ျမန္မာႏုိင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ (၄)ႏိုင္ငံ နယ္စပ္ေဒသ (၉)ခရိုင္ အစည္းအေဝးအား တာခ်ီလိတ္တြင္ က်င္းပ

ျမန္မာႏုိင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ (၄)ႏိုင္ငံ နယ္စပ္ေဒသ (၉)ခရိုင္ အစည္းအေဝးအား တာခ်ီလိတ္တြင္ က်င္းပ
ဖေဖော်ဝါရီ 1, 2018
By Tachileik News Agency

ျမန္မာႏုိင္ငံက အိမ္ရွင္ႏုိင္ငံအျဖစ္ ပထမဆံုးအႀကိမ္ လက္ခံက်င္းပသည့္ (၇)ႀကိမ္ေျမာက္အျဖစ္ ႏုိင္ငံ(၄)ခုမွ နယ္စပ္ေဒသ (၉)ခရိုင္၏ အစည္းအေဝးအား ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၁)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊဗူးသီးဟိုတယ္တြင္ က်င္းပျပဳလုပ္သည္။

ျမန္မာႏုိင္ငံက အိမ္ရွင္ႏုိင္ငံအျဖစ္ ပထမဆံုးအႀကိမ္ လက္ခံက်င္းပသည့္ အဆိုပါ အစည္းအေဝးအား ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ(၂၀)ရက္ေန႔မွ (၂၂)ရက္ေန႔အထိ က်င္းပရန္ စီစဥ္ထားေသာ္လည္း တရုတ္ႏုိင္ငံ ဆစ္ေဆာင္ပန္းနားခရိုင္မွ တက္ေရာက္ရန္ အခက္အခဲ ရိွသျဖင့္ မူလ သတ္မွတ္ရက္အား ေရႊ႕ဆုိင္း ခဲ့ျခင္းျဖစ္သည္။

အဆိုပါ အစည္းအေဝးမွာ ျမန္မာ၊ ထုိင္း၊ တရုတ္ႏွင့္ လာအို ႏုိင္ငံမ်ားမွ နယ္စပ္ေဒသအခ်င္းခ်င္း ဆက္သြယ္ ေဆာင္ရြက္ေနသည့္ လုပ္ငန္းမ်ားတြင္ အျပန္အလွန္ ပူးေပါင္းကူညီေဆာင္ရြက္နုိင္ေရး အတြက္ ေဒသတြင္းႏုိင္ငံမ်ားတြင္ အလွည့္က် က်င္းပေနျခင္းျဖစ္ၿပီးေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ က်င္းပသည့္ အစည္းအေဝးသို႔ ျမန္မာႏိုင္ငံမွ တာခ်ီလိတ္ခရိုင္ ႏွင့္ က်ဳိင္းတံုခရိုင္၊ ထိုင္းႏုိင္ငံမွ ခ်င္းမိုင္ခရိုင္ ႏွင့္ ခ်င္းရိုင္းခရိုင္၊ လာအိုႏိုင္ငံက Luang Parabang ခရိုင္၊ Luan Namtha ခရိုင္၊ Oudomxai ခရိုင္ ႏွင့္ Bokeo ခရိုင္ တရုတ္ႏိုင္ငံမွ ဆစ္ေတာင္ပန္းနားခရိုင္ စသည့္ ခရိုင္မ်ားမွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္လာခဲ့ၾကၿပီး  သက္ဆုိင္ရာ က႑မ်ားအလုိက္ တာဝန္ရိွသူမ်ား ပါဝင္သည့္ ကိုယ္စားလွယ္အဖြဲ႕အားလံုး၏ ေခါင္းေဆာင္အျဖစ္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ ႏွင့္ ခရိုင္/ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီက တာဝန္ယူ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုလို (၄)ႏိုင္ငံ (၉)နယ္စပ္ အစည္းအေဝးအား အလွည့္က် က်င္းပသည့္ အေနျဖင့္ (၈)ႀကိမ္ေျမာက္ အစည္းအေ၀းအား ၂၀၁၉ခုႏွစ္တြင္ လာအိုႏိုင္ငံ Oudomxai ခရိုင္တြင္ က်င္းပသြားရန္အတြက္ သတ္မွတ္ထားရွိၿပီးေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် (၇)ကြိမ်မြောက်အဖြစ် နိုင်ငံ(၄)ခုမှ နယ်စပ်ဒေသ (၉)ခရိုင်၏ အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ရွှေဗူးသီးဟိုတယ်တွင် ကျင်းပပြုလုပ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အဆိုပါ အစည်းအဝေးအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော်လည်း တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနားခရိုင်မှ တက်ရောက်ရန် အခက်အခဲ ရှိသဖြင့် မူလ သတ်မှတ်ရက်အား ရွှေ့ဆိုင်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးမှာ မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအို နိုင်ငံများမှ နယ်စပ်ဒေသအချင်းချင်း ဆက်သွယ် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အပြန်အလှန် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး အတွက် ဒေသတွင်းနိုင်ငံများတွင် အလှည့်ကျ ကျင်းပနခြေင်းဖြစ်ပြီးကြောင်း သိရသည်။

တာချီလိတ်တွင် ကျင်းပသည့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်၊ ထိုင်းနိုင်ငံမှ ချင်းမိုင်ခရိုင် နှင့် ချင်းရိုင်းခရိုင်၊ လာအိုနိုင်ငံက Luang Parabang ခရိုင်၊ Luan Namtha ခရိုင်၊ Oudomxai ခရိုင် နှင့် Bokeo ခရိုင် တရုတ်နိုင်ငံမှ ဆစ်တောင်ပန်းနားခရိုင် စသည့် ခရိုင်များမှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်လာခဲ့ကြပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အားလုံး၏ ခေါင်းဆောင်အဖြစ် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလို (၄)နိုင်ငံ (၉)နယ်စပ် အစည်းအဝေးအား အလှည့်ကျ ကျင်းပသည့် အနဖြေင့် (၈)ကြိမ်မြောက် အစည်းအေဝးအား ၂၀၁၉ခုနှစ်တွင် လာအိုနိုင်ငံ Oudomxai ခရိုင်တွင် ကျင်းပသွားရန်အတွက် သတ်မှတ်ထားရှိပြီးကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~