တာခ်ီလိတ္တြင္ မူးယစ္ေဆးသယ္ေဆာင္သူအား ဖမ္းဆီးရမိၿပီး ပိုင္ရွင္ႏွင့္ သံုးစြဲေနသူမ်ားကိုပါ ထပ္မံဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆးသယ္ေဆာင္သူအား ဖမ္းဆီးရမိၿပီး ပိုင္ရွင္ႏွင့္ သံုးစြဲေနသူမ်ားကိုပါ ထပ္မံဖမ္းဆီးရမိ
ဇန်နဝါရီ 8, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပါဆတ္ရပ္ကြက္တြင္ ဇန္နဝါရီလ (၇)ရက္ေန႔က စိတ္ၾကြရူးသြပ္ေဆးျပား သယ္ေဆာင္လာသူအား ဖမ္းဆီးရမိၿပီး တစ္ဆက္တည္း တည္းခိုခန္းတြင္ မူးယစ္ေဆးသံုးစြဲေနသူမ်ားႏွင့္ မူးယစ္ေဆးပိုင္ရွင္အား ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္  ပါဆတ္ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမတြင္ ေန႔လယ္ (၁)နာရီဝန္းက်င္က ဆိုင္ကယ္ေမာင္းႏွင္လာသူ စိုင္းလြတ္အား စစ္ေဆးရွာေဖြရာ စိတ္ႂကြေဆးျပား စုစုေပါင္း (၂၂၀၀)ျပားကို သိမ္းဆည္းရမိျခင္းျဖစ္ၿပီး ယင္းအမႈႏွင့္ဆက္စပ္၍ ေန႔လယ္ (၂)နာရီခြဲခန္႔တြင္ ေဆခမ္းရပ္ကြက္ရိွ တည္းခိုခန္းတစ္ခု၌ မူးယစ္ေဆးသံုးစြဲေနသူမ်ားျဖစ္သည့္ ထြန္းထြန္းနိုင္(ခ) အားဖာ(ခ)အိုက္ကြမ္း၊ အိုက္ယုံ(ခ) အိုက္ထြန္းႏွင့္ အိုက္ရွဲန္တို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။
အဆိုပါ တည္းခိုခန္းတြင္ တည္းခိုေနသူသံုးဦးထံမွ  စိတ္ႂကြေဆးျပား (၆၂၇၄၀)ျပား၊ အိုက္စ္အျဖဴေရာင္ ပုံေဆာင္ခဲအေလးခ်ိန္ (၁၀) ဂရမ္ခန႔္ႏွင့္အတူ မူးယစ္ေဆးဝါးသုံးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပား (၂၂၀၀)ျပား သယ္ေဆာင္လာသည့္ စိုင္းလြတ္၊ မူးယစ္ေဆးဝါးပိုင္ရွင္ျဖစ္သူ ထြန္းထြန္းနိုင္ (ခ)အားဖာ(ခ) အိုက္ကြမ္း၊ အိုက္ရွဲန္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္း မယ(ပ)၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ လည္းေကာင္း စိတ္ႂကြေဆးျပား(၆၂၇၄၀)ျပား၊ အိုက္စ္(၁၀)ဂရမ္ႏွင့္ ဖမ္းဆီးရမိသူ ထြန္းထြန္းနိုင္ (ခ)အားဖာ(ခ)အိုက္ကြမ္း၊ အိုက္ရွဲန္ႏွင့္ အိုက္ယုံ(ခ) အိုက္ထြန္းတို႔အား  မယ(ပ)၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရလည္းေကာင္း အေရးယူထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယာ်
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် မူးယစ်ဆေးသယ်ဆောင်သူအား ဖမ်းဆီးရမိပြီး ပိုင်ရှင်နှင့် သုံးစွဲနေသူများကိုပါ ထပ်မံဖမ်းဆီးရမိ
******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် ဇန်နဝါရီလ (၇)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူအား ဖမ်းဆီးရမိပြီး တစ်ဆက်တည်း တည်းခိုခန်းတွင် မူးယစ်ဆေးသုံးစွဲနေသူများနှင့် မူးယစ်ဆေးပိုင်ရှင်အား ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ပါဆတ်ရပ်ကွက် ဗိုလ်ချုပ်လမ်းမတွင် နေ့လယ် (၁)နာရီဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသူ စိုင်းလွတ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား စုစုပေါင်း (၂၂၀၀)ပြားကို သိမ်းဆည်းရမိခြင်းဖြစ်ပြီး ယင်းအမှုနှင့်ဆက်စပ်၍ နေ့လယ် (၂)နာရီခွဲခန့်တွင် ဆေခမ်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၌ မူးယစ်ဆေးသုံးစွဲနေသူများဖြစ်သည့် ထွန်းထွန်းနိုင်(ခ) အားဖာ(ခ)အိုက်ကွမ်း၊ အိုက်ယုံ(ခ) အိုက်ထွန်းနှင့် အိုက်ရှဲန်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ တည်းခိုခန်းတွင် တည်းခိုနေသူသုံးဦးထံမှ  စိတ်ကြွဆေးပြား (၆၂၇၄၀)ပြား၊ အိုက်စ်အဖြူရောင် ပုံဆောင်ခဲအလေးချိန် (၁၀) ဂရမ်ခန့်နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြား (၂၂၀၀)ပြား သယ်ဆောင်လာသည့် စိုင်းလွတ်၊ မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူ ထွန်းထွန်းနိုင် (ခ)အားဖာ(ခ) အိုက်ကွမ်း၊ အိုက်ရှဲန်တို့အား တာချီလိတ်မြို့မရဲစခန်း မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ လည်းကောင်း စိတ်ကြွဆေးပြား(၆၂၇၄၀)ပြား၊ အိုက်စ်(၁၀)ဂရမ်နှင့် ဖမ်းဆီးရမိသူ ထွန်းထွန်းနိုင် (ခ)အားဖာ(ခ)အိုက်ကွမ်း၊ အိုက်ရှဲန်နှင့် အိုက်ယုံ(ခ) အိုက်ထွန်းတို့အား  မယ(ပ)၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရလည်းကောင်း အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယာျ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~