တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္တြင္ ေသနတ္ပစ္သံၾကား၍ သြားေရာက္စစ္ေဆးရာမွ အမ်ိဳးသားတစ္ဦးအား ေသနတ္ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္တြင္ ေသနတ္ပစ္သံၾကား၍ သြားေရာက္စစ္ေဆးရာမွ အမ်ိဳးသားတစ္ဦးအား ေသနတ္ႏွင့္အတူ ဖမ္းမိ
ဇန်နဝါရီ 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ ကခ်င္ရြာတြင္ ဇန္နဝါရီလ (၂၇)ရက္ေန႔ နံနက္ ေလးနာရီခြဲ၀န္းက်င္က ေသနတ္ပစ္ခတ္သံၾကားသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ေနအိမ္တြင္ ေသနတ္ႏွင့္အတူ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ေစးဆိုသူသည္ ၎၏ ေနအိမ္ေရွ႕တြင္ ေသနတ္ပစ္ေဖါက္ခဲ့ေၾကာင္း သိရသျဖင့္ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ အိပ္ခန္းအတြင္းမွ ပစၥတိုေသနတ္တစ္လက္အား က်ည္ေလးေတာင့္၊ က်ည္ခြံတစ္ခုတို႔ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

 တရားမဝင္လက္နက္ကိုင္ေဆာင္သူ အသက္(၃၀)ႏွစ္အရြယ္ က်ေစးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၇/၁၈၊ ရွမ္းလက္နက္ ၁၂(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ကချင်ရွာတွင် ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက် လေးနာရီခွဲဝန်းကျင်က သေနတ်ပစ်ခတ်သံကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ နေအိမ်တွင် သေနတ်နှင့်အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ကျစေးဆိုသူသည်၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း သိရသဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ ပစ္စတိုသေနတ်တစ်လက်အား ကျည်လေးတောင့်၊ ကျည်ခွံတစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 တရားမဝင်လက်နက်ကိုင်ဆောင်သူ အသက်(၃၀)နှစ်အရွယ် ကျစေးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၇/၁၈၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~