ဘုန္းႀကီးေက်ာင္းတြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္မီးမွ တဆင့္ မီးေလာင္မႈျဖစ္

ဘုန္းႀကီးေက်ာင္းတြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္မီးမွ တဆင့္ မီးေလာင္မႈျဖစ္
ဖေဖော်ဝါရီ 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္၊ နမ့္ဆန္ၿမိဳ႕နယ္၊ ေခးခင္ေက်းရြာအုပ္စု၊ ေခးခင္ေက်းရြာရွိ ဘုန္းႀကီးေက်ာင္းတြင္ ဘုရားမီးပူေဇာ္ရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့သျဖင့္ ႏွစ္ထပ္ေက်ာင္းေဆာင္တစ္ေဆာင္ မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

ေဖေဖၚဝါရီလ (၁၈) ရက္ေန႔တြင္ ေခးခင္ဘုန္းႀကီးေက်ာင္းရွိ ဦးဇင္း(၃)ပါးႏွင့္ ကိုရင္(၁)ပါးတို႔ ဘုရားဝတ္တက္စဥ္ ဘုရားစင္တြင္ ေအာက္ခံခြက္မပါဘဲ ဖေယာင္းတိုင္မီး ပူေဇာ္ထားၿပီး ေမ့ေလ်ာ့ မၿငိမ္းသတ္ဘဲ ထားမိခဲ့သျဖင့္ ဖေယာင္းတိုင္မီးပူေဇာ္ထားသည့္ သစ္သားတန္းအား မီးစြဲေလာင္ရာမွ တစ္ဆင့္ ည (၇)နာရီ(၅)မိနစ္ခန္႔တြင္ မီးေလာင္မႈ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈအား ည (၇) နာရီ မိနစ္ (၂၀) ခန္႔တြင္ ေက်းရြာအုပ္ခ်ဳပ္ေရးမႈးက မီးသတ္တပ္ဖြဲ႕သို႔ ဖုန္းျဖင့္ ဆက္သြယ္အေၾကာင္းၾကားလာသျဖင့္ (၁၄) မိုင္ခန္႔ အကြာရွိ မီးသတ္စခန္းမွ သြားေရာက္ၿငိမ္းသတ္ခဲ့ရာ ည (၁၀) နာရီခန္႔တြင္ လံုးဝမီးၿငိမ္းသတ္ႏိုင္ခဲ့ၿပီး သြပ္မိုး၊ ပ်ဥ္ကာ ႏွစ္ထပ္ေက်ာင္းေဆာင္မွာ မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

မီးေလာင္ရာသို႔ မီးၿငိမ္းသတ္ယာဥ္ (၂)စီး၊ သေႏၶမီးသတ္ႏွင့္ အရံမီးသတ္တပ္ဖြဲ႔ဝင္ စုစုေပါင္း (၁၃) ဦးတို႔ျဖင့္ သြားေရာက္ၿငိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလအတြင္း ေက်ာက္မဲခရိုင္ နမ့္ဆန္ၿမိဳ႕နယ္တြင္ ေနအိမ္မီးဖိုေခ်ာင္ မီးၾကြင္းမီးက်န္မွ မီးေလာင္ကၽြြမ္းမႈ(၂)ခု၊ ဘုရားစင္တြင္ ဖေယာင္းတိုင္မီးပူေဇာ္ရာမွ မီးေလာင္ကၽြမ္းမႈ(၂)ခုႏွင့္ ေဖေဖၚဝါရီလအတြင္း ေက်ာက္မဲၿမိဳ႕နယ္တြင္ လ်ွပ္စစ္ေရေႏြးအိုးအပူလြန္ကဲမႈမွတစ္ဆင့္ မီးေလာင္မႈ (၁) ခု ႏွင့္ ေဖေဖၚဝါရီ (၁၈) ရက္ညတြင္ နမ့္ဆန္ၿမိဳ႕နယ္အတြင္း ယခုမီးေလာင္ကၽြမ္းမႈ ထပ္မံျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #စိုင္းသန္းထူး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ခေးခင်ကျေးရွာအုပ်စု၊ ခေးခင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ခေးခင်ဘုန်းကြီးကျောင်းရှိ ဦးဇင်း(၃)ပါးနှင့် ကိုရင်(၁)ပါးတို့ ဘုရားဝတ်တက်စဉ် ဘုရားစင်တွင် အောက်ခံခွက်မပါဘဲ ဖယောင်းတိုင်မီး ပူဇော်ထားပြီး မေ့လျော့ မငြိမ်းသတ်ဘဲ ထားမိခဲ့သဖြင့် ဖယောင်းတိုင်မီးပူဇော်ထားသည့် သစ်သားတန်းအား မီးစွဲလောင်ရာမှ တစ်ဆင့် ည (၇)နာရီ(၅)မိနစ်ခန့်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအား ည (၇) နာရီ မိနစ် (၂၀) ခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးက မီးသတ်တပ်ဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလာသဖြင့် (၁၄) မိုင်ခန့် အကွာရှိ မီးသတ်စခန်းမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ ည (၁၀) နာရီခန့်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ပြီး သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်ကျောင်းဆောင်မှာ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ သန္ဓမေီးသတ်နှင့် အရံမီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၁၃) ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်တွင် နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းမှု(၂)ခု၊ ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ရာမှ မီးလောင်ကျွမ်းမှု(၂)ခုနှင့် ဖေဖော်ဝါရီလအတွင်း ကျောက်မဲမြို့နယ်တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲမှုမှတစ်ဆင့် မီးလောင်မှု (၁) ခု နှင့် ဖေဖော်ဝါရီ (၁၈) ရက်ညတွင် နမ့်ဆန်မြို့နယ်အတွင်း ယခုမီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #စိုင်းသန်းထူး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~