တာခ်ီလိတ္တြင္ ေက်ာင္းသား/သူမ်ားအတြက္ ေႏြရာသီ အေျခခံ အားကစားသင္တန္း (၆)ခုကို မတ္လမွ စ၍ တစ္လအၾကာ ဖြင့္လွစ္မည္

တာခ်ီလိတ္တြင္ ေက်ာင္းသား/သူမ်ားအတြက္ ေႏြရာသီ အေျခခံ အားကစားသင္တန္း (၆)ခုကို မတ္လမွ စ၍ တစ္လအၾကာ ဖြင့္လွစ္မည္
ဖေဖော်ဝါရီ 18, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေႏြရာသီ အေျခခံအားကစား သင္တန္း(၆)မ်ိဳးကို မတ္လ (၁)ရက္ေန႔မွ ဧၿပီလ (၁)ရက္ေန႔အထိ တစ္လၾကာ ဖြင့္လွစ္သင္ၾကားမည္ျဖစ္ေၾကာင္း ႏွင့္ သင္တန္းသို႔ တက္ေရာက္လိုသူ ေက်ာင္းသား/သူမ်ားအေနျဖင့္ တာခ်ီလိတ္ခရိုင္ မိုးလံုေလလံု အားကစားခန္းမရွိ ရံုးခန္းသို႔ သြားေရာက္စံုစမ္းကာ စာရင္းေပးသြင္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ တာခ်ီလိတ္ၿမိဳ႕အင္းသားလူမွဳကူညီေရးအသင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕ၾကက္ေတာင္ ဆပ္ေကာ္မတီတုိ႕ပူးေပါင္းဖြင့္လွစ္သည့္ အေျခခံ အားကစား သင္တန္းမ်ားတြင္  ေဘာလံုး၊ ေဘာ္လီေဘာ၊ ၾကက္ေတာင္၊ ၀ူရွဴး၊ ကရာေတးဒုိ ႏွင့္ ျမန္မာ့သုိင္း အားကစားမ်ားကို သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဘာလံုး အားကစားသင္တန္းကို ၿမိဳ႕မအားကစားကြင္း၊ ဝူရႈးအားကစားကို ခရိုင္အားကစားခန္းမ၊ ေဘာ္လီေဘာအားကစားကို ေဟာင္လိတ္ အထက္တန္းေက်ာင္း၊ ကရာေတးဒိုကို အေျခခံပညာ အထက္တန္းေက်ာင္း(ဆန္ဆိုင္း)၊ ျမန္မာ့သိုင္းအားကစားကို ရန္ေအာင္ေျမ အေျခခံပညာအလယ္တန္းေက်ာင္း၊ အထက္တန္းေက်ာင္း(ခြဲ)ပုန္းထြန္ ႏွင့္ တာေလာ့ အလယ္တန္း ေက်ာင္း(ခြဲ)တို႔တြင္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး၊ ၾကက္ေတာင္အားကစားကို ဧၿပီလ (၁)ရက္ေန႔မွ ေမလ (၁)ရက္ေန႔အထိ ခရိုင္အားကစားခန္းမတြင္ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု- ခရုိင္အား/ကာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် နွေရာသီ အခြေခံအားကစား သင်တန်း(၆)မျိုးကို မတ်လ (၁)ရက်နေ့မှ ဧပြီလ (၁)ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း နှင့် သင်တန်းသို့ တက်ရောက်လိုသူ ကျောင်းသား/သူများအနဖြေင့် တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမရှိ ရုံးခန်းသို့ သွားရောက်စုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့အင်းသားလူမှုကူညီရေးအသင်း နှင့် တာချီလိတ်မြို့ကြက်တောင် ဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ အားကစား သင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ဝူရှူး၊ ကရာတေးဒို နှင့် မြန်မာ့သိုင်း အားကစားများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံး အားကစားသင်တန်းကို မြို့မအားကစားကွင်း၊ ဝူရှုးအားကစားကို ခရိုင်အားကစားခန်းမ၊ ဘော်လီဘောအားကစားကို ဟောင်လိတ် အထက်တန်းကျောင်း၊ ကရာတေးဒိုကို အခြေခံပညာ အထက်တန်းကျောင်း(ဆန်ဆိုင်း)၊ မြန်မာ့သိုင်းအားကစားကို ရန်အောင်မြေ အခြေခံပညာအလယ်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)ပုန်းထွန် နှင့် တာလော့ အလယ်တန်း ကျောင်း(ခွဲ)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ကြက်တောင်အားကစားကို ဧပြီလ (၁)ရက်နေ့မှ မေလ (၁)ရက်နေ့အထိ ခရိုင်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ခရိုင်အား/ကာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~