မိုင္းဆတ္ - တာခ်ီလိတ္လမ္းမွ စိတ္ၾကြရူးသြပ္ေဆးျပား သယ္လာသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ

မိုင္းဆတ္ - တာခ်ီလိတ္လမ္းမွ စိတ္ၾကြရူးသြပ္ေဆးျပား သယ္လာသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ
ဇန်နဝါရီ 6, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းအုပ္စု၊ မိုင္းဆတ္-တာခ်ီလိတ္သြားကားလမ္းတြင္ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၀၀) သယ္လာသည့္လူငယ္တစ္ဦးအား ဇန္နဝါရီလ (၆)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဇန္နဝါရီလ (၆)ရက္ေန႔ ညေန (၄)နာရီခြဲခန္႔တြင္ မိုင္းဆတ္-တာခ်ီလိတ္သြားကားလမ္းရိွ တ႐ုတ္နတ္စင္မွ လြယ္ေတာ္ခမ္းပူးေပါင္း စစ္ေဆးေရးစခန္းအား ေရွာင္ကြင္းသည့္ ေတာလမ္း၊ ငါးကန္အနီးတြင္ ပိတ္ဆို႔ရွာေဖြ စစ္ေဆးေနစဥ္ ဆိုင္ကယ္ေမာင္းနွင္လာသည့္ လူငယ္တစ္ဦးအား စစ္ေဆးရာ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား သယ္ေဆာင္လာသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လက္ဝယ္ေတြ႕ရွိသူ အသက္ (၂၄)ႏွစ္အရြယ္ အားေတာင္ ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ် - တာချီလိတ်လမ်းမှ စိတ်ကြွရူးသွပ်ဆေးပြား သယ်လာသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ မိုင်းဆတ်-တာချီလိတ်သွားကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀) သယ်လာသည့်လူငယ်တစ်ဦးအား ဇန်နဝါရီလ (၆)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇန်နဝါရီလ (၆)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် မိုင်းဆတ်-တာချီလိတ်သွားကားလမ်းရှိ တရုတ်နတ်စင်မှ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းအား ရှောင်ကွင်းသည့် တောလမ်း၊ ငါးကန်အနီးတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ အသက် (၂၄)နှစ်အရွယ် အားတောင် ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~