ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံနယ္ျခားေစာင့္တပ္ရင္းမွဴးအဆင့္ ခ်စ္ၾကည္ေရး ေမာင္ေတာတြင္ ေတြ႕ဆုံေဆြးေႏြး

ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံနယ္ျခားေစာင့္တပ္ရင္းမွဴးအဆင့္ ခ်စ္ၾကည္ေရး ေမာင္ေတာတြင္ ေတြ႕ဆုံေဆြးေႏြး
ဖေဖော်ဝါရီ 14, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ နယ္စပ္မွတ္တိုင္ (၃၁/၁)အနီးရွိ ယာယီ နားေနေဆာင္၌ ႏွစ္နိုင္ငံနယ္ျခားေစာင့္ တပ္ရင္းမွဴးအဆင့္ ခ်စ္ၾကည္ေရး ေတြ႕ဆုံေဆြးေႏြးပြဲကို ေဖေဖၚဝါရီလ (၁၃)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

အဆိုပါ ေတြ႔ဆံုေဆြးေႏြးပြဲအား ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲဝန္းက်င္က က်င္းပရာ ျမန္မာနိုင္ငံဘက္မွ အမွတ္(၁) နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ခြဲမွ ဒုတိယ ရဲမွဴးႀကီး ေစာေဇယ်ာလင္း ဦးေဆာင္သည့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံဘက္မွ အမွတ္(၃၄)BGB တပ္ရင္းမွဴး ဒုတိယမွဴးႀကီး ေမာန္ဇူ႐ုပ္ဟာဆာန္ခါန္း ဦးေဆာင္သည့္ တပ္ဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၿပီး ႏွစ္နိုင္ငံနယ္စပ္ လုံၿခဳံေရးဆိုင္ရာမ်ား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွ အမွတ္(၃၄)BGB တပ္ရင္းမွဴးႏွင့္အဖြဲ႕သည္ ႏွစ္နိုင္ငံခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ေန႔လယ္ (၁)နာရီ (၅၅)မိနစ္တြင္ ဘဂၤလား ေဒ့ရွ္ နိုင္ငံသို႔ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် (၃၁/၁)အနီးရှိ ယာယီ နားနေဆောင်၌ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူးအဆင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့က ကျင်းပကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က ကျင်းပရာ မြန်မာနိုင်ငံဘက်မှ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဒုတိယ ရဲမှူးကြီး စောဇေယျာလင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမှတ်(၃၄)BGB တပ်ရင်းမှူး ဒုတိယမှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၃၄)BGB တပ်ရင်းမှူးနှင့်အဖွဲ့သည် နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှတစ်ဆင့် နေ့လယ် (၁)နာရီ (၅၅)မိနစ်တွင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~