က်ိဳင္းတံုသို႔ တရားမဝင္တင္သြင္းလာသည့္ ထုိင္းႏုိင္ငံမွ ေအးခဲအသားမ်ားအား ဖမ္းဆီးမီးရိႈ႕

က်ိဳင္းတံုသို႔ တရားမဝင္တင္သြင္းလာသည့္ ထုိင္းႏုိင္ငံမွ ေအးခဲအသားမ်ားအား ဖမ္းဆီးမီးရိႈ႕
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ - က်ဳိင္းတုံလမ္းမေပၚရိွ ေနာင္ႏြန္းစစ္ေဆးေရးဂိတ္တြင္ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိသည့္ တရားမဝင္သယ္ေဆာင္လာသည့္ ေအးခဲအသား
(၃၂၂)ကီလိုအား ေဖေဖၚဝါရီလ(၂)ရက္ေန႔တြင္ က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က မီးရိႈ႕ ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

"တာခ်ီလိတ္ဘက္ကေန တရားမဝင္တဲ့ ေအးခဲအသားေတြကို အိမ္စီးကားနဲ႕ သယ္လာတယ္လို႔ ကၽြန္ေတာ္တို႔ဆီကို မေန႔က သတင္းေပးတိုင္ၾကားလာတဲ့အတြက္ ပူးေပါင္းအဖြဲ႕နဲ႔ ေနာင္ႏြန္းဂိတ္မွာ ေစာင့္ဖမ္းတာ မိခဲ့တယ္။ အဲဒီဖမ္းဆီးရမိတဲ့ ေအးခဲအသား (၃၂၂)ကီလိုကို ဒီေန႔ ေန႔လယ္ပိုင္းက မီးရိႈ႕ဖ်က္ဆီးခဲ့ပါတယ္"ဟု က်ိဳင္းတုံခရိုင္ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံမွ တင္သြင္းလာေသာ ေအးခဲအသားမ်ားကို တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ က်ိဳင္းတုံၿမိဳ႕သို႔ တရားမဝင္ သယ္ေဆာင္လာသျဖင့္ ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က စားသုံးသူကာကြယ္ေရးဥပေဒ ပုဒ္မ ၁၉/ (င)ႏွင့္ (စ)အရ သိမ္းဆည္းဖ်က္ဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

"က်ိဳင္းတုံမွာက ဒီေအးခဲအသားေတြကို တရားဝင္အခြန္ေဆာင္ၿပီး ျဖန္႕ခ်ိေရာင္းခ်ေနတဲ့ ကုမၸဏီေတြရိွေပမဲ့ တစ္ခ်ိဳ႕လုပ္ငန္းရွင္ေတြကက်ေတာ့ တရားဝင္ အခြန္မေဆာင္ခ်င္ၾကဘူး။ ၿပီးရင္ဂိတ္ေတြမွာလည္း မသိေအာင္ အိမ္စီးကားေလးေတြနဲ႔ သယ္တာ။ ဒီေတာ့ အခြန္ေဆာင္ဖို႔အျပင္ သယ္ယူစရိတ္ကလည္း ေတာ္ေတာ္သက္သာ သြားတယ္။ ၿပီးေတာ့ လုပ္ငန္းလိုင္စင္ရထားတဲ့ကုမၸဏီက ႏိုင္ငံေတာ္ကို တစ္ကီလိုကို က်ပ္(၄၀၀)ေလာက္ အခြန္ေဆာင္ရတဲ့အတြက္ အခြန္မေဆာင္တဲ့သူေတြက သယ္ယူစရိတ္နဲ႕ လမ္းစရိတ္ေတြပါ ေပါင္းလိုက္ရင္ တစ္ကီလိုကို က်ပ္တစ္ေထာင္ေလာက္ သက္သာသြားတယ္။ ဒီေတာ့ ေမွာင္ခိုေတြသြင္းၾကတယ္။ ဒါေပမဲ႔ ေမွာင္ခိုသြင္းလာတဲ႔ ေအးခဲအသားေတြက အာမခံခ်က္လည္း မရိွသလို တစ္ခုခုျဖစ္ရင္ တာဝန္ယူမႈ တာဝန္ခံမႈလည္း မရိွပါဘူး"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

