ဗီဇာစည်းကမ်းချိုးဖောက်သည့် တရုတ်နိုင်ငံသားနှင့် ကမ္ဘာဒီးယားနိုင်ငံသား နှစ်ဦးအား တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ဖမ်းမိ

ဗီဇာစည်းကမ်းချိုးဖောက်သည့် တရုတ်နိုင်ငံသားနှင့် ကမ္ဘာဒီးယားနိုင်ငံသား နှစ်ဦးအား တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ဖမ်းမိ
ဇနျနဝါရီ 31, 2018
By Tachileik News Agency

ဗီဇာစည်ကမ်းချိုးဖောက်သည့် တရုတ်နိုင်ငံသား နှင့် ကမ္ဘာဒီးယားနိုင်ငံသား နှစ်ဦးတို့အား မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် ဖမ်းဆီးရမိ၍ လ၀ကအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

အသက်(၃၀)၀န်းကျင်ရှိ တရုတ်နိုင်ငံသား အမျိုးသား Wei Lihao နှင့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ ကမ္ဘာဒီးယားနိုင်ငံသား အမျိုးသား Luo Jian တို့ နှစ်ဦးသည် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၅)နာရီ ၀န်းကျင် အချိန်က ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရန် အတွက် ချစ်ကြည်ရေးတံတား အမှတ်(၁)သို့ ရောက်ရှိလာရာ လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(၆) ချစ်ကြည်ရေးတံတား(၁)တွင် တာဝန် ထမ်းဆောင်နေသော ဒု-လ၀ကမှူး ဦးခင်ဝင်းက စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် တည်းခိုလိပ်စာ အတည်အကျ ပြောဆိုနိုင်ခြင်း မရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(တာချီလိတ်)ရုံးခန်းသို့ ခေါ်ဆောင်ကာ ဆက်လက်၍ စစ်ဆေးမေးမြန်းခဲ့ရကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ဗီဇာစည်ကမ်းချိုးဖောက်သည့် တရုတ်နိုင်ငံသား နှင့် ကမာ္ဘဒီးယားနိုင်ငံသား နှစ်ဦးတို့အား မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် ဖမ်းဆီးရမိ၍ လဝကအက်ဥပဒဖြေင့် အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

အသက်(၃၀)ဝန်းကျင်ရှိ တရုတ်နိုင်ငံသား အမျိုးသား Wei Lihao နှင့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ ကမာ္ဘဒီးယားနိုင်ငံသား အမျိုးသား Luo Jian တို့ နှစ်ဦးသည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ညနေ(၅)နာရီ ဝန်းကျင် အချိန်က ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရန် အတွက် ချစ်ကြည်ရေးတံတား အမှတ်(၁)သို့ ရောက်ရှိလာရာ လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(၆) ချစ်ကြည်ရေးတံတား(၁)တွင် တာဝန် ထမ်းဆောင်နေသော ဒု-လဝကမှူး ဦးခင်ဝင်းက စစ်ဆေးမေးမြန်းရာ၎င်းတို့သည် တည်းခိုလိပ်စာ အတည်အကျ ပြောဆိုနိုင်ခြင်း မရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(တာချီလိတ်)ရုံးခန်းသို့ ခေါ်ဆောင်ကာ ဆက်လက်၍ စစ်ဆေးမေးမြန်းခဲ့ရကြောင်း သိရသည်။

စစ်ဆေးမေးမြန်းမှုများ အရ၎င်းတို့သည် တာချီလိတ်မြို့နေ ဝက်ကလေးဆိုသူ၏ စီစဉ်မှုဖြင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ တရားဝင် ရက်(၃၀)နေထိုင်ခဲ့သော်လည်း သက်ဆိုင်ရာဌာနများသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး ဗီဇာစည်းကမ်း ချိုးဖောက်ခဲ့သည့် အတွက် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၄(၁)ကျူး/၁၃(၁)အရ အရေးယူနိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~