တာေလၿမိဳ႕တြင္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားႏွင့္ ေပ်ာ္ပြဲရႊင္ပြဲမ်ား က်င္းပ

တာေလၿမိဳ႕တြင္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားႏွင့္ ေပ်ာ္ပြဲရႊင္ပြဲမ်ား က်င္းပ
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕တြင္ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ လြတ္လပ္ေရးေန႔အႀကိဳ အားကစားၿပိဳင္ပြဲမ်ားႏွင့္ လြတ္လပ္ေရးေန႔ ေပ်ာ္ပြဲရႊင္ပြဲ အားကစားၿပိဳင္ပြဲမ်ား က်င္းပ ျပဳလုပ္ၿပီးျဖစ္ရာ ဆုရရွိသူမ်ားအား ဆုေပးအပ္ခ်ီးျမႇင့္ပြဲအား ဇန္န၀ါရီလ(၄)ရက္ေန႔တြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ေဘာလံုးၿပိဳင္ပြဲအား ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၉)ရက္ေန႔မွ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၄)ရက္ေန႔ အထိ ၿပိဳင္ပြဲဝင္ အသင္း (၉)သင္းက ယွဥ္ၿပိဳင္ခဲ့ၾကရာ ဗိုလ္လုပြဲသို႔ နားအြန္အသင္းႏွင့္ ေတာင္သံုးလံုးအသင္းတို႔ ယွဥ္ၿပိဳင္ၿပီးေနာက္ ေတာင္သံုးလံုးအသင္းက အႏိုင္ ရသြားေၾကာင္း သိရသည္။

လြတ္လပ္ေရးေန႔ အားကစားၿပိဳင္ပြဲမ်ားတြင္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ၊ အမ်ိဳးသမီးလြန္ဆြဲၿပိဳင္ပြဲႏွင့္ ကေလးမ်ား အတြက္ သံပံုးရိုက္အားကစားနည္းမ်ားကိုလည္း ထည့္သြင္းက်င္းပေပးခဲ့ၿပီး အားကစားၿပိဳင္ပြဲအသီးသီးမွ ဆုရအသင္းမ်ားကို ဆုခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ဆုခ်ီးျမႇင့္သည့္ အခမ္းအနားတြင္ ဒုတိယဆုရ နားအြန္းအသင္းအား နားေယာင္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဒးဗစ္ႏွင့္ ရပ္ကြက္ (၂) အုပ္ခ်ဳပ္ေရးမွဴး ဦးသက္ထြန္းတို႔က လည္းေကာင္း၊ ပထမဆုရ ေတာင္သံုးလံုးအသင္းအား  တာေလၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးခြန္စိုးသူ ႏွင့္ တာေလရဲတပ္ဖြဲ႕စခန္းမွ စခန္းမွဴး ရဲအုပ္စန္းဦးတို႔က လည္းေကာင္း၊ ေဘာလံုးၿပိဳင္ပြဲမ်ားမွ ပြဲစဥ္တစ္ေလ်ွာက္ အေကာင္းဆံုးဆုမ်ားျဖစ္သည့္ ေရွ႕တန္းအေကာင္းဆံုးဆု၊ ဂိုးအေကာင္းဆံုးဆုႏွင့္ ေနာက္တန္းအေကာင္းဆံုးဆုတို႔ရရိွသည့္ ေတာင္သံုးလံုး အသင္း၊ အလယ္တန္းအေကာင္းဆံုးဆု၊ ပြဲစဥ္တစ္ေလ်ွာက္ အေကာင္းဆံုး ေဘာလံုးသမားဆုတို႔ ရရိွသည့္ နားအြန္အသင္းတို႔ကို ဒိုင္ႀကီးၾကပ္ေရး ေကာ္မတီမွ ဦးေမာင္ေမာင္ေဆြနွင့္ ဦးစိုင္းေက်ာ္တို႔က လည္းေကာင္း၊ အမ်ိဳးသမီး လြန္ဆြဲဆုရ အသင္းမ်ားျဖစ္သည့္ ပထမဆုရ ရပ္ကြက္(၂)ႏွင့္ ဒုတိယဆုရ ရပ္ကြက္(၁)အသင္းမ်ားကို ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးခြန္စိုးသူနွင့္ ပိုက္ေက်ာ္ျခင္းဆုရအသင္းမ်ားျဖစ္သည့္ ပထမဆုရ ရဲအသင္းႏွင့္ ဒုတိယဆုရ သီရိ(၂)အသင္းမ်ားကို တာေလရဲတပ္ဖြဲ႕စခန္းမွ ရဲအုပ္စန္းဦးတို႔က လည္းေကာင္း အသီးသီးဆုမ်ား ခ်ီးျမႇင့္ေပးၾကေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများနှင့် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပြီးဖြစ်ရာ ဆုရရှိသူများအား ဆုပေးအပ်ချီးမြှင့်ပွဲအား ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ အထိ ပြိုင်ပွဲဝင် အသင်း (၉)သင်းက ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲသို့ နားအွန်အသင်းနှင့် တောင်သုံးလုံးအသင်းတို့ ယှဉ်ပြိုင်ပြီးနောက် တောင်သုံးလုံးအသင်းက အနိုင် ရသွားကြောင်း သိရသည်။

လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲနှင့် ကလေးများ အတွက် သံပုံးရိုက်အားကစားနည်းများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး အားကစားပြိုင်ပွဲအသီးသီးမှ ဆုရအသင်းများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်သည့် အခမ်းအနားတွင် ဒုတိယဆုရ နားအွန်းအသင်းအား နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် ရပ်ကွက် (၂) အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းတို့က လည်းကောင်း၊ ပထမဆုရ တောင်သုံးလုံးအသင်းအား  တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ နှင့် တာလေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်စန်းဦးတို့က လည်းကောင်း၊ ဘောလုံးပြိုင်ပွဲများမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုများဖြစ်သည့် ရှေ့တန်းအကောင်းဆုံးဆု၊ ဂိုးအကောင်းဆုံးဆုနှင့် နောက်တန်းအကောင်းဆုံးဆုတို့ရရှိသည့် တောင်သုံးလုံး အသင်း၊ အလယ်တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆုတို့ ရရှိသည့် နားအွန်အသင်းတို့ကို ဒိုင်ကြီးကြပ်ရေး ကော်မတီမှ ဦးမောင်မောင်ဆွေနှင့် ဦးစိုင်းကျော်တို့က လည်းကောင်း၊ အမျိုးသမီး လွန်ဆွဲဆုရ အသင်းများဖြစ်သည့် ပထမဆုရ ရပ်ကွက်(၂)နှင့် ဒုတိယဆုရ ရပ်ကွက်(၁)အသင်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူနှင့် ပိုက်ကျော်ခြင်းဆုရအသင်းများဖြစ်သည့် ပထမဆုရ ရဲအသင်းနှင့် ဒုတိယဆုရ သီရိ(၂)အသင်းများကို တာလေရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်စန်းဦးတို့က လည်းကောင်း အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~