ထိုင္းႏုိင္ငံ Chaing Mai Ram ေဆးရံု ႏွင့္ Sawadee Holiday ခရီးသြားလာေရးလုပ္ငန္းတို႔ က်န္းမာေရး၀န္ေဆာင္မႈ အစီအစဥ္ (၁)ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနား တာခ်ီလိတ္တြင္ ျပဳလုပ္

ထိုင္းႏုိင္ငံ Chaing Mai Ram ေဆးရံု ႏွင့္ Sawadee Holiday ခရီးသြားလာေရးလုပ္ငန္းတို႔ က်န္းမာေရး၀န္ေဆာင္မႈ အစီအစဥ္ (၁)ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနား တာခ်ီလိတ္တြင္ ျပဳလုပ္
ဖေဖော်ဝါရီ 20, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ Sawadee Holiday Travel & Tours ကုမၸဏီ ႏွင့္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ရွိ  Chaing Mai Ram ေဆးရံုတို႔ လုပ္ငန္းပူးေပါင္းေဆာင္ရြက္မႈ တစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္ႏွင့္အတူ က်န္းမာေရး ၀န္ေဆာင္မႈလုပ္ငန္း မိတ္ဆက္ပြဲအား က်င္းပျပဳလုပ္ၿပီး တက္ေရာက္လာသူမ်ားအား က်န္းမာေရး စစ္ေဆးရန္  စုစုေပါင္း ထိုင္းဘတ္ေငြ (၇၀,၀၀၀)ေက်ာ္ တန္ဖိုးရွိ က်န္မာေရး ေဆးစစ္ လက္မွတ္ (၁၀)ေစာင္အား မဲေဖာက္ေပးခဲ့ၿပီး တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ အသံုးျပဳႏိုင္ရန္ အတြက္ စုစုေပါင္း တန္ဖိုးေငြ ထိုင္းဘတ္ေငြ(၆၀,၀၀၀)တန္ဖိုးရွိသည့္ ေသြးေပါင္ခ်ိန္ တိုင္းစက္ ႏွင့္ ေသြးအတြင္းရွိ ေအာက္စီဂ်င္ အတိုင္းအတာအား စစ္ေဆးတိုင္းတာသည့္ စက္(၂)လံုးကို ေပးအပ္ လွဴဒါန္းေၾကာင္း သိရသည္။

အခမ္းအနားသို႔ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး ႏွင့္ ဖိတ္ၾကားထားသည့္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား အပါအ၀င္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားအား ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ေရႊဘူးသီးဟုိတယ္တြင္ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး အခမ္းအနား၌ Chaing Mai Ram ေဆးရံု အုပ္ခ်ဳပ္မွဴ ဒါရိုက္တာ ေဒါက္တာ ပရမုဒ္အြန္းက်တ္မွ အခမ္းအနားျပဳလုပ္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္း ေျပာၾကားကာ Sawadee Holiday Travel & Tours ကုမၸဏီ ၏ မန္းေနဂ်င္းဒါရိုက္တာ ဦးဘိုေလးက ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး Chaing Mai Ram ေဆးရံု မွ အထူးကု ဆရာ၀န္ႀကီး ျဖစ္သည့္ ႏွလံုးႏွင့္ေသြးေၾကာအထူးကု ေဒါက္တာ ဖတၱရဖံုး ဂီးလားပဲန္း မွ ႏွလံုးေရာဂါ အေၾကာင္း သိေကာင္းစရာ အျဖစ္ ဗီဒီယိုျဖင့္ ျပသကာ က်န္းမာေရးအသိပညာေပး ရွင္းလင္းေဟာေျပာသည္။

