သရက်တောကျေးရွာ ဗိုလ်ချုပ်ကြေးသွန်းရုပ်တုဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

သရက်တောကျေးရွာ ဗိုလ်ချုပ်ကြေးသွန်းရုပ်တုဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency


"ကျွန်တော်တို့ရွာက သရက်တောတိုက်နယ်မှာ အကြီးဆုံးရွာဖြစ်သလို ပွင့်ဖြူမြို့နယ်ထဲမှာလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ကျွန်တော်တို့ရွာက ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့တာဖြစ်လို့ ရွာခံလူကြီးတွေရော လူငယ် တွေပါ အတိုင်းမသိ ဂုဏ်ယူပျော်ရွှင်နေကြပါတယ်"ဟု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးကျော်ဆန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်ခြေ (၁၀၀၀)ကျော်ရှိသည့် သရက်တောကျေးရွာ၌ ကြေးပိဿာချိန်(၁၇၀)ကျော်ရှိသည့် ဗိုလ်ချုပ် ကြေးသွန်းရုပ်တု ထားရှိနိုင်ရေးအတွက် စုစုပေါင်း ငွေကျပ်(၁၇၄)သိန်း အကုန်ကျခံ တည်ဆောက်ခြင်း ဖြစ်ပြီး လှူဒါန်းငွေများအပြင် ကျေးရွာနေပြည်သူများလှူဒါန်းသော ၎င်းတို့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့သည့် ကြေးထည်ပစ္စည်း(၆၂)ပိဿလည်း ပါဝင်ကြောင်းလည်း သိရသည်။



သတင်း/ဓါတ်ပုံ - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာ၌ ဗိုလ်ချုပ်ကြေးရုပ်တုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်မြောက်မွေးနေ့၌ ဖွင့်လှစ်လိုက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

"ကျွန်တော်တို့ရွာက သရက်တောတိုက်နယ်မှာ အကြီးဆုံးရွာဖြစ်သလို ပွင့်ဖြူမြို့နယ်ထဲမှာလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ကျွန်တော်တို့ရွာက ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့တာဖြစ်လို့ ရွာခံလူကြီးတွေရော လူငယ် တွေပါ အတိုင်းမသိ ဂုဏ်ယူပျော်ရွှင်နကြေပါတယ်"ဟု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးကျော်ဆန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်ခြေ (၁၀၀၀)ကျော်ရှိသည့် သရက်တောကျေးရွာ၌ ကြေးပိဿါချိန်(၁၇၀)ကျော်ရှိသည့် ဗိုလ်ချုပ် ကြေးသွန်းရုပ်တု ထားရှိနိုင်ရေးအတွက် စုစုပေါင်း ငွေကျပ်(၁၇၄)သိန်း အကုန်ကျခံ တည်ဆောက်ခြင်း ဖြစ်ပြီး လှူဒါန်းငွေများအပြင် ကျေးရွာနပြေည်သူများလှူဒါန်းသော၎င်းတို့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့သည့် ကြေးထည်ပစ္စည်း(၆၂)ပိဿလည်း ပါဝင်ကြောင်းလည်း သိရသည်။

"အပ်တုန်းက အမြင့် (၅) ပေ (၃) လက္မ ပါ။ကြေးသွန်းဆရာက ရွာလေးတစ်ရွာကနေ လာအပ်တာ ဖြစ်လို့ ကြေးပိဿါချိန် (၂၀) ထည့်လှူလိုက်တဲ့အတွက် အမြင့် (၅) ပေ (၆)လက်မဖြစ်သွားပါတယ်"ဟု ဦးကျော် ဆန်းဦးက ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးသွန်းရုပ်တုအား သရက်တောကျေးရွာရှိ ပညာရောင်ခြည်စာကြည့်တိုက် ရှေ့၌ ထားရှိပြီး ဖေဖော်ဝါရီ(၁၃)ရက် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကို ဖျော်ဖြေပွဲများ၊အကျွေးအမွေးများဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~