တာခ်ီလိတ္ၿမိဳ႕ရွိ အထက(ဆန္ဆိုင္း)တြင္ ပညာေရးစံုညီပဲြေတာ္ႏွင့္ ပညာရည္ခြ်န္ ဆုေပးပြဲ က်င္းပ

တာခ်ီလိတ္ၿမိဳ႕ရွိ အထက(ဆန္ဆိုင္း)တြင္ ပညာေရးစံုညီပဲြေတာ္ႏွင့္ ပညာရည္ခြ်န္ ဆုေပးပြဲ က်င္းပ
ဇန်နဝါရီ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမဳိ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆုိင္း)တြင္      ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္၏ ပညာေရးစံုညီပဲြေတာ္ႏွင့္ ပညာရည္ခၽြန္ဆုေပးပဲြကုိ  ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ (၉) ရက္၊ နံနက္ (၉)နာရီက  က်င္းပျပဳလုပ္ရာ ေက်ာင္းသားေက်ာင္းသူေလးမ်ားက  စံုညီပဲြေတာ္သီခ်င္းျဖင့္ သီဆုိဖြင့္လွစ္ေပးသည္။

ဆက္လက္၍  ေက်ာင္းအုပ္ဆရာႀကီး  ဦးဆုေအာင္က  ေက်ာင္း၏ ဘက္စံုဖံြ႕ၿဖဳိးတုိးတက္ေရးေဆာင္ ရြက္ေနမႈမ်ားႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားၿပီး၊ ေက်ာင္းအက်ဳိးေတာ္ေဆာင္ ဥကၠ႒ ဦးစီလ်ံအား က  ေက်ာင္းဖြံ႕ၿဖဳိးတုိးတက္ေရးအတြက္ အဖက္ဖက္မွ ပါ၀င္ကူညီလွဴဒါန္းသူမ်ားအား ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ားေပးအပ္သည္။

ယင္းေနာက္ ျပည္နယ္အဆင့္ သခ်ၤာအုိလံပစ္ဆု၊ ၿမဳိ႕နယ္အဆင့္ ျမန္မာစာစြမ္းရည္၊ အဂၤလိပ္စာစြမ္းရည္ ထူးခၽြန္ဆု၊  အတန္းအလုိက္ထူးခၽြန္စြာေအာင္ျမင္သူမ်ား၊ ဘက္စံုထူးခၽြန္ဆု၊ ပန္းခ်ီ၊ ကာတြန္း၊ စာစီစာကံုး၊ ကဗ်ာ၊ ေဆာင္းပါးႏွင့္ အားကစားထူးခၽြန္သည့္ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ သင္ၾကားျပသေပးသည့္ ဆရာ၊ ဆရာမ မ်ားကုိ  စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ေက်ာင္းအုပ္ဆရာႀကီး ႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမွင့္သည္။

ယင္းေနာက္ ေက်ာင္းသားေက်ာင္းသူမ်ားက  ေတး သရုပ္ေဖာ္အကမ်ားျဖင့္ ေပ်ာ္ရႊင္စြာ သီဆုိကျပေဖ်ာ္ေျဖခဲ့ေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓါတ္ပံု - ယာေဆး




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၉) ရက်၊ နံနက် (၉)နာရီက ကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူလေးများက စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးဆုအောင်က ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးစီလျံအား က ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီလှူဒါန်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက် ပြည်နယ်အဆင့် သင်္ချာအိုလံပစ်ဆု၊ မြို့နယ်အဆင့် မြန်မာစာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည် ထူးချွန်ဆု၊ အတန်းအလိုက်ထူးချွန်စွာအောင်မြင်သူများ၊ ဘက်စုံထူးချွန်ဆု၊ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် အားကစားထူးချွန်သည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမ များကို စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ကျောင်းအုပ်ဆရာကြီး နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျောင်းသားကျောင်းသူများက တေး သရုပ်ဖော်အကများဖြင့် ပျော်ရွှင်စွာ သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~