"ေဒသတြင္း တိုင္းရင္းသားျပည္သူေတြဟာ ေရာဂါအေျခအေနေပၚ မူတည္ၿပီး အိမ္နီးခ်င္း ထိုင္းႏိုင္ငံရွိ ေခတ္မီ ေဆးရံုႀကီးေတြမွာ သြားေရာက္ ကုသမႈကို  ေရွးႏွစ္ေပါင္းမ်ားစြာ ကတည္းက ေဆာင္ရြက္ ခဲ့ၾကပါတယ္။ ဒီလိုသြားေရာက္ရာမွာ အခ်ဳိ႕အခ်ဳိ႕ေသာ အခက္အခဲေလးေတြ ရွိေနတဲ့အတြက္ လြယ္ကူ လွ်င္ျမန္ၿပီး ပိုမိုေကာင္းမြန္တဲ့ ၀န္ေဆာင္မႈမ်ား ရရွိေစဖို႔အတြက္ ကြ်န္ေတာ္တို႔ Sawadee Holiday ခရီးသြားလာေရး ကုမၸဏီ နဲ႔ ထိုင္းႏိုုင္ငံ ခ်င္းမိုင္ၿမိဳ႕က Chaing Mai Ram ေဆးရံုတို႔ ပူးေပါင္း ေဆာင္ရြက္ ေနတဲ့ က်န္းမာေရး ၀န္ေဆာင္မႈမ်ားကို မိဘျပည္သူမ်ား သိရွိႏိုင္ရန္ အတြက္ အသိေပး ခ်ျပျခင္းပဲ ျဖစ္ပါတယ္။ Sawadee Holiday ခရီးသြားလာေရးကုမၸဏီရဲ႕ ေဆာင္ရြက္ခ်က္မ်ားဟာ အက်ဳိးအျမတ္ထက္ ေဒသတြင္းေန ျပည္သူမ်ားရဲ႕ က်န္းမာေရးအတြက္ ေစတနာကို အဓိကထားၿပီး တဖက္တလမ္းက ပံ့ပိုးကူညီေပးျခင္းတာ ျဖစ္ပါတယ္"ဟု Sawadee Holiday Travel & Tours ကုမၸဏီ ၏ မန္းေနဂ်င္း ဒါရိုက္တာ ဦးဘိုေလးက အခမ္းအနားတြင္ ေျပာၾကားသြားသည္။

ဆက္လက္၍  Sawadee Holiday Travel & Tours ကုမၸဏီ ႏွင့္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ရွိ  Chaing Mai Ram ေဆးရံုတို႔ လုပ္ငန္းပူးေပါင္းေဆာင္ရြက္မႈ တစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္ အေနျဖင့္ တာခ်ီလိတ္ ခရိုင္ ကုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုႀကီးတြင္ အသံုးျပဳႏိုင္ရန္ အတြက္ ထိုင္းဘတ္ေငြ(၆၀၀၀၀)တန္ဖိုး ရွိသည့္  ေသြးေပါင္ခ်ိန္ တိုင္းစက္ ႏွင့္ ေသြးအတြင္းရွိ ေအာက္စီဂ်င္ အတိုင္းအတာအား စစ္ေဆး တိုင္းတာ သည့္ စက္(၂)လံုးကို တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုမွ တာ၀န္ရွိသူအား အဆိုပါ အခမ္းအနားတြင္ ေပးအပ္ လွဴဒါန္းလိုက္ျခင္း ျဖစ္သည္။

