
ဇနျနဝါရီ 8, 2018
By 🌸



သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် လွယ်တော်ခမ်းစစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းတွင် ဘိန်းဖြူသယ်လာသည့် လူငယ်အား ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းဆတ်-တာချီလိတ်ကားလမ်းမှ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းအား ရှောင်ကွင်းသည့် တောလမ်းတွင် ဇန်နဝါရီလ (၈)ရက်နေ့က ဘိန်းဖြူ (၂၅)ဂရမ်သယ်လာသည့် အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦးအား ဖမ်းမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းအား ရှောင်ကွင်းသည့် တောလမ်း သဘာဝရိပ်သာဘုန်းကြီးကျောင်း အနီးတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် အားကာဆိုသူ မောင်းနှင်လာ သည့် ဆိုင်ကယ်အား ရပ်တန့်စေပြီး ရှာဖွေရာ ဘိန်းဖြူမှုန့်အလေးချိန် (၂၅)ဂရမ်ခန့်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်တူ ဖမ်းဆီးရမိသည့် အားကာအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~