တိုးလ္ဂိတ္အားလံုးတြင္ အေလးခ်ိန္စံကိုက္ညိႇထားသည့္ ကတၱားမ်ားျဖင့္ ပံုမွန္အတုိင္း တန္ပိုစစ္ေဆးျခင္း ျပန္လည္ေဆာင္ရြက္ေတာ့မည္

တိုးလ္ဂိတ္အားလံုးတြင္ အေလးခ်ိန္စံကိုက္ညိႇထားသည့္ ကတၱားမ်ားျဖင့္ ပံုမွန္အတုိင္း တန္ပိုစစ္ေဆးျခင္း ျပန္လည္ေဆာင္ရြက္ေတာ့မည္
ဖေဖော်ဝါရီ 18, 2018
By Tachileik News Agency

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာနပိုင္ လမ္းမ်ားရိွ တိုးလ္ဂိတ္မ်ားမွ ကတၱားမ်ားအား တေျပးညီ ျဖစ္ေစေရး  အေလးခ်ိန္စံ ကိုက္ညိႇျခင္း ေဆာင္ရြက္ၿပီးစီးၿပီျဖစ္သျဖင့္ ကတၱားမ်ား အေလးစံခ်ိန္ကိုက္ ညိႇျခင္းလုပ္ငန္း ေဆာင္ရြက္စဥ္ကာလအတြင္း ေျဖေလ်ာ့ေပးထားရာမွ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၂၂)ရက္ေန႔မွစ၍ ပံုမွန္အတုိင္း ေဆာင္ရြက္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

တိုးလ္ဂိတ္မ်ားရိွ ကတၱားမ်ား အေလးခ်ိန္စံကိုက္ညိႇျခင္း ေဆာင္ရြက္စဥ္ ကာလအတြင္း ကုန္တင္ယာဥ္မ်ားအား တန္ပို ေကာက္ခံျခင္း မျပဳဘဲ ေျဖေလ်ာ့ျဖတ္သန္းခြင့္ ျပဳထားခဲ့ရာ ပံုမွန္အတိုင္း ျပန္လည္ ေကာက္ခံမည္ႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ေျမာက္ပိုင္း မႏၱေလး - မူဆယ္ လမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတြင္ ေျပးဆြဲေနသည့္ ကုန္တင္ယာဥ္ေမာင္းအခ်ိဳ႕က စိုးရိမ္ပူပန္မႈမ်ားရိွေၾကာင္း သိရသည္။

“စံကတၱားသတ္မွတ္တာက ကုန္တင္ယာဥ္ေတြ အတြက္နစ္နာပါတယ္။ ကၽြန္ေတာ္တို႕က ကုန္တင္တ့ဲအခါ တစ္တန္ေလာက္ ေလွ်ာ့တင္ရမွာျဖစ္တ့ဲအတြက္ ကားခကက်န္တာနည္းသြားမွာ။ ကားျပင္စရိတ္၊ ဆီဖိုးနဲ႕ ကတၱားခႏႈတ္လိုက္ရင္ မကိုက္ေတာ့ဘူး “ဟု ကုန္တင္ယာဥ္ေမာင္းတစ္ဦးျဖစ္သူ ဦးေပါေဌးက ဆိုသည္။

အေလးခ်ိန္ စံကိုက္ညိႇထားသည့္ ကတၱားမ်ားျဖင့္ ေျပာင္းလဲလုိက္ျခင္းေၾကာင့္ ကုန္တင္ခ်ိန္ကို လက္ရိွတင္ေနသည္ထက္ ေလွ်ာ့တင္ရမည္ျဖစ္သျဖင့္ ကားခရရိွမႈ ေလ်ာ့နည္းသြားမည္ကို စိုးရိမ္ျခင္းျဖစ္ေၾကာင္း လားရိႈးၿမိဳ႕မွ ၂၂ ဘီးယာဥ္ပိုင္ရွင္တစ္ဦးျဖစ္သူ ဦးေအာင္လြင္က ဆိုသည္။

