၁၀၃ ႀကိမ္ေျမာက္ ဗို္လ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ကို ဇာတိေျမနတ္ေမာက္ၿမိဳ႕တြင္ သံုးရက္ၾကာက်င္းပမည္

၁၀၃ ႀကိမ္ေျမာက္ ဗို္လ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ကို ဇာတိေျမနတ္ေမာက္ၿမိဳ႕တြင္ သံုးရက္ၾကာက်င္းပမည္
ဖေဖော်ဝါရီ 10, 2018
By 🌸
မေကြးတိုင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕တြင္ (၁၀၃) ႀကိမ္ေျမာက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ကို နတ္ေမာက္ၿမိဳ႕နယ္ပရဟိတအဖြဲ႔ေပါင္းစုံက သံုးရက္ၾကာက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

"ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဇာတိေျမျဖစ္တဲ့ ကၽြန္ေတာ္တို႔နတ္ေမာက္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ေမြးေန႔အ ထိမ္းအမွတ္ပြဲေတြကို ႏွစ္စဥ္က်င္းပသြားနိုင္ေရးအတြက္ ႀကိဳးပမ္းေနပါတယ္။ အခု (၁၀၃) ႀကိမ္ေျမာက္ ေမြးေန႔အခမ္းအနားကိုလည္း စည္ကားသိုက္ၿမိဳက္စြာ က်င္းပနိုင္ေရးအတြက္ နတ္ေမာက္ၿမိဳ႕မွာရွိတဲ့ ပရဟိတအဖြဲ႔ေပါင္းစုံနဲ႔အတူ ညိႇနိႈင္းမႈေတြမျပတ္ေဆာင္ရြက္ေနပါတယ္"ဟု နတ္ေမာက္ကြန္ရက္မွ ဦးေဇာ္မင္းလတ္က ေျပာသည္။

အခမ္းအနားကို နတ္ေမာက္ၿမိဳ႕ရိွ ရာျပည့္ကြင္းႀကီးအတြင္း၌က်င္းပမည္ျဖစ္ၿပီး ေဖေဖၚဝါရီလ (၁၁) ရက္ေန႔မွ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ေဖေဖၚဝါရီလ (၁၁) ရက္ေန႔တြင္ နတ္ေမာက္ၿမိဳ႕ခံ လူငယ္ကဗ်ာ၀ါသနာရွင္မ်ား စုေပါင္းဖြဲ႔စည္းထားသည့္ ယင္းေခ်ာင္းလေရာင္ကဗ်ာရြတ္ဆိုျခင္း အခမ္းအနားျဖင့္စတင္မည္ျဖစ္ၿပီး ညပိုင္းတြင္ တရားပဲြ၊ ေဖေဖၚဝါရီ (၁၂)ရက္ေန႔ နံနက္ပိုင္းတြင္ ေက်ာင္းသားေက်ာင္းသူကေလးငယ္မ်ား၏ အားကစားၿပိဳင္ပြဲႏွင့္ ေဖ်ာ္ေျဖပဲြမ်ား၊ ညပိုင္းတြင္ စာေပေဟာေျပာပြဲ၊ အၿငိမ့္၊ ေဖေဖၚဝါရီလ (၁၃) ရက္ေန႔တြင္ ကေလးပန္းခ်ီၿပိဳင္ပြဲမ်ား၊ ဆိုင္းအဖြဲ႔မ်ား၏ ေဖ်ာ္ေျဖပြဲမ်ား၊ စာေပေဟာေျပာပြဲ၊ အၿငိမ့္တို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ၁၉၁၅ ခုႏွစ္ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔တြင္ မေကြးတိုင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕၌ ေမြးဖြားခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
၁၀၃ ကြိမ်မြောက် ဗို်လ်ချုပ်အောင်ဆန်းမွေးနေ့ကို ဇာတိမြေနတ်မောက်မြို့တွင် သုံးရက်ကြာကျင်းပမည်
****************
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် (၁၀၃) ကြိမ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နတ်မောက်မြို့နယ်ပရဟိတအဖွဲ့ပေါင်းစုံက သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြေဖြစ်တဲ့ ကျွန်တော်တို့နတ်မောက်မြို့မှာ ဗိုလ်ချုပ်မွေးနေ့အ ထိမ်းအမှတ်ပွဲတွေကို နှစ်စဉ်ကျင်းပသွားနိုင်ရေးအတွက် ကြိုးပမ်းနေပါတယ်။ အခု (၁၀၃) ကြိမ်မြောက် မွေးနေ့အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နတ်မောက်မြို့မှာရှိတဲ့ ပရဟိတအဖွဲ့ပေါင်းစုံနဲ့အတူ ညှိနှိုင်းမှုတွေမပြတ်ဆောင်ရွက်နေပါတယ်"ဟု နတ်မောက်ကွန်ရက်မှ ဦးဇော်မင်းလတ်က ပြောသည်။

အခမ်းအနားကို နတ်မောက်မြို့ရှိ ရာပြည့်ကွင်းကြီးအတွင်း၌ကျင်းပမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် နတ်မောက်မြို့ခံ လူငယ်ကဗျာဝါသနာရှင်များ စုပေါင်းဖွဲ့စည်းထားသည့် ယင်းချောင်းလရောင်ကဗျာရွတ်ဆိုခြင်း အခမ်းအနားဖြင့်စတင်မည်ဖြစ်ပြီး ညပိုင်းတွင် တရားပွဲ၊ ဖေဖေါ်ဝါရီ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းသားကျောင်းသူကလေးငယ်များ၏ အားကစားပြိုင်ပွဲနှင့် ဖျော်ဖြေပွဲများ၊ ညပိုင်းတွင် စာပေဟောပြောပွဲ၊ အငြိမ့်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့တွင် ကလေးပန်းချီပြိုင်ပွဲများ၊ ဆိုင်းအဖွဲ့များ၏ ဖျော်ဖြေပွဲများ၊ စာပေဟောပြောပွဲ၊ အငြိမ့်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~