင္း မိတ္ဆံုစားပြဲ၏ ပထမအႀကိမ္ကို ၂၀၁၆ ခုႏွစ္က ကေလာၿမိဳ႕တြင္ က်င္းပခဲ့ၿပီး ဒုတိယအႀကိမ္ကို ၂၀၁၇ ခုႏွစ္က ဟဲဟိုးတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပထမဆံုးအႀကိမ္ ဓႏုအမ်ိဳးသားညီလာခံကို ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ (၂၆)ရက္ႏွင့္ (၂၇)ရက္ေန႔မ်ားတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္းတယၿမိဳ႕၌ က်င္းပခဲ့ၿပီး အဆိုပါညီလာခံတြင္ ဓႏုအမ်ိဳးသား၊အမ်ိဳးသမီးဝတ္စံုမ်ားကို အမ်ားသေဘာတူ ေရြးခ်ယ္သတ္မွတ္ခဲ့ၾကျခင္းျဖစ္သည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #Myo Tun

~~~~~~~~⊰❂ unicode ~~~~~~~~
ဘော်ဆိုင်းတွင်ကျင်းပမည့် ဓနုအကပဒေသာပြိုင်ပွဲတွင် ဓနုအမျိုးသားညီလာခံက သတ်မှတ်လိုက်သည့် အမျိုးသားဝတ်စုံများဖြင့် ယှဉ်ပြိုင်မည်
****************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဘော်ဆိုင်းမြို့တွင် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဓနုအကပဒေသာပြိုင်ပွဲတွင် ပထမအကြိမ် ဓနုအမျိုးသားညီလာခံ၌ သဘောတူသတ်မှတ်ပြီးသော ဓနုအမျိုးသား၊အမျိုးသမီးဝတ်စုံများဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဘော်ဆိုင်းမြို့တွင် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် ဓနုလက်ဖက်ရည်ကြမ်းဝိုင်း မိတ်ဆုံစားပွဲတွင် ဓနုအကပဒေသာပြိုင်ပွဲ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။

ဓနုတိုင်းရင်းသား သံဃာတော်များအဖွဲ့နှင့် ဓနုတိုင်းရင်းသားရေးရာအဖွဲ့တို့က ကြီးမှူးကျင်းပသည့် အဆိုပါပွဲအား ဘော်ဆိုင်းမြို့ ရွှေမြစည်းကျောင်းတိုက်တွင် နံနက် (၈)နာရီမှ နေ့လယ် (၂)နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဓနုတိုင်းရင်းသားသံဃာတော်များအဖွဲ့ အစည်းအဝေးကျင်းပခြင်း၊ ဓနုလက်ဖက်ရည်ကြမ်းဝိုင်း အခမ်းအနား ကျင်းပခြင်း၊ ဓနုအကပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆုပေးပွဲအခမ်းအနားကျင်းပခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ဓနုလက်ဖက်ရည်ကြမ်းဝိုင်း မိတ်ဆုံစားပွဲ၏ ပထမအကြိမ်ကို ၂၀၁၆ ခုနှစ်က ကလောမြို့တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၇ ခုနှစ်က ဟဲဟိုးတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ဓနုအမျိုးသားညီလာခံကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နှင့် (၂၇)ရက်နေ့များတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ ကျင်းပခဲ့ပြီး အဆိုပါညီလာခံတွင် ဓနုအမျိုးသား၊အမျိုးသမီးဝတ်စုံများကို အများသဘောတူ ရွေးချယ်သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #Myo Tun

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~