တရားမ၀င္ သယ္ေဆာင္လာေသာ ေအးခဲအသားမ်ားတြင္ ဝက္သားလုံး၊ ဝက္သားခ်ဥ္၊ တိုဖူး၊ ၾကက္ေၾကာ၊ ၾကက္ရင္အုပ္၊ ဆိုက္ေကာ္ေခ်ာင္းမ်ား ပါဝင္ေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု #ဇြဲျမတ္
ဓါတ္ပံု - ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံလမ်းမပေါ်ရှိ နောင်နွန်းစစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိသည့် တရားမဝင်သယ်ဆောင်လာသည့် အေးခဲအသား
(၃၂၂)ကီလိုအား ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"တာချီလိတ်ဘက်ကနေ တရားမဝင်တဲ့ အေးခဲအသားတွေကို အိမ်စီးကားနဲ့ သယ်လာတယ်လို့ ကျွန်တော်တို့ဆီကို မနေ့က သတင်းပေးတိုင်ကြားလာတဲ့အတွက် ပူးပေါင်းအဖွဲ့နဲ့ နောင်နွန်းဂိတ်မှာ စောင့်ဖမ်းတာ မိခဲ့တယ်။ အဲဒီဖမ်းဆီးရမိတဲ့ အေးခဲအသား (၃၂၂)ကီလိုကို ဒီနေ့ နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပါတယ်"ဟု ကျိုင်းတုံခရိုင်ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသော အေးခဲအသားများကို တာချီလိတ်မြို့မှတစ်ဆင့် ကျိုင်းတုံမြို့သို့ တရားမဝင် သယ်ဆောင်လာသဖြင့် ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၁၉/ (င)နှင့် (စ)အရ သိမ်းဆည်းဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

"ကျိုင်းတုံမှာက ဒီအေးခဲအသားတွေကို တရားဝင်အခွန်ဆောင်ပြီး ဖြန့်ချိရောင်းချနေတဲ့ ကုမ္ပဏီတွေရှိပေမဲ့ တစ်ချို့လုပ်ငန်းရှင်တွေကကျတော့ တရားဝင် အခွန်မဆောင်ချင်ကြဘူး။ ပြီးရင်ဂိတ်တွေမှာလည်း မသိအောင် အိမ်စီးကားလေးတွေနဲ့ သယ်တာ။ ဒီတော့ အခွန်ဆောင်ဖို့အပြင် သယ်ယူစရိတ်ကလည်း တော်တော်သက်သာ သွားတယ်။ ပြီးတော့ လုပ်ငန်းလိုင်စင်ရထားတဲ့ကုမ္ပဏီက နိုင်ငံတော်ကို တစ်ကီလိုကို ကျပ်(၄၀၀)လောက် အခွန်ဆောင်ရတဲ့အတွက် အခွန်မဆောင်တဲ့သူတွေက သယ်ယူစရိတ်နဲ့ လမ်းစရိတ်တွေပါ ပေါင်းလိုက်ရင် တစ်ကီလိုကို ကျပ်တစ်ထောင်လောက် သက်သာသွားတယ်။ ဒီတော့ မှောင်ခိုတွေသွင်းကြတယ်။ ဒါပေမဲ့ မှောင်ခိုသွင်းလာတဲ့ အေးခဲအသားတွေက အာမခံချက်လည်း မရှိသလို တစ်ခုခုဖြစ်ရင် တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိပါဘူး"ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

တရားမဝင် သယ်ဆောင်လာသော အေးခဲအသားများတွင် ဝက်သားလုံး၊ ဝက်သားချဉ်၊ တိုဖူး၊ ကြက်ကြော၊ ကြက်ရင်အုပ်၊ ဆိုက်ကော်ချောင်းများ ပါဝင်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ #ဇွဲမြတ်
ဓာတ်ပုံ - ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~