“တန္ခ်ိန္ေလ်ွာ့ခိုင္းတာ မဟုတ္ပါဘူး။ အရင္ကေပးထားတ့ဲ ထပ္ေဆာင္း အေလးခ်ိန္ တန္ပိုေတြကို မေပးေတာ့တာပဲရွိမွာပါ။ ၿပီးခ့ဲတ့ဲ လ (၁၄) ရက္ေန႔ကစၿပီးေျပာင္းလဲေနတာပါ။ အခုလက္ရွိမွာေတာ့ တန္ပိုေတြအတြက္ မေကာက္ခံေတာ့ဘဲ သူတို႕တင္လာတ့ဲ အေလးခ်ိန္အတိုင္း ျဖတ္သန္း ေစေနတာျဖစ္ပါတယ္” ဟု လားရႈိး ၿမိဳ႕ေရွာင္လမ္းတိုးလ္ဂိတ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လမ္းဦးစီးဌာနပိုင္ လမ္းမ်ားတြင္ B.O.T လမ္း/တံတားဂိတ္မ်ားတြင္ တပ္ဆင္အသံုးျပဳေနသည့္ ကတၱားမ်ားမွာ ဂိတ္တစ္ခုနွင့္ တစ္ခု မတူညီမႈမ်ားေၾကာင့္ တိုးလ္ဂိတ္မ်ားတြင္ မၾကာခဏ ျပႆနာျဖစ္ပြားေနသျဖင့္ ကတၱားအားလံုး အေလးခ်ိန္စံ ကိုက္ညိႇျခင္းလုပ္ငန္းကို ႏုိင္ငံတကာ အသိအမွတ္ျပဳ လက္မွတ္ရထားသည့္ ကတၱားကုမၸဏီျဖင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁၁)ရက္ေန႔မွ ေဖေဖၚဝါရီလ (၃)ရက္အထိ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းများရှိ တိုးလ်ဂိတ်များမှ ကတ္တားများအား တပြေးညီ ဖြစ်စေရေး အလေးချိန်စံ ကိုက်ညှိခြင်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ကတ္တားများ အလေးစံချိန်ကိုက် ညှိခြင်းလုပ်ငန်း ဆောင်ရွက်စဉ်ကာလအတွင်း ဖြေလျော့ပေးထားရာမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှစ၍ ပုံမှန်အတိုင်း ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

တိုးလ်ဂိတ်များရှိ ကတ္တားများ အလေးချိန်စံကိုက်ညှိခြင်း ဆောင်ရွက်စဉ် ကာလအတွင်း ကုန်တင်ယာဉ်များအား တန်ပို ကောက်ခံခြင်း မပြုဘဲ ဖြေလျော့ဖြတ်သန်းခွင့် ပြုထားခဲ့ရာ ပုံမှန်အတိုင်း ပြန်လည် ကောက်ခံမည်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး - မူဆယ် လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတွင် ပြေးဆွဲနေသည့် ကုန်တင်ယာဉ်မောင်းအချို့က စိုးရိမ်ပူပန်မှုများရှိကြောင်း သိရသည်။

“စံကတ္တားသတ်မှတ်တာက ကုန်တင်ယာဉ်တွေ အတွက်နစ်နာပါတယ်။ ကျွန်တော်တို့က ကုန်တင်တဲ့အခါ တစ်တန်လောက် လျှော့တင်ရမှာဖြစ်တဲ့အတွက် ကားခကကျန်တာနည်းသွားမှာ။ ကားပြင်စရိတ်၊ ဆီဖိုးနဲ့ ကတ္တားခနှုတ်လိုက်ရင် မကိုက်တော့ဘူး “ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးပေါဌေးက ဆိုသည်။

အလေးချိန် စံကိုက်ညှိထားသည့် ကတ္တားများဖြင့် ပြောင်းလဲလိုက်ခြင်းကြောင့် ကုန်တင်ချိန်ကို လက်ရှိတင်နေသည်ထက် လျှော့တင်ရမည်ဖြစ်သဖြင့် ကားခရရှိမှု လျော့နည်းသွားမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း လားရှိုးမြို့မှ ၂၂ ဘီးယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်လွင်က ဆိုသည်။

“တန်ချိန်လျှော့ခိုင်းတာ မဟုတ်ပါဘူး။ အရင်ကပေးထားတဲ့ ထပ်ဆောင်း အလေးချိန် တန်ပိုတွေကို မပေးတော့တာပဲရှိမှာပါ။ ပြီးခဲ့တဲ့ လ (၁၄) ရက်နေ့ကစပြီးပြောင်းလဲနေတာပါ။ အခုလက်ရှိမှာတော့ တန်ပိုတွေအတွက် မကောက်ခံတော့ဘဲ သူတို့တင်လာတဲ့ အလေးချိန်အတိုင်း ဖြတ်သန်း စေနေတာဖြစ်ပါတယ်” ဟု လားရှိုး မြို့ရှောင်လမ်းတိုးလ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်းဦးစီးဌာနပိုင် လမ်းများတွင် B.O.T လမ်း/တံတားဂိတ်များတွင် တပ်ဆင်အသုံးပြုနေသည့် ကတ္တားများမှာ ဂိတ်တစ်ခုနှင့် တစ်ခု မတူညီမှုများကြောင့် တိုးလ်ဂိတ်များတွင် မကြာခဏ ပြဿနာဖြစ်ပွားနေသဖြင့် ကတ္တားအားလုံး အလေးချိန်စံ ကိုက်ညှိခြင်းလုပ်ငန်းကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရထားသည့် ကတ္တားကုမ္ပဏီဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၃)ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~