တာချီလိတ်ခရိုင်နှင့် ချင်းရိုင်းခရိုင်အကြား မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် တောမီးများ မရှို့စေရေး ထိုင်းဘက်က တိုက်တွန်း

တာချီလိတ်ခရိုင်နှင့် ချင်းရိုင်းခရိုင်အကြား မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် တောမီးများ မရှို့စေရေး ထိုင်းဘက်က တိုက်တွန်း
ဖေဖော်ဝါရီ 20, 2018
By Tachileik News Agency


ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အနေဖြင့် ဖေဖေါ်ဝါရီလမှ ဧပြီလအထိ တောမီးရှို့ခြင်းနှင့် လေဟာပြင် မီးရှို့ခြင်းမပြုရေးကာလအဖြစ် သတ်မှတ်ကာ စီမံချက်များ ချမှတ်၍ ဆောင်ရွက်နေလျက်ရှိသည့်အတွက် အိမ်နီးခြင်း မြန်မာနိုင်ငံအနေဖြင့်လည်း ပူးပေါင်းလုပ်ဆောင်သည့်အနေဖြင့် တောမီးရှို့ခြင်းများ အပါအ၀င် နယ်စပ်တစ်လျှောက်တွင် မည်သည့် မီးရှို့ခြင်းများ မပြုလုပ်ရန်အတွက် အများပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ပေးပါရန် မြန်မာ - ထိုင်းနယ်ခြားကော်မတီ (မယ်ဆိုင်)က တာချီလိတ်မှတာဝန်ရှိသူများထံ ညှိနှိုင်းတောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံအကြားရှိ နယ်စပ်တစ်လျှောက် ဒေသများအတွင်း မီးခိုးမြူ ကင်းစင်ရေး အတွက် ၂၀၁၈ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းကို ထိုင်းနိုင်ငံက အကောင်အထည် ဖေါ်နေခြင်းဖြစ်ပြီး အဆိုပါ စီမံချက်အား ထိုင်းတပ်မတော် တပ်မဟာ (၃) ၏ ဒုတိယဗိုလ်ချုပ်ကြီး Wichak Siribansop က ဦးဆောင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ အပါအဝင် ဆက်စပ်နေသည့် နယ်စပ်ဒေသများတွင် မီးခိုးမြူဖုံးလွှမ်းမှုကို ကာကွယ်ရန် ထိုင်းနိုင်ငံတွင်း တောမီးရှို့ခြင်း ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသဖြစ်သည့် ချင်းရိုင်းခရိုင်အတွင်း အဓိက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသများတွင် မီးခိုးမြူဖုံးလွှမ်းခြင်း၏ ၉၉ ရာခိုင်နှုန်းမှာ  တောမီးရှို့ခြင်းများကြောင့် ဖြစ်သဖြင့် အဆိုပါစီမံချက်အား ဖေါ်ဆောင်ခြင်းဖြစ်ပြီိးုဒေသတွင်း မီးခိုးမြူဖုံးလွှမ်းမှုကို ပြီးခဲ့သည့် နှစ်ကထက် (၆၀) ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံ မီးခိုးမြူကင်းစင်ရေး ပူးပေါင်းလှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် အတွင်း ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ ချင်းမိုင်ခရိုင်များနှင့် နယ်နမိတ်များတွင် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှ ဧပြီလ (၁၂)ရက်နေ့အထိ တောမီးရှို့ခြင်း မပြုလုပ်ကြရန် ထိုင်းနိုင်ငံဘက်က တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အနဖြေင့် ဖေဖော်ဝါရီလမှ ဧပြီလအထိ တောမီးရှို့ခြင်းနှင့် လေဟာပြင် မီးရှို့ခြင်းမပြုရေးကာလအဖြစ် သတ်မှတ်ကာ စီမံချက်များ ချမှတ်၍ ဆောင်ရွက်နေလျက်ရှိသည့်အတွက် အိမ်နီးခြင်း မြန်မာနိုင်ငံအနဖြေင့်လည်း ပူးပေါင်းလုပ်ဆောင်သည့်အနဖြေင့် တောမီးရှို့ခြင်းများ အပါအဝင် နယ်စပ်တစ်လျှောက်တွင် မည်သည့် မီးရှို့ခြင်းများ မပြုလုပ်ရန်အတွက် အများပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ပေးပါရန် မြန်မာ - ထိုင်းနယ်ခြားကော်မတီ (မယ်ဆိုင်)က တာချီလိတ်မှတာဝန်ရှိသူများထံ ညှိနှိုင်းတောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံအကြားရှိ နယ်စပ်တစ်လျှောက် ဒေသများအတွင်း မီးခိုးမြူ ကင်းစင်ရေး အတွက် ၂၀၁၈ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းကို ထိုင်းနိုင်ငံက အကောင်အထည် ဖော်နခြေင်းဖြစ်ပြီး အဆိုပါ စီမံချက်အား ထိုင်းတပ်မတော် တပ်မဟာ (၃)၏ ဒုတိယဗိုလ်ချုပ်ကြီး Wichak Siribansop က ဦးဆောင်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ အပါအဝင် ဆက်စပ်နေသည့် နယ်စပ်ဒေသများတွင် မီးခိုးမြူဖုံးလွှမ်းမှုကို ကာကွယ်ရန် ထိုင်းနိုင်ငံတွင်း တောမီးရှို့ခြင်း ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသဖြစ်သည့် ချင်းရိုင်းခရိုင်အတွင်း အဓိက လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသများတွင် မီးခိုးမြူဖုံးလွှမ်းခြင်း၏ ၉၉ ရာခိုင်နှုန်းမှာ တောမီးရှို့ခြင်းများကြောင့် ဖြစ်သဖြင့် အဆိုပါစီမံချက်အား ဖော်ဆောင်ခြင်းဖြစ်ပြီးိုဒေသတွင်း မီးခိုးမြူဖုံးလွှမ်းမှုကို ပြီးခဲ့သည့် နှစ်ကထက် (၆၀) ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

တောမီးရှို့မှုများကြောင့် မြန်မာ - ထိုင်း နယ်စပ် တာချီလိတ် နှင့် မယ်ဆိုင်မြို့တို့တွင် မီးခိုးများ ဖုံးလွှမ်းနေသည့်အတွက် ၂၀၁၆ခုနှစ် မတ်လ(၂၅)ရက်နေ့ ညနေ(၃)နာရီဝန်းကျင် အချိန်က ထိုင်းနိုင်ငံ၊ ဖိစနူးလုတ်ခရိုင် အခြေစိုက် အမှတ်(၄၆)လေတပ်ရင်းမှ ပျံသန်းရေးအဖွဲ့ အမှတ်(၄၁၅)မှ အရာရှိ၊ စစ်သည် (၄၅)ဦး ပါဝင်သော အဖွဲ့သည် လေယာဉ်အမှတ် (၁၅၆) လေယာဉ် အမျိုးအစား (BT.67)ဖြင့် မယ်ဆိုင်မြို့တွင်း နှင့် နယ်စပ်တွင် မိုးအတု ရွာသွန်းပေးခဲ့ရခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်လည်း မတ်လမှ မေလအထိ တောမီးရှို့ခြင်းများကြောင့် မီးခိုးမြူများ ဖုံးလွှမ်းလေ့ရှိရာ ရံဖန်ရံခါ လေယာဉ်ဆင်းသက်ရန် အခက်အခဲ ဖြစ်လေ့ရှိသည်အထိ ဖုံးလွှမ်းတတ်ခဲ့သည့်အတွက် တောမီးများမရှို့ရန် တားမြစ်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~