ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အကြို နှင့် မြန်မာကလေးများနေ့ အကြိုအဖြစ် တာချီလိတ်မြို့ ချမ်းမြေ့မူကြိုမှ ကလေးငယ်များ လှူဒါန်းမှုများ ပြုလုပ်ကာ ပြင်ပ လေ့လာရေး ပြုလုပ်
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အကြို နှင့် မြန်မာကလေးများနေ့ အကြိုအဖြစ် တာချီလိတ်မြို့ ချမ်းမြေ့မူကြိုမှ ကလေးငယ်များ လှူဒါန်းမှုများ ပြုလုပ်ကာ ပြင်ပ လေ့လာရေး ပြုလုပ်
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency
၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် အတူ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်နေ့ အကြိုလှုပ်ရှားမှု အနေဖြင့် တာချီလိတ်မြို့ရှိ ချမ်းမြေ့ရိပ်မွန်မူကြိုကျောင်းက ပြင်ပလေ့လာရေးခရီးစဉ်အနေဖြင့် ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာတို့တွင် လှူဒါန်းမှူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ ချမ်းမြေ့ရိပ်မွန်မူကြိုကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ကလေးငယ် (၅၂)ဦး နှင့် ဆရာမများ ပါဝင်သည့် အဖွဲ့သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ပြင်ပလေ့လာရေးခရီးစဉ် အနေဖြင့် သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ကာ လေ့လာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ(၁၃)ရက်နေ့သည် မြန်မာကလေးများအနေ့အဖြစ် သတ်မှတ်ထားသည့်အတွက် ကလေးသူငယ်အခွင့်အရေး အနေဖြင့် ပျော်ရွှင်မှုဖန်တီးသည့် အနေဖြင့်လည်း ပျော်ရွှင်နိုင်ရန် ဘုရင့်နောင်ရင်ပြင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် အတူ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်နေ့ အကြိုလှုပ်ရှားမှု အနဖြေင့် တာချီလိတ်မြို့ရှိ ချမ်းမြေ့ရိပ်မွန်မူကြိုကျောင်းက ပြင်ပလေ့လာရေးခရီးစဉ်အနဖြေင့် ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာတို့တွင် လှူဒါန်းမှူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ ချမ်းမြေ့ရိပ်မွန်မူကြိုကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ကလေးငယ် (၅၂)ဦး နှင့် ဆရာမများ ပါဝင်သည့် အဖွဲ့သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ပြင်ပလေ့လာရေးခရီးစဉ် အနဖြေင့် သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ကာ လေ့လာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့သည် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာ၊ လူငယ်ပရဟိတဂေဟာ နှင့် တာချီလိတ် ရွှေတိဂုံစေတီတော်သို့ သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘုရင့်နောင်ရင်ပြင်(ပန်းခြံ)သို့လည်း သွားရောက်ကာ ကလေးငယ်များ လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
"အခုလို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဘိုးဘွားရိပ်သာမှာဆိုရင် အဘိုးအဘွားတွေက အထီးကျန် ဆန်တယ်၊ အဲ့လိုမျိုးတွေမှာဆိုရင် ကလေးတွေအနေနဲ့လည်း ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်ရယ်၊ သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့တဲ့ အလေ့အထတွေ၊ ဂါရဝတရား ထားတတ်တာတွေ ဖြစ်စေ ချင်လို့ပါ။ နောက်ပြီး ဖေဖော်ဝါရီလ(၁၃)ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဆိုတာလည်း သိစေချင်လို့ ဖြစ်ပါတယ်၊ လူငယ်ပရဟိတဂေဟာ နဲ့ ဘိုးဘွားရိပ်သာမှာတော့ ကျောင်းသား၊ ကျောင်းသူများ နဲ့ ဆရာမများ စုပေါင်းပြီး ငွေပဒေသာပင် စုပေါင်းလှူဒါန်းတာတွေ လုပ်ခဲ့သလို ကလေးတွေရဲ့ မိဘတွေက လှူဒါန်းနိုင်ရန် ထည့်ပေးလာတဲ့ ဆေးဝါးတွေ၊ အစားအသောက်တွေ၊ ပန်းကန်တွေ စတာတွေနဲ့ စုပေါင်း လှူဒါန်းတာတွပြေုလုပ်ခဲ့ပါတယ်။ ကလေးတွေမှာက ဘာသာပေါင်းစုံ ပါ ပါတယ်။ အဓိက ကတော့ ဒီလို ငယ်ရွယ်တဲ့အချိန်က စပြီး လူကြီးသူမတွေကို ရိုသေလေးစား တတ်အောင် နဲ့ ဂါရဝတရားထားတတ်အောင် ရည်ရွယ်တာပါ"ဟု ချမ်းမြေ့မူကြိုကျောင်းမှ တာဝန်ခံဆရာမ ဒေါ်လဲ့ယဉ်ဝင်း က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ဖေဖော်ဝါရီလ(၁၃)ရက်နေ့သည် မြန်မာကလေးများအနေ့အဖြစ် သတ်မှတ်ထားသည့်အတွက် ကလေးသူငယ်အခွင့်အရေး အနဖြေင့် ပျော်ရွှင်မှုဖန်တီးသည့် အနဖြေင့်လည်း ပျော်ရွှင်နိုင်ရန် ဘုရင့်နောင်ရင်ပြင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~