ယင္းေနာက္ အမ်ဳိးသားက်န္းမာေရးစစ္ေဆးရန္  ထိုင္းဘတ္(၄၂၄၆)ဘတ္တန္ဖိုးရွိ လက္မွတ္(၅)ေစာင္ ႏွင့္ အမ်ဳိးသမီးက်န္းမာေရးစစ္ေဆးရန္  ထိုင္းဘတ္(၄၈၂၀)ဘတ္တန္ဖိုးရွိ လက္မွတ္(၅)ေစာင္အျပင္ ႏွလံုး က်န္းမာေရး စစ္ေဆးရန္  ထိုင္းဘတ္(၁၂၅၃၃)ဘတ္တန္ဖိုးရွိ လက္မွတ္(၂)ေစာင္အား ကံစမ္းမဲ အျဖစ္ မဲႏႈိက္ေပးခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုုင္ငံ ခ်င္းမိုင္ၿမိဳ႕က Chaing Mai Ram ေဆးရံုႏွင့္ လုပ္ငန္းပူးေပါင္း ေဆာင္ရြက္ေနသည့္ တာခ်ီလိတ္မွ Sawadee Holiday ခရီးသြားလာေရးကုမၸဏီက က်န္းမာေရးက႑တစ္ခုအေနျဖင့္ လုပ္ကိုင္ေနျခင္း ျဖစ္ၿပီး ေဒတြင္းေန ျပည္သူမ်ားႏွင့္ မည္သည့္ ေဒသက မဆို Chaing Mai Ram ေဆးရံုသို႔ သို႔ သြားေရာက္၍ ေဆး၀ါးကုသမႈ ခံယူလိုသူမ်ားအတြက္ ဘာသာစကားႏွင့္ သြားလာမႈ အဆင္ေျပရန္ အတြက္ ကူညီေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
" Sawadee Holiday ခရီးသြားလာေရးကုမၸဏီ အေနနဲ႔ ေဒသတြင္းေန ျပည္သူမ်ားအတြက္ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ထိုင္းႏိုင္ငံ ခ်င္းမိုင္မွာ ရွိတဲ့ Chaing Mai Ram ေဆးရံုမွာ ေဆး၀ါးကုသမႈ ခံယူလိုတယ္ဆိုရင္ ဘာသာစကား အခက္အခဲေတြ၊ သြားေရးလာေရး အခက္အခဲေတြနဲ႔ ဟိုေရာက္ရင္ ေနဖို႔ ဟိုတယ္ ရွာေဖြရတဲ့ အခက္အခဲေတြကို အဆင္ေျပႏိုင္ရန္ အတြက္ ၀န္ေဆာင္မႈ အေနနဲ႔ ေဆာင္ရြက္ ေပးေနတာ ျဖစ္ပါတယ္၊ အဲ့ဒီေဆးရံုမွာ ေဆးကုသမဲ့ သူေတြအေနနဲ႔ Sawadee Holiday ခရီးသြားလာေရး ကုမၸဏီ ကို လာေရာက္ ဆက္သြယ္မယ္ဆိုရင္ ဟိုဖက္ကို သြားဖို႔ ကားေတြ လက္မွတ္လုပ္တာေတြက အစ အကုန္ အၿပီးအစီး ကူညီေဆာင္ရြက္ေပးပါတယ္။ ဒီလို လုပ္ေပးတဲ့အတြက္ လက္မွတ္ခေတြ ကားခေတြကေတာ့ ကိုယ့္ဘာသာ ကုန္က်ရမွာ ျဖစ္ေပမဲ့ ဒီ့အေပၚ၀န္ေဆာင္ခေတာ့ ထပ္ေပးစရာ မလိုပါဘူး။ ေနာက္ၿပီး ကြ်န္မတို႔နဲ႔ ခ်ိတ္ဆက္ၿပီး သြားတဲ့အခါ ဟိုေရာက္ရင္ အထူးကုဆရာ၀န္ေတြကို ေစာင့္ဆိုင္းရတဲ့ အခ်ိန္ေတြလည္း သက္သာမွာ ျဖစ္ပါတယ္"ဟု မွ Sawadee Holiday ခရီးသြားလာေရးကုမၸဏီမွ ဒါရိုက္တာတစ္ဦးျဖစ္သူ ေဒၚေအးေက်ာ့ေက်ာ့ခင္ က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ႏွင့္အျခားေဒသမ်ားမွ ေဆး၀ါးကုသမႈအျဖစ္ သြားေရာက္လိုသူမ်ားအေနျဖင့္ Sawadee Holiday ခရီးသြားလာေရးကုမၸဏီရံုးသို႔ လာေရာက္၍ တိုင္ပင္ေဆြးေႏြးႏိုင္ေၾကာင္း သိရသည္။

