မိုင္းေယာင္း၌ ေက်းရြာဖြံ႔ၿဖိဳးေရးစီမံကိန္း ေရးဆြဲနည္း သင္တန္းသို႔ သင္တန္းသား၊သင္တန္းသူ ၁၁၀ တက္ေရာက္ေန

မိုင္းေယာင္း၌ ေက်းရြာဖြံ႔ၿဖိဳးေရးစီမံကိန္း ေရးဆြဲနည္း သင္တန္းသို႔ သင္တန္းသား၊သင္တန္းသူ ၁၁၀ တက္ေရာက္ေန
ဇန်နဝါရီ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕ရွိ ေဟာင္ၾကန္႔ေက်းရြာတြင္ ေက်းရြာဖြံ႔ၿဖိဳးေရးစီမံကိန္းေရးဆြဲနည္း သင္တန္းကို ၿမိဳ႕နယ္ေက်းလက္ေဒသ ဖြ႔ံၿဖိဳးတိုးတက္ေရးဦးစီးဌာနက ဇန္န၀ါရီလ (၈) ရက္ေန႔တြင္ ဖြင့္လွစ္ရာ သင္တန္းသား၊သင္တန္းသူ (၁၁၀) တက္ေရာက္ေနေၾကာင္း သိရသည္။

အဆိုပါသင္တန္းတြင္ ေက်းရြာမ်ား၏ လုိအပ္ခ်က္မ်ားအား ေက်းရြာလူထုကိုယ္တုိင္က က႑ေပါင္းစုံကို ဦးစားေပးအလိုက္ စီမံကိန္းေရးဆြဲ၍ လုပ္ငန္းမ်ားကိုလည္း ေက်းရြာလူထုကိုယ္တုိင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရမည့္ ေက်းရြာဖြ႔ံၿဖိဳးေရးစီမံကိန္းကို ပို႔ခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းဖြင့္ပြဲသို႔ ခရိုင္ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းလြင္၊ ၿမိဳ႕နယ္ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းေလာင္မိႈင္းတို႔ တက္ေရာက္ၾကၿပီး ဇန္န၀ါရီလ (၈) ရက္ေန႔မွ (၁၁) ရက္ေန႔အထိ ဖြင့္လွစ္ပို႔ခ်ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - အားခ်ာ(မိုင္းေယာင္း)



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ရှိ ဟောင်ကြန့်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနည်း သင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇန်နဝါရီလ (၈) ရက်နေ့တွင် ဖွင့်လှစ်ရာ သင်တန်းသား၊သင်တန်းသူ (၁၁၀) တက်ရောက်နေကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျေးရွာများ၏ လိုအပ်ချက်များအား ကျေးရွာလူထုကိုယ်တိုင်က ကဏ္ဍပေါင်းစုံကို ဦးစားပေးအလိုက် စီမံကိန်းရေးဆွဲ၍ လုပ်ငန်းများကိုလည်း ကျေးရွာလူထုကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလွင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းတို့ တက်ရောက်ကြပြီး ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း) 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~