ျမန္မာႏုိင္ငံကေလးမ်ားေန႔ အထိမ္းအမွတ္အႀကဳိအခမ္းအနား တာခ်ီလိတ္မူႀကဳိေက်ာင္း၌ က်င္းပ

ျမန္မာႏုိင္ငံကေလးမ်ားေန႔ အထိမ္းအမွတ္အႀကဳိအခမ္းအနား တာခ်ီလိတ္မူႀကဳိေက်ာင္း၌ က်င္းပ
ဖေဖော်ဝါရီ 10, 2018
By 🌸
ျမန္မာႏုိင္ငံကေလးမ်ားေန႔ အထိမ္းအမွတ္ အႀကဳိအခမ္းအနားကုိ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာန၊ လူမႈ၀န္ထမ္းဦးစီးဌာနက ႀကီးမွဴး၍ တာခ်ီလိတ္ မူလတန္္းႀကဳိေက်ာင္း၌ ေဖေဖာ္၀ါရီလ (၁၀) ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

တာခ်ီလိတ္မူလတန္းႀကဳိေက်ာင္း၊ ခ်မ္းေျမ့ရိပ္မြန္မူလတန္းႀကဳိေက်ာင္း၊ ပြင့္သစ္စမူလတန္းႀကိဳေက်ာင္း၊ ကုိယ့္အားကုိယ္ကုိး မူလတန္းႀကဳိေက်ာင္းႏွင့္ ပုဂၢလိကမူလတန္းႀကဳိေက်ာင္းမ်ားမွ ကေလးငယ္မ်ားက ေတးသီခ်င္းမ်ားျဖင့္ေဖ်ာ္ေျဖျခင္းႏွင့္ ပရဟိတေဂဟာမ်ားမွ ကေလးငယ္မ်ားက  ကဗ်ာရြတ္ဆုိၿပဳိင္ပဲြ၊  ဗုိလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ပတ္သက္သည့္    ဉာဏ္စမ္းပေဟဠိ ေျဖဆုိယွဥ္ၿပဳိင္ၾကၿပီး ဆုလက္ေဆာင္ ခ်ီးျမႇင့္ေပးေၾကာင္း သိရသည္။

အခမ္းအနားသို႔ ဒုတိယၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ က်ဳိင္းတံုခရုိင္လူမႈ၀န္ထမ္းဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ျမင့္တုိ႔လည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း #ေဝယံလင္း
ဓါတ္ပံု #ယာေဆး

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုအခမ်းအနား တာချီလိတ်မူကြိုကျောင်း၌ ကျင်းပ
****************
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ တာချီလိတ် မူလတန််းကြိုကျောင်း၌ ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကျင်းပကြောင်း သိရသည်။

တာချီလိတ်မူလတန်းကြိုကျောင်း၊ ချမ်းမြေ့ရိပ်မွန်မူလတန်းကြိုကျောင်း၊ ပွင့်သစ်စမူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ကလေးငယ်များက တေးသီချင်းများဖြင့်ဖျော်ဖြေခြင်းနှင့် ပရဟိတဂေဟာများမှ ကလေးငယ်များက  ကဗျာရွတ်ဆိုပြိုင်ပွဲ၊  ဗိုလ်ချုပ်အောင်ဆန်း နှင့်ပတ်သက်သည့်    ဉာဏ်စမ်းပဟေဠိ ဖြေဆိုယှဉ်ပြိုင်ကြပြီး ဆုလက်ဆောင် ချီးမြှင့်ပေးကြောင်း သိရသည်။

အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။

သတင်း #ဝေယံလင်း
ဓါတ်ပုံ #ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~