"Chaing Mai Ram ေဆးရံုမွာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ သြားေရာက္ကုသရင္လည္းရႏိုင္ေပမဲ့ Sawadee Holiday ခရီးသြားလာေရး ကုမၸဏီရံုးကို လာေရာက္ ဆက္သြယ္ရင္ေတာ့ အဓိက က ဘာသာစကားေတြ၊ သြားလာရန္ လက္မွတ္ေတြ စတာေတြအတြက္  ပိုအဆင္ေျပေစပါတယ္။ အဲ့ဒီအတြက္ အက်ဳိးေဆာင္ခ အေနနဲ႔ မယူပါဘူး။ လက္မွတ္ခနဲ႔လမ္းစရိတ္ခေတြပဲ၊ Chaing Mai Ram ေဆးရံုမွာ ေဆးကုဖို႔အတြက္ အႀကံေတာင္းမ်ဳိး၊ တိုင္ပင္ခ်င္တာမ်ဳိးဆိုရင္လည္း ရပါတယ္။ ကြ်န္မတို႔ Sawadee Holiday ခရီးသြားလာေရးရံုးခန္းကို တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ရံုးေရွ႕မွာ ဖြင့္လွစ္ထားပါတယ္" Sawadee Holiday ခရီးသြားလာေရးကုမၸဏီမွ ဒါရိုက္တာတစ္ဦးျဖစ္သူ ေဒၚနန္းဆီေထာင္း က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုုင္ငံ ခ်င္းမိုင္ၿမိဳ႕က Chaing Mai Ram ေဆးရံုသည္ ႏွလံုးေရာဂါႏွင့္ အေထြေထြေရာဂါမ်ားကို အထူးကုသေပးေနသည့္ အတြက္ ေဒသတြင္းေန ျပည္သူမ်ားႏွင့္ ထိုင္းႏိုင္ငံသို႔ ေဆး၀ါးကုသမႈ ခံယူလိုသူမ်ား အတြက္ အဆင္ေျပေစရန္ က်န္းမာေရး၀န္ေဆာင္မႈအေနျဖင့္ အက်ဳိးေဆာင္ကာ Sawadee Holiday ခရီးသြားလာေရး ကုမၸဏီက လုပ္ေဆာင္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ Sawadee Holiday Travel & Tours ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ရှိ Chaing Mai Ram ဆေးရုံတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တစ်နှစ်ပြည့် နှစ်ပတ်လည်နှင့်အတူ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း မိတ်ဆက်ပွဲအား ကျင်းပပြုလုပ်ပြီး တက်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးရန် စုစုပေါင်း ထိုင်းဘတ်ငွေ (၇၀,ဝဝဝ)ကျော် တန်ဖိုးရှိ ကျန်မာရေး ဆေးစစ် လက်မှတ် (၁၀)စောင်အား မဲဖောက်ပေးခဲ့ပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန် အတွက် စုစုပေါင်း တန်ဖိုးငွေ ထိုင်းဘတ်ငွေ(၆၀,ဝဝဝ)တန်ဖိုးရှိသည့် သွေးပေါင်ချိန် တိုင်းစက် နှင့် သွေးအတွင်းရှိ အောက်စီဂျင် အတိုင်းအတာအား စစ်ဆေးတိုင်းတာသည့် စက်(၂)လုံးကို ပေးအပ် လှူဒါန်းကြောင်း သိရသည်။

အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး နှင့် ဖိတ်ကြားထားသည့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဝင်များ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့ ရွှေဘူးသီးဟိုတယ်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနား၌ Chaing Mai Ram ဆေးရုံ အုပ်ချုပ်မှူ ဒါရိုက်တာ ဒေါက်တာ ပရမုဒ်အွန်းကျတ်မှ အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ Sawadee Holiday Travel & Tours ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးဘိုလေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး Chaing Mai Ram ဆေးရုံ မှ အထူးကု ဆရာဝန်ကြီး ဖြစ်သည့် နှလုံးနှင့်သွေးကြောအထူးကု ဒေါက်တာ ဖတ္တရဖုံး ဂီးလားပဲန်း မှ နှလုံးရောဂါ အကြောင်း သိကောင်းစရာ အဖြစ် ဗီဒီယိုဖြင့် ပြသကာ ကျန်းမာရေးအသိပညာပေး ရှင်းလင်းဟောပြောသည်။

