ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသားမ်ားအား ႏွစ္လအတြင္း (၉၇)ဦး ဖမ္းဆီးကာ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးခဲ့

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသားမ်ားအား ႏွစ္လအတြင္း (၉၇)ဦး ဖမ္းဆီးကာ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးခဲ့
ဖေဖော်ဝါရီ 28, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္သို႔ ထိုင္းႏိုင္ငံအတြင္းမွ တရားမ၀င္ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ားအား ဖမ္းဆီး အေရးယူၿပီး ျပန္လည္၍ လႊဲေျပာင္းေပးလာရာ ေဖေဖာ္၀ါရီလ(၂၈)ရက္ေန႔တြင္  ျမန္မာႏိုင္ငံသား (၃)ဦးအား လႊဲေျပာင္းေပးလာရာ ၂၀၁၈ခုႏွစ္ ႏွစ္စမွ ေဖေဖာ္၀ါရီလကုန္အထိ (၉၇)ဦး ရွိၿပီးျဖစ္ေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ (၂၈)ရက္ေန႔ နံနက္ပိုင္းက အမ်ဳိးသား(၃)ဦးအား လႊဲေျပာင္းေပးလာခဲ့ၿပီး ေဖေဖာ္၀ါရီလ(၂၃)ရက္ေန႔က အမ်ဳိးသား(၃)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦးအား လႊဲေျပာင္းေပးလာရာ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ ႏွင့္ ေဖေဖာ္၀ါရီလ ႏွစ္လတာ ကာလအတြင္း စုစုေပါင္း (၉၇)ဦးရွိရာတြင္ အမ်ဳိးသား (၇၅)ဦး ႏွင့္ အမ်ဳိးသမီး (၂၂)ဦး ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းဘက္မွ လႊဲေျပာင္းေပးလာသူမ်ားမွာ မိမိတို႔ဆႏၵအေလ်ာက္ေနရပ္ျပန္လာသည့္ ေရႊ႕ေျပာင္း လုပ္သားမ်ား မဟုတ္ဘဲ ထုိင္းႏုိင္ငံတြင္း သက္တမ္းေက်ာ္လြန္ ေနထုိင္ျခင္း၊ ေနထုိင္ခြင့္ အေထာက္အထား မရိွဘဲ ေနထိုင္ျခင္းမ်ားအား စစ္ေဆးေတြ႔ရသည္မ်ားေၾကာင့္ ဖမ္းဆီးအေရးယူၿပီး ယခုလို ျပန္လည္ ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းဘက္မွ ျပန္လည္လႊဲေျပာင္းေပးလာသည္မ်ားတြင္ ျမန္မာႏိုင္ငံသားမ်ား မဟုတ္သည့္ အျခားႏုိင္ငံသားမ်ား ေရာေႏွာပါ၀င္လာျခင္း ရွိမရွိအား စိစစ္ၿပီးမွသာ ျမန္မာဘက္မွ တာ၀န္ရွိသူမ်ားက လႊဲေျပာင္းမႈကို လက္ခံေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ၿမိဳ႕နယ္ ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်သို့ ထိုင်းနိုင်ငံအတွင်းမှ တရားမဝင် ရွှေ့ပြောင်း မြန်မာလုပ်သားများအား ဖမ်းဆီး အရေးယူပြီး ပြန်လည်၍ လွှဲပြောင်းပေးလာရာ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် မြန်မာနိုင်ငံသား (၃)ဦးအား လွှဲပြောင်းပေးလာရာ ၂၀၁၈ခုနှစ် နှစ်စမှ ဖေဖော်ဝါရီလကုန်အထိ (၉၇)ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နံနက်ပိုင်းက အမျိုးသား(၃)ဦးအား လွှဲပြောင်းပေးလာခဲ့ပြီး ဖေဖော်ဝါရီလ(၂၃)ရက်နေ့က အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂)ဦးအား လွှဲပြောင်းပေးလာရာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ နှစ်လတာ ကာလအတွင်း စုစုပေါင်း (၉၇)ဦးရှိရာတွင် အမျိုးသား (၇၅)ဦး နှင့် အမျိုးသမီး (၂၂)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းဘက်မှ လွှဲပြောင်းပေးလာသူများမှာ မိမိတို့ဆန္ဒအလျောက်နေရပ်ပြန်လာသည့် ရွှေ့ပြောင်း လုပ်သားများ မဟုတ်ဘဲ ထိုင်းနိုင်ငံတွင်း သက်တမ်းကျော်လွန် နေထိုင်ခြင်း၊ နေထိုင်ခွင့် အထောက်အထား မရှိဘဲ နေထိုင်ခြင်းများအား စစ်ဆေးတွေ့ရသည်များကြောင့် ဖမ်းဆီးအရေးယူပြီး ယခုလို ပြန်လည် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းပေးလာသည်များတွင် မြန်မာနိုင်ငံသားများ မဟုတ်သည့် အခြားနိုင်ငံသားများ ရောနှောပါဝင်လာခြင်း ရှိမရှိအား စိစစ်ပြီးမှသာ မြန်မာဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းမှုကို လက်ခံကြောင်း သိရှိရသည်။

ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~