သိန္းနီၿမိဳ႕နယ္ မန္ခ်က္ရြာတြင္ တူမီးေသနတ္ကိုင္၍ ရမ္းကားသူအား ရွမ္းလက္နက္အက္ဥပေဒျဖင့္ အမႈဖြင့္

သိန္းနီၿမိဳ႕နယ္ မန္ခ်က္ရြာတြင္ တူမီးေသနတ္ကိုင္၍ ရမ္းကားသူအား ရွမ္းလက္နက္အက္ဥပေဒျဖင့္ အမႈဖြင့္
ဇန်နဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္၊ မန္ခ်က္ေက်းရြာတြင္ ဇန္နဝါရီလ (၁၀)ရက္ေန႔က အသက္ ၅၀ ေက်ာ္အရြယ္ အမ်ိဳးသားတစ္ဦးက တူမီးေသနတ္ကိုင္၍ ရမ္းကားေနသျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး ရွမ္းလက္နက္ အက္ဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

အိုက္ေမာင္းဆိုသူသည္ ဇန္နဝါရီလ (၁၀)ရက္ေန႔ နံနက္ (၁၀)နာရီခြဲခန္႔တြင္ ၎၏ေနအိမ္၌ တူမီးေသနတ္ ကိုင္ေဆာင္ရမ္းကားေနေၾကာင္း သတင္းအရ သိန္းနီၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ အိုက္ေမာင္းအား တူမီးေသနတ္ တစ္လက္၊ ခဲသီး (၅၀) လုံး၊ ယမ္းစိမ္းမႈန္႔ (၁၀၀) ဂရမ္တို႔ႏွင့္အတူ ဖမ္းဆီး ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အိုက္ေမာင္းအား သိန္းနီၿမိဳ႕မရဲခစန္းတြင္ (ပ)၇/၂၀၁၈၊ ရွမ္း လက္နက္ ၁၂(က)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
သိန်းနီမြို့နယ် မန်ချက်ရွာတွင် တူမီးသေနတ်ကိုင်၍ ရမ်းကားသူအား ရှမ်းလက်နက်အက်ဥပဒေဖြင့် အမှုဖွင့်
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်၊ မန်ချက်ကျေးရွာတွင် ဇန်နဝါရီလ (၁၀)ရက်နေ့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက တူမီးသေနတ်ကိုင်၍ ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရှမ်းလက်နက် အက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အိုက်မောင်းဆိုသူသည် ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက် (၁၀)နာရီခွဲခန့်တွင် ၎င်း၏နေအိမ်၌ တူမီးသေနတ် ကိုင်ဆောင်ရမ်းကားနေကြောင်း သတင်းအရ သိန်းနီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အိုက်မောင်းအား တူမီးသေနတ် တစ်လက်၊ ခဲသီး (၅၀) လုံး၊ ယမ်းစိမ်းမှုန့် (၁၀၀) ဂရမ်တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုက်မောင်းအား သိန်းနီမြို့မရဲခစန်းတွင် (ပ)၇/၂၀၁၈၊ ရှမ်း လက်နက် ၁၂(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~