ကယားျပည္နယ္ ၊ ဒီးေမာ့ဆိုၿမိဳ႕ ေဒါတဝီေက်းရြာအနီး႐ွိ ကားလမ္းမေပၚတြင္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ဆိုင္ကယ္စီးလာသူ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီး ရမိေၾကာင္း သိရသည္။
လြိဳင္ေကာ္ - ဒီးေမာ့ဆို - ေတာင္ငူ ကားလမ္းမေပၚတြင္ မူးယစ္တပ္ဖြဲ႔စု(၂၀)လြိဳင္ေကာ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၈ခုႏွစ္ ဇန္န၀ါရီ(၂၄)ရက္ေန႔က ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေက်ာ္ဇင္ထြန္း ေမာင္းႏွင္ၿပီး ခရစ္စိုး လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာ ခရစ္စိုး လြယ္ထားသည့္ ၀ါးပလိုင္းအတြင္းထဲက Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း(၂၀၀၀)ျပားအား ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။
ဆက္လက္၍ ဆိုင္ကယ္ေမာင္းႏွင္သူ ေက်ာ္ဇင္ထြန္းႏွင့္ စိတ္ႂကြ႐ႈးသြပ္ေဆးျပားမ်ား လက္ဝယ္ ဖမ္းဆီးရမိေသာ ခရစ္စိုးအား ဒီးေမာ့ဆုိၿမိဳ႕မရဲစခန္းမွ မယ(ပ)၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
လွိုင်ကော် - ဒီးမော့ဆို - တောင်ငူ ကားလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် ဇန်နဝါရီ(၂၄)ရက်နေ့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကျော်ဇင်ထွန်း မောင်းနှင်ပြီး ခရစ်စိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ခရစ်စိုး လွယ်ထားသည့် ဝါးပလိုင်းအတွင်းထဲက Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း(၂၀၀၀)ပြားအား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဆိုင်ကယ်မောင်းနှင်သူ ကျော်ဇင်ထွန်းနှင့် စိတ်ကြွရှုးသွပ်ဆေးပြားများ လက်ဝယ် ဖမ်းဆီးရမိသော ခရစ်စိုးအား ဒီးမော့ဆိုမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း