"ဒေသတွင်း တိုင်းရင်းသားပြည်သူတွေဟာ ရောဂါအခြေအနေပေါ် မူတည်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ခေတ်မီ ဆေးရုံကြီးတွေမှာ သွားရောက် ကုသမှုကို ရှေးနှစ်ပေါင်းများစွာ ကတည်းက ဆောင်ရွက် ခဲ့ကြပါတယ်။ ဒီလိုသွားရောက်ရာမှာ အချို့အချို့သော အခက်အခဲလေးတွေ ရှိနေတဲ့အတွက် လွယ်ကူ လျှင်မြန်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများ ရရှိစေဖို့အတွက် ကျွန်တော်တို့ Sawadee Holiday ခရီးသွားလာရေး ကုမ္ပဏီ နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Chaing Mai Ram ဆေးရုံတို့ ပူးပေါင်း ဆောင်ရွက် နေတဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို မိဘပြည်သူများ သိရှိနိုင်ရန် အတွက် အသိပေး ချပြခြင်းပဲ ဖြစ်ပါတယ်။ Sawadee Holiday ခရီးသွားလာရေးကုမ္ပဏီရဲ့ ဆောင်ရွက်ချက်များဟာ အကျိုးအမြတ်ထက် ဒေသတွင်းနေ ပြည်သူများရဲ့ ကျန်းမာရေးအတွက် စေတနာကို အဓိကထားပြီး တဖက်တလမ်းက ပံ့ပိုးကူညီပေးခြင်းတာ ဖြစ်ပါတယ်"ဟု Sawadee Holiday Travel & Tours ကုမ္ပဏီ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးဘိုလေးက အခမ်းအနားတွင် ပြောကြားသွားသည်။

ဆက်လက်၍ Sawadee Holiday Travel & Tours ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ရှိ Chaing Mai Ram ဆေးရုံတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အနဖြေင့် တာချီလိတ် ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန် အတွက် ထိုင်းဘတ်ငွေ(၆၀၀၀၀)တန်ဖိုး ရှိသည့် သွေးပေါင်ချိန် တိုင်းစက် နှင့် သွေးအတွင်းရှိ အောက်စီဂျင် အတိုင်းအတာအား စစ်ဆေး တိုင်းတာ သည့် စက်(၂)လုံးကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူအား အဆိုပါ အခမ်းအနားတွင် ပေးအပ် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

ယင်းနောက် အမျိုးသားကျန်းမာရေးစစ်ဆေးရန် ထိုင်းဘတ်(၄၂၄၆)ဘတ်တန်ဖိုးရှိ လက်မှတ်(၅)စောင် နှင့် အမျိုးသမီးကျန်းမာရေးစစ်ဆေးရန် ထိုင်းဘတ်(၄၈၂၀)ဘတ်တန်ဖိုးရှိ လက်မှတ်(၅)စောင်အပြင် နှလုံး ကျန်းမာရေး စစ်ဆေးရန် ထိုင်းဘတ်(၁၂၅၃၃)ဘတ်တန်ဖိုးရှိ လက်မှတ်(၂)စောင်အား ကံစမ်းမဲ အဖြစ် မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Chaing Mai Ram ဆေးရုံနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်နေသည့် တာချီလိတ်မှ Sawadee Holiday ခရီးသွားလာရေးကုမ္ပဏီက ကျန်းမာရေးကဏ္ဍတစ်ခုအနဖြေင့် လုပ်ကိုင်နခြေင်း ဖြစ်ပြီး ဒေတွင်းနေ ပြည်သူများနှင့် မည်သည့် ဒေသက မဆို Chaing Mai Ram ဆေးရုံသို့ သို့ သွားရောက်၍ ဆေးဝါးကုသမှု ခံယူလိုသူများအတွက် ဘာသာစကားနှင့် သွားလာမှု အဆင်ပြေရန် အတွက် ကူညီဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

