တာချီလိတ်တွင် ရက်ပေါင်း(၃၀) တရားဝင်နေထိုင်ခဲ့စဉ် သက်ဆိုင်ရာသို့ သတင်းမပို့သည့် နိုင်ငံခြားသားနှစ်ဦးအား လ၀က ဥပဒေဖြင့် အရေးယူထား

တာချီလိတ်တွင် ရက်ပေါင်း(၃၀) တရားဝင်နေထိုင်ခဲ့စဉ် သက်ဆိုင်ရာသို့ သတင်းမပို့သည့် နိုင်ငံခြားသားနှစ်ဦးအား လ၀က ဥပဒေဖြင့် အရေးယူထား
ဖေဖော်ဝါရီ 1, 2018
By Tachileik News Agency

တာချီလိတ်တွင် ရက်ပေါင်း(၃၀) တရားဝင်နေထိုင်ခဲ့စဉ် သက်ဆိုင်ရာဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့် တရုတ် နှင့် ကမ္ဘာဒီးယား နိုင်ငံခြားသား (၂)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် လ၀ကအက် ဥပဒေဖြင့် ဇန်န၀ါရီလ(၃၁)ရက်နေ့ ညပိုင်းက အမှုဖွင့်လိုက်ကြောင်း သိရသည်။

အသက်(၃၀)၀န်းကျင်ရှိ တရုတ်နိုင်ငံသား အမျိုးသား Wei Lihao နှင့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ ကမ္ဘာဒီးယားနိုင်ငံသား အမျိုးသား Luo Jianတို့ နှစ်ဦးသည် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၅)နာရီ ၀န်းကျင် အချိန်က ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရန် အတွက် ချစ်ကြည်ရေးတံတား အမှတ်(၁)သို့ ရောက်ရှိလာရာ  ချစ်ကြည်ရေးတံတား(၁)တွင် တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့သည် တာချီလိတ်၌နေခဲ့စဉ် ကာလအတွင်း တည်းခိုလိပ်စာ အတည်အကျ ပြောဆိုနိုင်ခြင်း မရှိသည့်အတွက် ဆက်လက် စစ်ဆေးရာမှ တာချီလိတ်တွင် တရားဝင်နေထိုင်ခဲ့စဉ်ကာလအတွင်း သက်ဆိုင်ရာဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့ရာ ဗီဇာစည်းကမ်း ချိုးဖောက်ခဲ့မှုကြောင့် တာချီလိတ်မြို့မရဲစခန်းတွင်  (ပ)၃၆/၂၀၁၈ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် ရက်ပေါင်း(၃၀) တရားဝင်နေထိုင်ခဲ့စဉ် သက်ဆိုင်ရာဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့် တရုတ် နှင့် ကမာ္ဘဒီးယား နိုင်ငံခြားသား (၂)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် လဝကအက် ဥပဒဖြေင့် ဇန်နဝါရီလ(၃၁)ရက်နေ့ ညပိုင်းက အမှုဖွင့်လိုက်ကြောင်း သိရသည်။

အသက်(၃၀)ဝန်းကျင်ရှိ တရုတ်နိုင်ငံသား အမျိုးသား Wei Lihao နှင့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ ကမာ္ဘဒီးယားနိုင်ငံသား အမျိုးသား Luo Jianတို့ နှစ်ဦးသည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ညနေ(၅)နာရီ ဝန်းကျင် အချိန်က ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရန် အတွက် ချစ်ကြည်ရေးတံတား အမှတ်(၁)သို့ ရောက်ရှိလာရာ ချစ်ကြည်ရေးတံတား(၁)တွင် တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရာတွင်၎င်းတို့သည် တာချီလိတ်၌နေခဲ့စဉ် ကာလအတွင်း တည်းခိုလိပ်စာ အတည်အကျ ပြောဆိုနိုင်ခြင်း မရှိသည့်အတွက် ဆက်လက် စစ်ဆေးရာမှ တာချီလိတ်တွင် တရားဝင်နေထိုင်ခဲ့စဉ်ကာလအတွင်း သက်ဆိုင်ရာဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့ရာ ဗီဇာစည်းကမ်း ချိုးဖောက်ခဲ့မှုကြောင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၆/၂၀၁၈ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~