" Sawadee Holiday ခရီးသွားလာရေးကုမ္ပဏီ အနေနဲ့ ဒေသတွင်းနေ ပြည်သူများအတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ ရှိတဲ့ Chaing Mai Ram ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူလိုတယ်ဆိုရင် ဘာသာစကား အခက်အခဲတွေ၊ သွားရေးလာရေး အခက်အခဲတွေနဲ့ ဟိုရောက်ရင် နေဖို့ ဟိုတယ် ရှာဖွေရတဲ့ အခက်အခဲတွေကို အဆင်ပြေနိုင်ရန် အတွက် ဝန်ဆောင်မှု အနေနဲ့ ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်၊ အဲ့ဒီဆေးရုံမှာ ဆေးကုသမဲ့ သူတွေအနေနဲ့ Sawadee Holiday ခရီးသွားလာရေး ကုမ္ပဏီ ကို လာရောက် ဆက်သွယ်မယ်ဆိုရင် ဟိုဖက်ကို သွားဖို့ ကားတွေ လက်မှတ်လုပ်တာတွေက အစ အကုန် အပြီးအစီး ကူညီဆောင်ရွက်ပေးပါတယ်။ ဒီလို လုပ်ပေးတဲ့အတွက် လက်မှတ်ခတွေ ကားခတွေကတော့ ကိုယ့်ဘာသာ ကုန်ကျရမှာ ဖြစ်ပေမဲ့ ဒီ့အပေါ်ဝန်ဆောင်ခတော့ ထပ်ပေးစရာ မလိုပါဘူး။ နောက်ပြီး ကျွန်မတို့နဲ့ ချိတ်ဆက်ပြီး သွားတဲ့အခါ ဟိုရောက်ရင် အထူးကုဆရာဝန်တွေကို စောင့်ဆိုင်းရတဲ့ အချိန်တွေလည်း သက်သာမှာ ဖြစ်ပါတယ်"ဟု မှ Sawadee Holiday ခရီးသွားလာရေးကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်အေးကျော့ကျော့ခင် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့်အခြားဒေသများမှ ဆေးဝါးကုသမှုအဖြစ် သွားရောက်လိုသူများအနဖြေင့် Sawadee Holiday ခရီးသွားလာရေးကုမ္ပဏီရုံးသို့ လာရောက်၍ တိုင်ပင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

"Chaing Mai Ram ဆေးရုံမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်ကုသရင်လည်းရနိုင်ပေမဲ့ Sawadee Holiday ခရီးသွားလာရေး ကုမ္ပဏီရုံးကို လာရောက် ဆက်သွယ်ရင်တော့ အဓိက က ဘာသာစကားတွေ၊ သွားလာရန် လက်မှတ်တွေ စတာတွေအတွက် ပိုအဆင်ပြေစေပါတယ်။ အဲ့ဒီအတွက် အကျိုးဆောင်ခ အနေနဲ့ မယူပါဘူး။ လက်မှတ်ခနဲ့လမ်းစရိတ်ခတွေပဲ၊ Chaing Mai Ram ဆေးရုံမှာ ဆေးကုဖို့အတွက် အကြံတောင်းမျိုး၊ တိုင်ပင်ချင်တာမျိုးဆိုရင်လည်း ရပါတယ်။ ကျွန်မတို့ Sawadee Holiday ခရီးသွားလာရေးရုံးခန်းကို တာချီလိတ်မြို့နယ်အကောက်ခွန်ရုံးရှေ့မှာ ဖွင့်လှစ်ထားပါတယ်" Sawadee Holiday ခရီးသွားလာရေးကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်နန်းဆီထောင်း က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Chaing Mai Ram ဆေးရုံသည် နှလုံးရောဂါနှင့် အထွေထွေရောဂါများကို အထူးကုသပေးနေသည့် အတွက် ဒေသတွင်းနေ ပြည်သူများနှင့် ထိုင်းနိုင်ငံသို့ ဆေးဝါးကုသမှု ခံယူလိုသူများ အတွက် အဆင်ပြေစေရန် ကျန်းမာရေးဝန်ဆောင်မှုအနဖြေင့် အကျိုးဆောင်ကာ Sawadee Holiday ခရီးသွားလာရေး ကုမ္ပဏီက လုပ်ဆောင်ပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~